ကမ္ဘောဒီးယားပြည်တွင်းရေး ၀င်မစွက်ဖို့ ၀န်ကြီးချုပ်ဟွန်ဆန်က ရွေးကောက်ပွဲတိုင်ခင် သတိပေး

ဖနွမ်းပင်၊ မေ-၂၅-၂၀၂၃ မျိုးဆက်(VOM) ကမ္ဘောဒီးယားပြည်တွင်းရေးကို အနောက်နိုင်ငံတွေ၀င်ရောက်စွက်ဖက်ခြင်းမပြုဖို့ ဇူလိုင်လမှာ ကျင်းပမယ့် ရွေးကောက်ပွဲမတိုင်မီ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က သတိပေးပြောဆိုလိုက်ပါတယ်။ ကမ္ဘောဒီးယား အဓိကအတိုက်အခံပါတီကို ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခံရပြီးနောက် နိုင်ငံတကာရဲ့ စိုးရိမ်ပူပန်မှုများကြီးထွားလာချိန်မှာ အခုလိုသတိပေးချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံဟာ လွတ်လပ်ပြီးအချုပ်အခြာအာဏာပိုင်နိုင်ငံတနိုင်ငံဖြစ်တာကြောင့် လက်ရှိအချိန်ကစပြီး ရွေးကောက်ပွဲကျင်းပပြီးချိန်ထိ နှုတ်ဆိတ်နေကြဖို့ ကမ္ဘောဒီးယား၀န်ကြီးချုပ် ဟွန်ဆန်က သတိပေးပြောဆိုပါတယ်။ ကမ္ဘောဒီးယားရွေးကောက်ပွဲကော်မရှင်ဟာ အတိုက်အခံအလင်းတိုင်ပါတီရဲ့ ရွေးကောက်ပွဲ၀င်ရောက်ယှဉ်ပြိုင်ဖို့ လျှောက်ထားမှုကို လိုအပ်သောစာရွက်စာတမ်းတွေတင်ပြနိုင်ခြင်းမရှိဆိုကာ ပယ်ချခဲ့ပါတယ်။ အခုလိုလုပ်ဆောင်တာဟာ စိုးရိမ်စရာအရိပ်လက္ခဏာတရပ်ဖြစ်ပြီး ဆုံးဖြတ်ချက်ကို ပြင်းပြင်းထန်ထန်ကန့်ကွက်ကြောင်းနဲ့ ဒါဟာကမ္ဘောဒီးယားပြည်သူတွေရဲ့ ဒီမိုကရေစီစနစ်မှာပါ၀င်မှုကို အဟန့်အတားဖြစ်စေကြောင်း အီးယူနဲ့ အမေရိကန်တို့က ဝေဖန်ပြောဆိုထားပါတယ်။ Ref: NHK #VOM #voiceofmyanmar #ဖနွမ်းပင်

Read More

(မိုခါ)မုန်တိုင်းဝင်ရောက်ခဲ့တဲ့ နေရာတွေမှာ တိရစ္ဆာန်အကောင်ရေ ငါးသိန်းကျော် သေဆုံးခဲ့

မေ၊ ၂၅-၂၀၂၃ MM(VOM) (မိုခါ)ဆိုင်ကလုန်း မုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ် အပါအဝင် တနိုင်ငံလုံးမှာ တရိစ္ဆာန်အကောင်ရေ ငါးသိန်းကျော်အထိ သေဆုံးခဲ့တယ်လို့ သက်ဆိုင်ရာကနေ သိရပါတယ်။ ဘင်္ဂလားပင်လယ်အော်မှာ စတင်ဖြစ်ပွားကာ မေလ ၁၄ ရက်က ရခိုင်ပြည်နယ်ကို ဖြတ်သန်းဝင်ရောက်တိုက်ခတ်ခဲ့တဲ့ (မိုခါ)ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် ရခိုင်ပြည်နယ် အပါအဝင် တိုင်းနဲ့ ပြည်နယ်တွေမှာ တိရိစ္ဆာန် အကောင်ရေ ၅၃၁၉၁၃ ကောင် သေဆုံးခဲ့ရတယ်လို့ သက်ဆိုင်ရာက စာရင်းအချက်အလတ်တွေအရ သိရပါတယ်။ သေဆုံးခဲ့တဲ့ တရိစ္ဆာန်တွေထဲမှာ တောင်သူ လယ်သမားတွေ အဓိကအသုံးပြု လုပ်ကိုင်နေရတဲ့ ခိုင်းနွားတွေနဲ့ ခိုင်းကျွဲတွေ ပါဝင်တာကြောင့် လယ်သမားတွေအခက်အခဲ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ”ကြက် အကောင် ၁၀၀ သေတာ ဆုံးရှုံးတာ မှန်ပေမယ့် မခံစားရဘူး ၊ ကျွဲ ၅ ကောင် သေသွား ဘဝပျက်တာပဲ၊ ကျွဲ ၁…

Read More

VOM ရဲ့ သိပ္ပံနဲ့ နည်းပညာ ကဏ္ဍ

-တကြိမ်အားသွင်းရင် မိုင်(၆၀၀) ကျော်ခရီးရောက်တဲ့ လျှပ်စစ်ကားဘက်ထရီတွေ ထုတ်လုပ်တော့မယ် – သစ်သားဂြိုဟ်တု အာကာသထဲလွှတ်တင်ဖို့ ဂျပန်သုတေသီတွေ ကြိုးပမ်း – ChatGPT နဲ့အပြိုင် ကိုယ်ပိုင်ဥာဏ်ရည်တုနည်းပညာဖန်တီးမယ့် Huawei – Google ရဲ့ ပထမဆုံးကွေးညွှတ်စမတ်ဖုန်းကို ကြေညာ မျိုးဆက်(VOM) (၁) တကြိမ်အားသွင်းရင် မိုင်(၆၀၀) ကျော်ခရီးရောက်တဲ့ လျှပ်စစ်ကားဘက်ထရီတွေ ထုတ်လုပ်ဖို့စီစဉ် မောင်းနှင်နိုင်တဲ့ အကွာအဝေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေဟာ ကမ္ဘာ့တ၀န်းလျှပ်စစ်ကားတွေ ပြောင်းလဲသုံးစွဲရေး အကူးအပြောင်းမှာ ကြီးမားတဲ့အဟန့်အတားဖြစ်ပါတယ်။ ဒါပေမယ့် ဒီအချက်အတွက် အလားအလာရှိတဲ့ဖြေရှင်းချက်အနေနဲ့ တကြိမ်အားသွင်းရင် မိုင်ပေါင်း ၆၂၁ မိုင်( ၁၀၀၀ ကီလိုမီတာ) ထိခရီးရောက်နိုင်မယ့် လျှပ်စစ်ကားဘက်ထရီအမျိုအစားသစ်ကို တရုတ်အခြေစိုက် Gotion High Tech ကုမ္ပဏီက တီထွင်ထုတ်လုပ်လိုက်ပြီဖြစ်ပါတယ်။ ကုမ္ပဏီဟာ L600 lithium-manganese-iron-phosphate (LMFP) Astroinno အမျိုးအစားသစ်ကို ထုတ်လုပ်နိုင်ပြီဖြစ်ကြောင်း ပြီးခဲ့တဲ့သီတင်းပတ်အတွင်းက ကြေညာခဲ့ပြီး…

Read More

မိုခါမုန်တိုင်းကြောင့် မကွေးတိုင်းအပါအဝင် တိုင်းနဲ့ပြည်နယ် ၅ ခုက စိုက်ခင်း ၆၀၀၀၀ ကျော်ပျက်စီးခဲ့လို့ တောင်သူတွေ ဒုက္ခရောက်နေ

မေ ၂၅ – ၂၀၂၃ GG (VOM) မိုခါမုန်တိုင်းကြောင့် မကွေးတိုင်း၊ရခိုင်ပြည်နယ် အပါအဝင် တိုင်းနဲ့ ပြည်နယ် ၅ ခုမှာ စိုက်ခင်းသီးနှံ ဧကပေါင်း ၆၀၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့လို့ တောင်သူတွေဆုံးရှုံးမှုများပြီး ဒုက္ခရောက်နေကြတယ်လို့သိရပါတယ်။ စိုက်ခင်းသီးနှံ ဧကတွေ ပျက်စီးခဲ့တာက ရခိုင်ပြည်နယ်၊မကွေးတိုင်း၊ ဧရာဝတီတိုင်း ၊စစ်ကိုင်းတိုင်းနဲ့မန္တလေးတိုင်းတွေမှာဖြစ်ပါတယ်။ အဆိုပါ စိုက်ခင်းပျက်စီးမှုတွေထဲမှာ မကွေးတိုင်းထဲက ပျက်စီးဆုံးရှုံမှုးအများဆုံးဖြစ်ပြီး ရခိုင်ပြည်နယ် ကဒုတိယပျက်စီးမှုအများဆုံးဖြစ်တယ်လို့သိရပါတယ်။ ” ရစရာကိုမရှိပါဘူး။မုန်တိုင်းထွက်တော့လည်း နုန်းတွေကျန်ခဲ့တယ်၊ဆင်ဖြူကျွန်း စိမ်းစိမ်းစိုစိုစျုက်ခင်းတွေကနေ နွံတွေဖုံးပြီး မြေပြင်ကြီးကျန်ခဲ့တယ်။နှမ်းခင်းတွေ ပဲခင်းတွေ အကုန်ပျက်ပါတယ်ဗျာ။ခရမ်းခင်း၊ရုံပတီခင်း ပြောင်သွားတယ်။ဆောင်းတုန်းက ရတာလေး နွေပဲခင်း နှမ်းခင်း အကုန်ပြန်ထည့်ထားရတာ အကုန်ပျက်စီးတော့ ဆုံးရှုံးမှုကအရမ်းကြီးတယ်။ပဲတွေ ကောက်ရခါနီးမှဖြစ်သွားတာ ရစရာကိုမရှိတော့ဘူး အကုန် ကုန်ပါပြီ ” လို့ ရေနစ်မြုပ်ခံခဲ့ရတဲ့ ဆင်ဖြူကျွန်းမြို့နယ်က တောင်သူတစ်ဦးကပြောပါတယ်။ မကွေးတိုင်းမှာ မိုခါမုန်တိုင်းအရှိန်ကြောင့် ရေနစ်မြုပ်ခဲ့လို့ နွေစပါးစိုက်ခင်း…

Read More

ကမ္ဘာ့အကြီးဆုံး အမေရိကန်လေယာဉ်တင်သင်္ဘော စစ်ရေးလေ့ကျင့်ဖို့ နော်ဝေရောက်ရှိနေ

အော်စလို၊ မေ-၂၅-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး နေတိုးအဖွဲ့နဲ့ရုရှားတို့အကြား တင်းမာမှုတွေမြင့်တက်နေချိန်မှာ ကမ္ဘာ့အကြီးဆုံး အမေရိကန်ရဲ့လေယာဉ်တင်သင်္ဘော USS Gerald R. Ford ဟာ နေတိုးအဖွဲ့၀င် နော်ဝေနိုင်ငံမှာ စစ်ရေးလေ့ကျင့်ဖို့ ရောက်ရှိနေပါတယ်။ လေယာဉ်တင်သင်္ဘောနဲ့ အမှုထမ်းတွေဟာ လာမယ့်ရက်အနည်းငယ်အတွင်း နော်ဝေကမ်းရိုးတန်းတလျှောက်မှာ နော်ဝေတပ်ဖွဲ့၀င်တွေနဲ့အတူ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။ ဒီခရီးစဉ်ဟာ နော်ဝေနဲ့ အမေရိကန်တို့အကြား နီးကပ်တဲ့ဆက်ဆံရေးအပေါ် အရေးပါတဲ့ပူးပေါင်းမှုဖြစ်ပြီး စုပေါင်းကာကွယ်ရေးနဲ့ ယုံကြည်မှုအတွက် အရေးပါတဲ့ ပြယုဒ်ဖြစ်တယ်လို့ နော်ဝေစစ်တပ်ကပြောပါတယ်။ အမေရိကန်လေယာဉ်တင်သင်္ဘောဟာ နော်ဝေမှာစစ်ရေးလေ့ကျင့်ပြီးနောက် အာတိတ်စက်ဝိုင်းရဲ့ မြောက်ဘက်ကို ခရီးဆက်မှာဖြစ်ပြီး ဒီခရီးစဉ်အပေါ် ရုရှားဘက်က ပြစ်တင်ရှုတ်ချထားပါတယ်။ နေတိုးအဖွဲ့၀င် နော်ဝေဟာ အာတိတ်ဒေသမှာ ရုရှားနဲ့နယ်နိမိတ်ချင်း ထိစပ်နေပြီး ရုရှားရဲ့ဓါတ်ငွေ့တင်ပို့မှု ကျဆင်းပြီးနောက် ဥရောပအတွက် အကြီးမားဆုံး ဓါတ်ငွေ့တင်ပို့သူဖြစ်လာပါတယ်။ Ref: Reuters Photo: Reuters #VOM #voiceofmyanmar #အော်စလို

Read More

ငါးဇွန်မြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ယောက် ပစ်သတ်ခံရ

မေ ၂၅ – ၂၀၂၃ GG (VOM) မန္တလေးတိုင်း၊ ငါန်းဇွန်းမြို့နယ်မှာ ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင် ၃ ယောက် သေနတ်နဲ့ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ အသတ်ခံရသူတွေက ငါန်းဇွန်းမြို့နယ်ထဲက သံကုန်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးသန့်ဇော်လင်း နဲ့ဇလုပ္မကျေးရွာက အုပ်ချုပ်ရေး ရွာခွဲတာဝန်ခံ ဦးတင်လင်း၊ သူနတ်စစ်ကျေးရွာအုပ်စု၊ နဘဲပျင်ရွာက အုပ်ချုပ်ရေးရွာခွဲတာဝန်ခံ ဦးလွင်စန်း ဆိုသူတို့ဖြစ်တယ်လို့သိရပါတယ်။ ” အကုန်လုံးက နေရာမှာပွဲချင်းပြီး သေသွားကြတာပါ။ ဦးလွင်စန်းက သူ့ပြောင်းခင်းထဲ ရေတင်နေချိန် သေနတ်လာပစ်သွားတာ။ ကျန်တဲ့အုပ်ချုပ်ရေးမှူးနဲ့တစ်ယောက်ကတော့ သူတို့​ဇလုပ္မကျေးရွာနားက ကွမ်းယာဆိုင်မှာရှိနေတဲ့အချိန် ဆိုင်ကယ်သုံးစီးနဲ့ရောက်လာပြီး သေနတ်နဲ့လာပစ်သွားတာ “လို့ ငါးဇွန်မြို့နယ် အုပ်ချုပ်ရေးပိုင်းနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။ ဦးသန့်ဇော်လင်းနဲ့ ဦးတင်လင်းတို့က မနေ့ မေလ ၂၄ ရက်နေ့ မနက် ၇နာရီလောက်မှာ သတ်ခံခဲ့ရတာဖြစ်ပြီး နောက်ထပ် အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကတော့ မေလ ၂၃ ရက် ည ၈ နာရီလောက်မှာ သူရဲ့နေအိမ်မှာပဲ…

Read More

တိုက်ကြီးမြို့က အလှမွေးငါးတွေသေဆုံးမှု ရောဂါ/အဆိပ်ကြောင့်မဟုတ်ဘဲ ရေထုညစ်ညမ်းခြင်းကြောင့်ဖြစ်တယ်လို့ သိရ

မေ ၂၅ – ၂၀၂၃ SN (VOM) တိုက်ကြီးမြို့က အလှမွေးငါးအများအပြား သေဆုံးခဲ့တဲ့ ရေကန်က ငါးနမူနာကို မြို့နယ်အစီအစဉ်နဲ့ ငါးလုပ်ငန်းဦးစီးဌာန၊ ရောဂါရှာဖွေရေးဌာနစုကို ပေးပို့ စစ်ဆေးခဲ့ရာမှာ ရောဂါ/အဆိပ်ကြောင့် မဟုတ်ဘဲ ရေထုညစ်ညမ်းခြင်းကြောင့် ငါးတွေသေဆုံးခဲ့တာဖြစ်ကြောင်း အဖြေရရှိခဲ့တယ်လို့ သိရပါတယ်။ မေလ ၂၂ ရက်နေ့က ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အတွင်းရှိ နိဗ္ဗာန်ချမ်းသာမင်္ဂလာကန်မှာ အဆိပ်ခတ်ခံရတာကြောင့် သေဆုံးခဲ့တယ်ဆိုတဲ့ ငါးတွေရဲ့ ငါးနမူနာနဲ့ ရေနမူနာ အရည်အသွေးကို သက်ဆိုင်ရာဌာနတွေဆီ ပေးပို့ပြီး စစ်ဆေးမှုပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ရေနမူနာ အရည်အသွေးကိုတော့ ရေအရည်အသွေးစစ်ဆေးရေးနှင့် ရေချိုသုတေသနဌာနစုကို ပေးပို့ စစ်ဆေးခဲ့တာဖြစ်ပြီး ရေထဲမှာ အောက်ဆီဂျင်ပျော်ဝင်မှုနှုန်း ကျဆင်းပေမယ့် ငါးတွေ သေဆုံးနိုင်တဲ့အထိ အခြေအနေမျိုး မဟုတ်ဘူးလို့ သိရပေမယ့် ငါးနမူနာကို စစ်ဆေးရာမှာတော့ ရေထုညစ်ညမ်းခြင်းကြောင့် ငါးတွေသေဆုံးခဲ့တာဖြစ်တယ်လို့ အဖြေရရှိခဲ့ပါတယ်။ “အဓိက က ရေထုကြမ်းပြင်က အပင်နဲ့…

Read More

ပုလောက စစ်ဆေးရေးဂိတ်တခုက ပစ်ခတ်မှုကြောင့်၂ ယောက်သေဆုံးပြီး ၃ယောက်ဒဏ်ရာရ

မေ ၂၅- ၂၀၂၃ GG(VOM) တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မန်းကျည်းကုန်းရွာနားက စစ်ဆေးရေးဂိတ်မှာ ပစ်ခတ်မှုဖြစ်ပြီး စစ်ဆေးခံနေတဲ့ တနသင်္ာရီရိုးမ ခရီးသည်တင် ကားပေါ်က ခရီးသည် ၁ ဦးသေဆုံးပြီး နောက်ထပ် ၁ ဦးထိခိုက်ဒဏ်ရာရရှိမှု မနေ့က မေလ ၂၄ ရက်နေ့ နေ့လယ်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ နောက်ပြီး ပစ်ခတ်မှုဖြစ်စဥ်အတွင်း မန်းကျည်းကုန်းရွာက ဒေသခံ ၁ ဦးလည်း သေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ ” မနေ့က မနက် ၁၀ နာရီ ၃၅ လောက်ဖြစ်တာ၊ သေဆုံးကောင်မလေးက နောက်ဆုံးခုံမှာထိုင်တာ၊မှန်ကိုဖောက်ပြီး ခေါင်းကိုကျည်ဖောက်ဝင်သွားတယ်။နောက်တစ်ယောက်သေတဲ့သူက အဲ့ဒီနားကရွာက ဆိုင်ကယ်စီးလာချိန် ပစ်မိတာ ” လို့ ဖြစ်စဥ်ကိုသိရှိတဲ့ ဒေသခံတစ်ဦးကပြောပါတယ်။ ခရီးသည်တင်ကားပေါ်က သေနတ်မှန်သေဆုံးသူဟာ အသက် ၂၆ နှစ်အရွယ်အမျိုးသမီးဖြစ်ပြီး တနသင်္ာရီမြို့နယ်ကနေ မြိတ်မှာအလုပ်လုပ်သူဖြစ်ကြောင်း၊ နောက်ထပ်သေဆုံးသူကတော့ မန်းကျည်းကုန်းရွာက…

Read More

စာရေးဆရာ ဝေဟင်အောင်နဲ့အဖွဲ့ ပြန်လည် လွတ်မြောက်လာ

မေ ၂၄ – ၂၀၂၃ SN (VOM) ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ စာရေးဆရာ ဝေဟင်အောင်အပါအဝင် ငါးဦး ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒီနေ့ မေ ၂၄ ရက်၊ မနက် ၇ နာရီဝန်းကျင်မှာ စာရေးဆရာ ဝေဟင်အောင်ရဲ့သမီးနဲ့ သူ့တပည့်တို့ အရင် လွတ်မြောက်လာတာဖြစ်ပြီး မနက် ၁၁ နာရီဝန်းကျင်မှာတော့ စာရေးဆရာ ဝေဟင်အောင်နဲ့ ရန်ကုန်က ပရဟိတသမားနှစ်ယောက် ပြန်လွတ်လာတာဖြစ်တယ်လို့ သိရပါတယ်။ “သူတို့ကိုဖမ်းတာက မုန်တိုင်းသင့် ပြည်သူတွေကို ကူညီနေလို့ ဖမ်းတာမျိုးမဟုတ်ဘူး။ ရန်ကုန်ကလာတဲ့ ပရဟိတကားမှာ သံသယဖြစ်စရာရှိတယ်ဆိုပြီး ဖမ်းတာ။ အခုတော့ အားလုံး ပြန်လွတ်လာပါပြီ” လို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ သူတို့ဟာ မနေ့ မေ ၂၃ ရက်က ပုဏ္ဏားကျွန်းမြို့နယ်ကို ကူညီထောက်ပံ့ရေးပစ္စည်းတွေ ပေးအပ်ဖို့အတွက်အသွား စစ်တွေမြို့နယ်၊…

Read More

ညောင်လေးပင်မှာ လေပြင်းကြောင့် ဘုန်းကြီးကျောင်းအတွင်း ကုက္ကိုပင်လဲကျလို့(၁)ဦးသေဆုံး၊ (၃)ဦး ဒဏ်ရာရရှိခဲ့

မေ ၊ ၂၃-၂၀၂၃ MM(VOM) ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊မြို့မ (၁)ရပ်ကွက်၊ ညောင်လေးပင်-မဒေါက်ကားလမ်းဘေး ၊ကမ္မဌာန်းဘုန်းကြီးကျောင်းအတွင်းရှိကျောင်းဆောင်ပေါ်ကို မနေ့ မေလ ၂၃ ရက် ညနေပိုင်းက လေဆင်နှာမောင်းတိုက်ခတ်ပြီး ကုက္ကိုပင်လဲကျခဲ့ကာ အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး ၃ ဦးဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ”မနေ့က ဖြစ်တာ ၊ ရုတ်တရက် မိုးတွေတအားရွာပြီး လေတွေတိုက်တာ၊ သစ်ပင်က အမြစ်ကနေ ကျွတ်ပြီး လဲကျသွားတာ ၊ ညောင်လေးပင်မြို့ရဲ့ အရှေ့ဘက် (၅) ဖာလုံ ခန့်အကွာက မြို့မ(၁)ရပ်ကွက်၊ ကမ္မဠန်းကျောင်း တိုက်အတွင်း ဆရာလေးတွေ သီတင်းသုံးတဲ့ ကျောင်းအပေါ် လဲကျတာ၊လဲကျတဲ့ သစ်ပင်က လုံးပတ် ၆ ပေ၊ အမြင့်ပေ ၆၀ ရှိတဲ့ ကိုက္ကိုပင်ပင်ပါ၊ ကျောင်းမှာ သတင်းသုံးတဲ့ ဆရာလေး ၁ ပါးအပါ သုံးယောက်ဒဏ်ရာရ သွားခဲ့တယ်၊ မိန်းကလေး…

Read More
VOM News

FREE
VIEW