ရုရှားရဲ့ ဘယ်ဂိုရော့ဒေသကို ယူကရိန်းဘက်က နယ်စပ်ဖြတ်ကျော်တိုက်ခိုက်ခဲ့ကြောင်း ရုရှားစွပ်စွဲ

မော်စကို ၊ ဇွန်-၂-၂၀၂၃
မျိုးဆက်(VOM)

ရုရှားနိုင်ငံ ဘယ်ဂိုရော့ဒေသကို ယူကရိန်းဘက်က နယ်စပ်ဖြတ်ကျော်ပြီး တိုက်ခိုက်ခဲ့မှုကြောင့် လူရှစ်ဦးထက်မနည်း ဒဏ်ရာရရှိသွားကြောင်း ရုရှားတာ၀န်ရှိသူတွေက ပြောပါတယ်။

ရုရှားနိုင်ငံထဲကို ယူကရိန်းရဲ့ကျူးကျော်တိုက်ခိုက်ဖို့ ကြိုးစားမှုကို ဟန့်တားနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေး၀န်ကြီးဌာနက အခိုင်အမာပြောဆိုပါတယ်။

ယူကရိန်းဘက်ကတော့ ဒီဖြစ်စဉ်အပေါ် မှတ်ချက်ပြုပြောဆိုခြင်းမရှိပေမယ့် နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုမှာ ပါ၀င်ပတ်သက်မှုမရှိဘူးလို့ ထုတ်ဖော်ပြောဆိုထားပါတယ်။

ယူကရိန်းစစ်ပွဲစတင်ပြီးနောက်ပိုင်း ရုရှားနိုင်ငံထဲကို နယ်စပ်ဖြတ်ကျော်တိုက်ခိုက်မှုတခုဖြစ်ပွားပြီးနောက် တပတ်အကြာမှာ အခုလိုက်တိုက်ခိုက်မှု ထပ်မံဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့တွေဟာ ခရိုင်အများအပြားကို ဇွန် ၁ ရက်က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဆောက်အအုံတွေ ပျက်စီးခဲ့ကြောင်း ဘယ်ဂိုရော့အုပ်ချုပ်ရေးမှူး ဗယာချီစလပ်ဗ်က ပြောပါတယ်။

ရုရှားနယ်မြေတွေထဲကို ယူကရိန်းမြောက်ပိုင်းကနေ တိုက်ခိုက်မှုတွေ ပြင်းထန်လာကြောင်း ရုရှားကာကွယ်ရေး၀န်ကြီးဌာနက မကြာသေးခင်က ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: Reuters
Photo:Reuters
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW