မြောက်ဥက္ကလာမှာ ရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်လုံခြုံရေးနှစ်ဦး ပစ်ခတ်ခံရ

ဇွန် ၁၈ – ၂၀၂၃ GG + KK( VOM) ရန်ကုန်မြို့၊ မြောက်ဥက္ကလာပမြို့နယ်၊(ဈ)ရပ်ကွက်၊ မေဒါဝီလမ်း၊ (ဈ)ဈေးရှေ့က “မြတ်မောင်ရွှေဆိုင်”ဟာ ဒီနေ့ ဇွန်၁၈ ရက် ညနေ ၄ နာရီကျော်လောက်မှာ ဓားပြတိုက်ခံရပြီး ရွှေထည်ပစ္စည်းအများအပြား လုယက်ခံလိုက်ရတယ်လို့ သိရပါတယ်။ ဒါ့အပြင် ရွှေဆိုင်မှာ ခန့်အပ်ထားတဲ့ လုံခြုံရေးဝန်ထမ်းအမျိုးသားနှစ်ဦးလည်း သေနတ်ပစ်ခတ်ခံခဲ့ရကာ ၂ယောက်လုံးကို မြောက်ဥက္ကလာဆေးရုံကိုပို့ဆောင်ထားကြောင်း ၊ တစ်ယောက်ကတော့ စိုးရိမ်ရတယ်လို့သိရပါတယ်။ ” လုံခြုံရေး ၅ ယောက်ထဲက ကိုအောင်အောင် မှာ လက်ခုံသေနတ်မှန်တယ်၊ ကိုလှမိုးဆိုသူက ခြေထောက်ကိုမှန်တယ်၊စိုးရိမ်စရာတော့မရှိပါဘူး။ကျည်ခွံ ၁ ၁ ခုရတယ်၊ ပစ္စည်းတွေကတော့ အခုမှသေချာစစ်နေတုန်းဆိုတော့ သေချာမသိရသေးဘူး ” လို့ အုပ်ချုပ်ရေးပိုင်းနဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။ ဖြစ်စဥ်က မြတ်မောင်ရွှေဆိုင်မှာ ဆိုင်ပိုင်ရှင်ဖြစ်သူအပါအဝင် အရောင်းဝန်ထမ်း ၁၁ ယောက် နဲ့အတူ လုံခြုံရေးဝန်ထမ်း…

Read More

မြန်အောင်မှာ သက်တမ်းရင့်ဘုန်းတော်ကြီးကျောင်းဆောင် မီးလောင်မှုဖြစ်ပွား

ဇွန်၊၁၈-၂၀၂၃ MM +GG(VOM) ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်၊ ရှားဖြူကုန်းကျေးရွာက သက်တမ်းရင့် ဘုန်းတော်ကြီးကျောင်း တစ်ခု ဒီနေ့ ဇွန် ၁၈ ရက် မနက် ၁၀ နာရီကျော်ကမီးလောင်မှုဖြစ်ပွားပြီး ကျောင်းဆောင်တစ်ခုလုံး ပြာကျခဲ့တယ်လို့ သိရပါတယ်။ ”ဒီနေ့ မနက် ၁၀ နာရီ ၁၅ မိနစ်လောက်ကဖြစ်တာ၊ မီးလောင်မှုအကြောင်းရင်းက ကျောင်းကပ္ပိယဖြစ်တဲ့ ဦးလှိုင်ဝင်းက ကျောင်းအပေါ်ထပ် ဘုရားခန်းရှေ့ စာအုပ်စင်အနီးထွန်းထားတဲ့ ခြင်ဆေးခွေကနေ စာရွက်စာတမ်းတွေပေါ်ကို ခြင်ဆေးခွေပြုတ်ကျပြီး မီးလောင်မှုစတင်ဖြစ်ပွားတာ၊ ကျောင်းဆောင်ကတော့ လုံးဝမီးလောင်ဆုံးရှုံးသွားတယ်၊ မီးလောင်တဲ့အထဲပါသွားတဲ့ ကျောင်းဆောင်က ၆၄ x ၄၅ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း ၂ ထပ်ကျောင်း ဆောင်ပါ၊ လူတွေ တိရစ္ဆာန်တွေ ထိခိုက်ဒဏ်ရာရရှိတာ မရှိဘူး၊ အဲ့ဒီကျောင်းဆောင်က နှစ်ပေါင်း ၁၀၀ ကျော် သက်တမ်းရှိပြီး ၊ ကျောင်းထိုင်ဆရာတော်မြို့တက်နေတုန်းဖြစ်တာတဲ့။”လို့…

Read More

မိုးဗြဲမှာ စစ်ဘေးရှောင်တွေ ရိက္ခာပြတ်လပ်မှုနဲ့ စတင်ကြုံတွေ့နေရ

ဇွန်၊၁၈-၂၀၂၃ MM(VOM) ရှမ်းပြည်နယ်၊(တောင်ပိုင်း)၊ မိုးဗြဲမြို့ပေါ်ကို လာရောက်တိမ်းရှောင်နေတဲ့ စစ်ဘေးရှောင်ပြည်သူတွေမှာ စားနပ်ရိက္ခာပြတ်လပ်မှုနဲ့ စတင်ကြုံတွေ့နေရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတွေဆီကနေသိရပါတယ်။ “မိုးဗြဲမြို့ပေါ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကနေစတင်ပြီး တိုက်ပွဲတွေ ဖြစ်နေတာ၊ မြို့ပေါ်မှာဖြစ်တော့ ပိုဆိုးတာပေါ့၊ အမည်မသိတဲ့ လက်နက်ကိုင်အဖွဲ့နဲ့တပ်နဲ့ ဖြစ်နေတာပါ ၊အဲ့ဒီတိုက်ပွဲက နေ့ချင်းညချင်း ရုတ်တရက်ထဖြစ်တာ၊ စစ်ရှောင်အကုန် အယောက် ၅၀၀၀ ကျော်မယ်၊ဒေသခံတွေက အတင်း ရုတ်တရက် ထပြေးရတာဖြစ်တော့ ဘာမှ များများစားစား မသယ်နိုင်ဘူးလေ ၊အခုကျတော့ အချိန် တပတ် မပြည့်သေးဘူး ၊အကုန် ဒုက္ခရောက်နေပြီ၊တချို့တွေမှာ စားနပ်ရိက္ခာတွေ စပြတ်နေပြီ၊ ရေရှည်မှာဆို မကောင်းဘူး ၊ ရာသီဥတုဒဏ်နဲ့ အစားရေစာ ပြတ်သွားရင်လေ ၊ ကျွန်တော်တို့မှာလည်း အရင်နှစ်တွေကလို အပိုအလျှံတွေ မရှိဘူး ၊တိုက်ပွဲက ဆက်ဖြစ်နေဦးမယ်လို့ထင်တယ်”လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတစ်ဦးပြောပါတယ်။ အဲ့ဒီ စစ်ရှောင်တွေက ကိုယ့်အစီအစဉ်နဲ့ကို တောတောင်တွေထဲမှာ ယာယီ…

Read More

ထန်းတပင်မှာ မိုင်းနင်းမိပြီး လူတစ်ဦးသေဆုံး

ဇွန် ၁၈ – ၂၀၂၃   GG( VOM)   ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ တောင်ငူ-မုပ္ပလင်လမ်းပိုင်း၊ သရက်တန်းရွာနားမှာ မိုင်းနင်းမိပြီး လူ ၁ ယောက် သေဆုံးပြီး ၁ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့မှု မနေ့ ဇွန်လ ၁၇ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။   ” မနေ့က နေ့လယ် ၁ နာရီလောက်မှာ မိုင်းနင်းမိတာ၊တစ်​​ယောက်က နေရာမှာပဲ ဆုံးတယ်၊နောက်တစ်ယောက်ကတော့ ဒဏ်ရာရလို့ ဆေးကုသမှုပေးနေတယ်လို့သိရတယ်။ ထန်းတပင်ဘက်က မကြာခဏတိုက်ပွဲကဖြစ်တော့ ရှောင်နေကြတဲ့သူတွေလို့ ပြောတယ်၊အခုလည်း သွားရင်းလာရင်း မိုင်းနင်းမိတဲ့သဘောပါ။ တိုက်ပွဲတွေကဖြစ်နေတော့ မိုင်းကတော့ ဘယ်အဖွဲ့ကထောင်တယ်ဆိုတာ ကျနော်တို့လည်း မပြောတတ်ပါဘူး “လို့ ထန်းတပင်မြို့ခံတစ်ဦးကပြောပါတယ်။   မိုင်းနင်းမိပြီးသေဆုံး ၊ ဒဏ်ရာရရှိခဲ့သူတွေဟာ ထန်းတပင်မြို့နယ်၊ မဲဖလံရွမှာာနေထိုင်သူတွေဖြစ်ပြီး သေဆုံးသူက အသက် ၆၀ အရွယ်ရှိ ဦးတင်ဆန်းဆိုသူ…

Read More

မြန်မာနိုင်ငံတဝှမ်းမှာ (၄)လအတွင်း မီးလောင်မှု ၈၀၀ ခန့်ဖြစ်ခဲ့ပြီး လူ ၅၀ ကျော် သေဆုံးခဲ့

ဇွန် ၁၈ – ၂၀၂၃ GG(VOM) ၂၀၂၃ ခုနှစ်ရဲ့ ပထမ လေးလတာကာလအတွင်း မြန်မာနိုင်ငံတဝှမ်းမှာ မီးလောင်မှု ၈၀၀ နီးပါးဖြစ်ပွားခဲ့ပြီး လူ ၅၀ ကျော် သေဆုံးခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ၁၁ ဘီလီယံဝန်းကျင်ရှိခဲ့တယ်လို့ မီးသတ်ဦးစီးဌာနရဲ့စာရင်းတွေအရ သိရပါတယ်။ ဒါ့အပြင် မီးလောင်မှုကြောင့် လူနေအိမ် အလုံးပေါင်း ၁၉ဝဝ ဝန်းကျင် ပျက်စီးခဲ့ရပြီး စက်ရုံ၊ အလုပ်ရုံ ၆ လုံးနဲ့ ဂိုဒေါင်အလုံးပေါင်း ၁၂ဝ လည်းပျက်စီးခဲ့ကာ ပြည်သူ ၄၅၄၂ ဦး အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သိရပါတယ်။ မီးလောင်မှုကြောင့် ပြည်သူ ၁၀၁ ဦးလည်း ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး တိရိစ္ဆာန် ၂၉၈၄ ကောင်လည်း သေဆုံးခဲ့ရပါတယ်။ ” အခုနှစ် ဇန်နဝါရီနှစ်စကနေ ဧပြီလအထိစာရင်းပါ၊မီးလောင်တာ ၇၄၅ ကြိမ်ရှိခဲ့တယ်။ သေဆုံးက ၅၁…

Read More
VOM News

FREE
VIEW