နိုင်ငံရေးခြေထိုးမှုကြောင့် တရားစွဲခံရခြင်းဖြစ်ကြောင်း အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ပြော

၀ါရှင်တန်၊ ဇွန်-၁၄-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်ဟာ ဖလော်ရီဒါပြည်နယ် မိုင်ယာမီရှိတရားရုံးမှာ ဇွန် ၁၃ ရက်က လာရောက်အမှုရင်ဆိုင်ခဲ့ပြီး သူ့အပေါ်တင်ထားတဲ့စွဲချက်တွေနဲ့ပတ်သက်ပြီး အပြစ်မရှိကြောင်း ထွက်ဆိုသွားပါတယ်။

ဒေါ်နယ်ထရန့်ဟာ အမေရိကန်အစိုးရက ပထမဆုံးအကြိမ် တရားစွဲခံရတဲ့ သမ္မတဟောင်းအဖြစ် မှတ်တမ်း၀င်ခဲ့ပြီဖြစ်ပါတယ်။

သူဟာ အမေရိကန်အစိုးရရဲ့ စစ်ရေးနဲ့နူကလီးယားဆိုင်ရာ လျှို့ဝှက်ချက်တွေကို လက်၀ယ်ထားရှိမှုအပါအ၀င် စွဲချက် ၃၇ ခုနဲ့ ရင်ဆိုင်နေရပါတယ်။

အက်ဖ်ဘီအိုင်က ထောက်လှမ်းရေးတွေဟာ ဖလော်ရီဒါမှာရှိတဲ့ ဒေါ်နယ်ထရန့့်ရဲ့နေအိမ်ကနေ တာ၀န်ပြီးဆုံးရင် ပြန်အပ်ရမယ့် အစိုးရရဲ့လျှို့ဝှက်စာရွက်စားတမ်းများစွာကို သြဂုတ်လအတွင်းက သိမ်းဆည်းရမိခဲ့ပါတယ်။

ဒီကိစ္စကြောင့် တရားစွဲဆိုမှုဟာ နိုင်ငံရေးခြေထိုးမှုဖြစ်ပြီး သူ့ရဲ့သမ္မတရွေးကောက်ပွဲ မဲဆွယ်စည်းရုံးမှုတွေကို ပျက်ပြားစေဖို့အတွက် သမ္မတဂျိုးဘိုင်ဒင်က ကြိုးကိုင်လုပ်ဆောင်နေတာဖြစ်ကြောင်း ဒေါ်နယ်ထရန့်က စွပ်စွဲပြောဆိုထားပါတယ်။

ဒေါ်နယ်ထရန့်ဟာ ရာဇ၀တ်မှုစွဲချက်တွေနဲ့ တရားစွဲခံရတာဟာ ခုတကြိမ်ဆိုရင် ဒုတိယမြောက်ဖြစ်ပြီး အပြာမယ်တဦးကို ဆက်ဆံပြီး နှုတ်ပိတ်ခအဖြစ် လျှို့ဝှက်ငွေပေးခဲ့တဲ့အပေါ် ဧပြီလအတွင်းကလည်း တရားရင်ဆိုင်ခဲ့ရပါတယ်။

Ref: NHK
Photo:Getty Images
#VOM #voiceofmyanmar #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW