ပေကျင်း၊ ဇူလိုင်-၁၈-၂၀၂၃
မျိုးဆက်(VOM)
တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်မှာ အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်မှုကြောင့် ဒေသခံနှစ်သိန်းသုံးသောင်းနီးပါး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။
ယခုနှစ်အတွင်း စတုတ္ထမြောက်မုန်တိုင်းဖြစ်တဲ့ တိုင်ဖွန်းမုန်တိုင်း တာလင်ဟာ တရုတ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းကို လေတိုက်နှုန်းတနာရီ ၁၄၀ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်ခဲ့ပါတယ်။
မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ခြင်းနဲ့ မိုးသည်းထန်စွာရွာသွန်းမှုတို့ဖြစ်ပွားခဲ့ပြီး လေယာဉ်နဲ့ ရထားခရီးစဉ်များစွာကို ဖျက်သိမ်းခဲ့ရကာ ကမ်းရိုးတန်းခရီးသွားနေရာဒါဇင်များစွာကို ပိတ်ထားဖို့ တာ၀န်ရှိသူတွေက အမိန့်ထုတ်ထားပါတယ်။
မုန်တိုင်းဟာ တောင်တရုတ်ပင်လယ်ရှိ ဘိုင်ဘူပင်လယ်ကွေ့သို့ ဆက်လက်ရွေ့လျားမှာဖြစ်ပြီး ဟိုင်နန်းကျွန်းမှာ ပေ ၂၀ ထိလှိုင်းကြီးနိုင်ကြောင်း ဒေသဆိုင်ရာ တာ၀န်ရှိသူတွေက သတိပေးထုတ်ပြန်ထားပါတယ်။
ဗီယက်နမ်နိုင်ငံမှာလည်း အဲဒီမုန်တိုင်းဒဏ်ကို ကွမ်နင်းနဲ့ ဟိုင်ဖန်းတို့မှာ အဆိုးရွားဆုံးထိခိုက်မယ်လို့ တာ၀န်ရှိသူတွေက ခန့်မှန်းထားပြီး ဒေသခံသုံးသောင်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရပါတယ်။
မုန်တိုင်းဟာ ဇူလိုင် ၁၈ ရက်မှာတော့ အားလျော့သွားကာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကို ဦးတည်ပျက်ပျယ်သွားဖွယ်ရှိကြောင်း မိုးလေ၀သကျွမ်းကျင်သူတွေက ထုတ်ပြန်ထားပါတယ်။
Ref: BBC
Photo:AP
#voiceofmyanmar #VOM #ပေကျင်း