ရုရှားမှာ သွေးထွက်သံယိုပဋိပက္ခဖြစ်ဖို့ ရန်သူတော်တွေ မြင်လိုနေကြောင်း ပူတင်ဝေဖန်

မော်စကို ၊ဇွန်-၂၇-၂၀၂၃
မျိုးဆက်(VOM)

ပရီဂိုဇင်ရဲ့ ၀ဂ္ဂနာကြေးစားစစ်သားအဖွဲ့ရဲ့ ပုန်ကန်မှုပြီးနောက် ရုရှားသမ္မတပူတင်ဟာ ဇွန် ၂၆ ရက်မှာ ရုပ်မြင်သံကြားကနေ မိန့်ခွန်းတရပ်ပြောကြားခဲ့့ပြီး ရန်သူတော်နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေဟာ ရုရှားမှာ သွေးထွက်သံယိုပဋိပက္ခကို မြင်လိုနေကြောင်း ဝေဖန်ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်ကုန်က ဖြစ်ပွားခဲ့တဲ့ ၀ဂ္ဂနာအဖွဲ့ရဲ့ ပုန်ကန်မှုဖြစ်ပွားခဲ့ပြီးနောက် အဖွဲ့က ကြေးစားစစ်သားတွေဟာ ရုရှားစစ်တပ်ကို ၀င်လိုပါက၀င်၊ ဘီလာရုစ်ကို သွားလိုသွား၊ သို့တည်းမဟုတ် အိမ်ပြန်နိုင်ကြောင်း ရုရှားသမ္မတပူတင်ကပြောပါတယ်။

အဲဒီပုန်ကန်မှုအတွင်း ရုရှားလေတပ်က လေယာဉ်မှူးတွေ သေဆုံးမှုနဲ့ပတ်သက်ပြီး ပူတင်က အတည်ပြုခဲ့ပါတယ်။

၀ဂ္ဂနာအဖွဲ့ခေါင်းဆောင် ပရိုဂိုဇင်ကတော့ သူ့အဖွဲ့ရဲ့လုပ်ရပ်ဟာ အစိုးရက သူတို့အဖွဲ့ကို တိုက်ရိုက်ထိန်းချုပ်မယ့် အစီအစဉ်တွေလုပ်နေတဲ့အပေါ် တုန့်ပြန်တာဖြစ်ကြောင်း ဆိုပါတယ်။

ပရီဂိုဇင်ဟာ သူ့တပ်တွေကို ပုန်ကန်မှုကနေ ဆုတ်ခွာခဲ့ခဲ့ပြီးနောက် ရုရှားကနေ ဘီလာရုစ်မှာနေဖို့ သဘောတူခဲ့ပြီး လက်ရှိမှာတော့ နေထိုင်ရာနေရာကို ရှင်းလင်းစွာမသိရပါဘူး။

အဲဒီလို ပဋိပက္ခတွေနဲ့အတူ ရုရှားမှာတင်းမာမှုတွေ မြင့်တက်နေချိန်မှာ ရုရှားတပ်တွေအပေါ် ယူကရိန်းရဲ့တန်ပြန်ထိုးစစ်ဟာ ဘက်ပေါင်းစုံက အသာရနေကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
#voiceofmyanmar #VOM #မော်စကို

Related posts

Leave a Comment

VOM News

FREE
VIEW