မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ သည်ခံနိုင်စရာမရှိကြောင်း အာဆီယံဥက္ကဋ္ဌပြော

ဂျကာတာ၊ မေ-၁၁-၂၀၂၃
မျိုးဆက်(VOM)

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ သည်းခံနိုင်စရာမရှိကြောင်း အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သူ အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက အာဆီယံအစည်းအဝေးနောက်ဆုံးနေ့ မေ ၁၁ ရက်မှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်သင့်ပြီး ပြည်သူတွေကို အကာအကွယ်ပေးရမယ်လို့ အင်ဒိုနီးရှားသမ္မတက ပြောပါတယ်။

အာဆီယံအဖွဲ့အနေနဲ့ မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးအစီအစဉ်ကို ဆက်လက်အကောင်အထည်ဖော်ဖို့ တွန်းအားပေးသွားမယ်လို့ သူကဆိုပါတယ်။

အင်ဒိုနီးရှားအနေနဲ့ မြန်မာနိုင်ငံရေးဖြစ်စဉ်မှာပါ၀င်နေတဲ့အဖွဲ့တွေကို အသိအမှတ်ပြုတာ သို့မဟုတ် ထောက်ခံတာမျိုးကို မဆိုလိုပေမယ့် ပဋိပက္ခမှာပါ၀င်နေတဲ့ ဘယ်သူတွေနဲ့မဆို ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ အင်ဒိုနီးရှားသမ္မတက ပြောပါတယ်။

ဒါ့အပြင် မြန်မာ့အရေးနဲ့ပတ်သက်ပြီး အာဆီယံဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ရာမှာ အာဆီယံနိုင်ငံတွေအနေနဲ့ လုံလောက်တဲ့စွမ်းနိုင်ခြင်းမရှိကြောင်း ဂျိုကိုဝီဒိုဒိုက ပြောပါတယ်။

ဒီအတွက်အာဆီယံအနေနဲ့ စည်းလုံးညီညွှတ်ဖို့လိုတယ်လို့ သူကဆိုပါတယ်။ အာဆီယံဘုံသဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ တိုးတက်မှုမရှိဆိုကာ အာဆီယံအဖွဲ့ရဲ့ ထိပ်တန်းအစည်းအဝေးတွေမှာ မြန်မာဘက်က ကိုယ်စားလှယ်ကို ဖိတ်ကြားခဲ့ခြင်းမရှိပါဘူး။

Ref: Reuters
Photo: Reuters
#voiceofmyanmar #VOM #ဂျကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW