ဘန်ကောက်၊ ဇွန်-၁၇-၂၀၂၃
မျိုးဆက်(VOM)
မြန်မာ့အရေးနဲ့ပတ်သက်ပြီး ဆွေးနွေးအဖြေရှာရေးအတွက် အလွတ်သဘောဆွေးနွေးပွဲကို ထိုင်းနိုင်ငံက ဇွန် ၁၈ ရက်နဲ့ ၁၉ ရက်တို့မှာ လက်ခံကျင်းပသွားရန်အတွက် အာဆီယံနိုင်ငံခြားရေး၀န်ကြီးများကို ဖိတ်ကြားထားကြောင်း သိရပါတယ်။
လွန်ခဲ့တဲ့လက အင်ဒိုနီးရှားမှာကျင်းပခဲ့တဲ့ ၄၂ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးမှ အကြံပြုချက်တွေကို တုံ့ပြန်တဲ့မဟာဗျူဟာတွေကို ဒီအစည်းအဝေးမှာ အကောင်အထည်ဖော်ဖို့ ရည်မှန်းထားကြောင်း သံတမန်သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဒါ့အပြင် ဒေသတွင်းမှာ သံတမန်ဆက်ဆံရေး တိုးတက်ဖြစ်ထွန်းမှုကို မြှင့်တင်ဖို့လည်း ကြိုးပမ်းသွားမှာဖြစ်ကာ မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက် အကောင်အထည်ဖော်မှု အားကောင်းလာစေဖို့ ရည်ရွယ်ထားတယ်လို့ ဆိုပါတယ်။
မြန်မာ့အရေး ထိုင်းနိုင်ငံရဲ့ ကိုင်တွယ်ဖြေရှင်းပုံနဲ့ပတ်သက်ပြီး အာဆီယံအဖွဲ့၀င်နိုင်ငံအချို့က ဝေဖန်မှုများရှိနေခဲ့ပြီး ထိုင်းနိုင်ငံရဲ့ အလွတ်သဘောအစည်းအဝေးခေါ်ဆိုမှုဟာ အဖွဲ့ရဲ့ညီညွတ်မှုအပေါ် နောက်ထပ်မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။
အစည်းအဝေးတက်ရောက်ဖို့ မြန်မာဘက်က နိုင်ငံခြားရေး၀န်ကြီးကိုလည်း ဖိတ်ကြားထားကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။
Ref: Reuters
#VOM #voiceofmyanmar #ဘန်ကောက်