ကမ္ဘာ့အကြီးဆုံး အမေရိကန်လေယာဉ်တင်သင်္ဘော စစ်ရေးလေ့ကျင့်ဖို့ နော်ဝေရောက်ရှိနေ

အော်စလို၊ မေ-၂၅-၂၀၂၃
မျိုးဆက်(VOM)

ယူကရိန်းစစ်ပွဲနဲ့ပတ်သက်ပြီး နေတိုးအဖွဲ့နဲ့ရုရှားတို့အကြား တင်းမာမှုတွေမြင့်တက်နေချိန်မှာ ကမ္ဘာ့အကြီးဆုံး အမေရိကန်ရဲ့လေယာဉ်တင်သင်္ဘော USS Gerald R. Ford ဟာ နေတိုးအဖွဲ့၀င် နော်ဝေနိုင်ငံမှာ စစ်ရေးလေ့ကျင့်ဖို့ ရောက်ရှိနေပါတယ်။

လေယာဉ်တင်သင်္ဘောနဲ့ အမှုထမ်းတွေဟာ လာမယ့်ရက်အနည်းငယ်အတွင်း နော်ဝေကမ်းရိုးတန်းတလျှောက်မှာ နော်ဝေတပ်ဖွဲ့၀င်တွေနဲ့အတူ စစ်ရေးလေ့ကျင့်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။

ဒီခရီးစဉ်ဟာ နော်ဝေနဲ့ အမေရိကန်တို့အကြား နီးကပ်တဲ့ဆက်ဆံရေးအပေါ် အရေးပါတဲ့ပူးပေါင်းမှုဖြစ်ပြီး စုပေါင်းကာကွယ်ရေးနဲ့ ယုံကြည်မှုအတွက် အရေးပါတဲ့ ပြယုဒ်ဖြစ်တယ်လို့ နော်ဝေစစ်တပ်ကပြောပါတယ်။

အမေရိကန်လေယာဉ်တင်သင်္ဘောဟာ နော်ဝေမှာစစ်ရေးလေ့ကျင့်ပြီးနောက် အာတိတ်စက်ဝိုင်းရဲ့ မြောက်ဘက်ကို ခရီးဆက်မှာဖြစ်ပြီး ဒီခရီးစဉ်အပေါ် ရုရှားဘက်က ပြစ်တင်ရှုတ်ချထားပါတယ်။

နေတိုးအဖွဲ့၀င် နော်ဝေဟာ အာတိတ်ဒေသမှာ ရုရှားနဲ့နယ်နိမိတ်ချင်း ထိစပ်နေပြီး ရုရှားရဲ့ဓါတ်ငွေ့တင်ပို့မှု ကျဆင်းပြီးနောက် ဥရောပအတွက် အကြီးမားဆုံး ဓါတ်ငွေ့တင်ပို့သူဖြစ်လာပါတယ်။

Ref: Reuters
Photo: Reuters
#VOM #voiceofmyanmar #အော်စလို

Related posts

Leave a Comment

VOM News

FREE
VIEW