အိုပက်အဖွဲ့ရဲ့ ရေနံလျှော့ထုတ်မယ့်ဆုံးဖြတ်ချက်ကြောင့် လောင်စာဆီစျေး တက်လာဖွယ်ရှိ

ရီယတ်၊ ဇွန်-၅-၂၀၂၃
မျိုးဆက်(VOM)

ရေနံထုတ်လုပ်ရောင်းချတဲ့နိုင်ငံများ(အိုပက်)အဖွဲ့နဲ့ မဟာမိတ်နိုင်ငံတွေဟာ ရေနံထုတ်လုပ်မှုကိုလျှော့ချဖို့ ဇွန် ၄ ရက်မှာ သဘောတူလိုက်တာကြောင့် လောင်စာဆီစျေးတက်လာဖွယ်ရှိနေပါတယ်။

ဆော်ဒီအာရေဗျဟာ ရေနံထုတ်လုပ်မှုကို သူ့သဘောဆန္ဒအလျောက် ဇူလိုင်လကစပြီး နေ့စဉ်စည်တသန်း လျှော့ချထုတ်လုပ်သွားမှာဖြစ်ပြီး အိုပက်နှင့်မဟာမိတ်တွေအနေနဲ့ လက်ရှိရေနံလျှော့ချထုတ်လုပ်ရေး သဘောတူညီချက်ကို ၂၀၂၄ ခုနှစ်ထိ သက်တမ်းတိုးသွားမှာဖြစ်ပါတယ်။

အိုပက်နဲ့ မဟာမိတ်နိုင်ငံတွေရဲ့ ထုတ်လုပ်မှုဟာ ကမ္ဘာ့ရေနံစိမ်းရဲ့ ၄၀ ရာခိုင်နှုန်း၀န်းကျင်ရှိနေပြီး အဖွဲ့ရဲ့ရေနံလျှော့ချထုတ်လုပ်မယ့် ဆုံးဖြတ်ချက်ကြောင့် ရေနံစျေးနှုန်းအပေါ် ကြီးမားတဲ့ သက်ရောက်မှုတွေ ရှိနိုင်ပါတယ်။

ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ရေနံထုတ်လုပ်ရောင်းချတဲ့နိုင်ငံတွေဟာ ရေနံစျေးနှုန်းကျဆင်းခြင်းနဲ့ စျေးကွက်မတည်မငြိမ်ဖြစ်ပွားခြင်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အနောက်အုပ်စုနိုင်ငံတွေကမူ အိုပက်အဖွဲ့ဟာ ရေနံစျေးနှုန်းတွေကို ကြိုးကိုင်ပြီး စွမ်းအင်ကုန်ကျစရိတ်ကြီးမြင့်စေပြီး ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေကြောင်း စွပ်စွဲပြောဆိုထားပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ရီယတ်

Related posts

Leave a Comment

VOM News

FREE
VIEW