နေပြည်တော်မှာ ခွင့်ပြုချက်မရတဲ့ ဘားတွေပိတ်ခံရ

ဇွန် ၂၆-၂၀၂၃
KT(VOM)

နေပြည်တော်မှာ သတ်မှတ်စည်းကမ်းနဲ့မညီတဲ့ ဘားတွေကို နေပြည်တော်ကောင်စီ ညွှန်ကြားချက်အရ ပြီးခဲ့တဲ့ ဇွန်၂၄ ရက်နေ့မှစတင်ပြီး ရက်အကန့်အသတ်မရှိ လိုင်စင်ပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

ရဲအသိုင်းအဝိုင်းကတော့ “သတ်မှတ်စည်းကမ်းချက်နဲ့မညီလို့ ၊နိုက်ကလပ်ဆန်ဆန်ဖွင့်နေတယ်လို့ကြားသိရတာကြောင့် ပိတ်သိမ်းရခြင်ဖြစ်တယ်”လို့ ပြောပါတယ်။

ပိတ်သိမ်းခံလိုက်ရတာတွေကတော့ ဇမ္ဗူသီရိမြို့နယ်၊ဧရာဝတီလမ်းပေါ်မှာ ဖွင့်ထားတဲ့ Excellent music bar၊ သပြေကုန်းရပ်ကွက်ရှိ Relax music bar နဲ့ မကြာမီဖွင့်လှစ်ဖို့ရှိတဲ့ X-one space music bar တို့ဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နေပြည်တော် #ဘားပိတ်သိမ်းခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW