အတိုက်အခံတွေမပါတဲ့ ကမ္ဘောဒီးယားရွေးကောက်ပွဲ ၀န်ကြီးချုပ်ဟွန်ဆန်ရဲ့ အာဏာရပါတီသာ အနိုင်ရ

ဖနွမ်းပင်၊ ဇူလိုင်-၂၄-၂၀၂၃ မျိုးဆက်(VOM) ကမ္ဘောဒီးယား၀န်ကြီးချုပ်ဟွန်ဆန်ဦးဆောင်တဲ့ အာဏာရပါတီဟာ ဇူလိုင် ၂၃ ရက်မှာကျင်းပတဲ့ အထွေထွေရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိကြောင်း ကမ္ဘောဒီးယားအစိုးရနဲ့ နီးစပ်တဲ့ သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ရွေးကောက်ပွဲကော်မရှင်ဟာ မဲရလဒ်တွေကို ထုတ်ဖော်ကြေညာခြင်းမရှိသေးပေမယ့် ဟွန်ဆန်ရဲ့ ကမ္ဘောဒီးယားပြည်သူ့ပါတီဟာ အမျိုးသားလွှတ်တော် အမတ်နေရာ ၁၂၅ နေရာမှာ ၁၂၀ ထိရရှိထားတယ်လို့ သတင်းဌာနတွေက ဆိုပါတယ်။ ဟွန်ဆန်ရဲ့ အကြီးဆုံးသားဖြစ်သူ ဟွန်မန်နက်ဟာ သူ့ရဲ့ ပထမဆုံးရွေးကောက်ပွဲမှာ အမတ်အဖြစ်ရွေးချယ်ခံရဖို့ သေချာသလောက်ရှိနေပြီး လာမယ့်နိုင်ငံခေါင်းဆောင်အဖြစ် ဆက်ခံဖုိ့ထောက်ခံကြောင်း ၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ဟွန်ဆန်က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုထားပါတယ်။ ရွေးကောက်ပွဲတွင် အတိုက်အခံများမပါ၀င်ခဲ့ဘဲ ပါတီငယ်အများအစုအပါအ၀င် ၁၈ ပါတီမှ ကိုယ်စားလှယ်လောင်းများ ၀င်ရောက်ယှဉ်ခဲ့ပါတယ်။ အဓိကအတိုက်အခံဖြစ်တဲ့ အလင်းတိုင်ပါတီကိုတော့ စာရွက်စာတမ်းတွေမပြည့်စုံဘူးဆိုကာ ရွေးကောက်ပွဲ၀င်ရောက်ယှဉ်ပြိုင်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ အလင်းတိုင်ပါတီဟာ ၂၀၁၈ ခုနှစ်ရွေးကောက်ပွဲမတိုင်ခင် တရားရုံးအမိန့်နဲ့ဖျက်သိမ်းခံလိုက်ရတဲ့ ကမ္ဘောဒီးယားအမျိုးသားကယ်တင်ရေးပါတီရဲ့ လက်ကျန်အဖွဲ့၀င်တွေနဲ့…

Read More

တရုတ်မှာ ကျောင်းအားကစားရုံ ခေါင်မိုးပြိုကျမှုကြောင့် လူ (၁၁) ယောက်သေဆုံး

ပေကျင်း၊ ဇူလိုင်-၂၄-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကျောင်းအာကစားရုံခေါင်မိုးပြိုကျပြီး လူ ၁၁ ယောက် ထက်မနည်းသေဆုံးသွားကြောင်း နိုင်ငံပိုင်သတင်းဌာနက ဇူလိုင် ၂၄ ရက်တွင်ဖော်ပြထားပါတယ်။ သေဆုံးသူအများစုမှာ ကလေးငယ်တွေဖြစ်ကြောင်း မျက်မြင်သက်သေတွေက သတင်းဌာနတွေကို ပြောကြားထားပေမယ့် တရား၀င်အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။ အဲဒီမတော်တဆမှုဟာ အမျိုးသမီး ဘောလီဘောအသင်း လေ့ကျင့်နေစဉ်မှာ ဖြစ်ပွာခဲ့ခြင်းဖြစ်ပါတယ်။ အဆောက်အဦခေါင်မိုးပြိုကျစဉ် လူ ၁၉ ဦးပိတ်မိနေခဲ့ပြီး လေးဦးလွတ်မြောက်ခဲ့ပါတယ်။ အဲဒီနောက် အပျက်အစီးတွေကြားမှာ ပိတ်မိနေတဲ့ ကျန်လူ ၁၅ ဦးအနက် လေးဦးသာ အသက်ရှင်ခဲ့ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ ဇူလိုင် ၂၃ ရက်က ဖြစ်ပွားခဲ့တဲ့ အဆိုပါမတော်တဆမှုကြောင့် ဟိုင်လောင်ကျန် ပြည်နယ် ကာကာဟာမြို့ရှိ အားကစားရုံတာ၀န်ခံကို ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းထားကြောင်း တာ၀န်ရှိသူတွေက ဆိုပါတယ်။ တရုတ်နိုင်ငံမှာ ဘေးကင်းလုံခြုံမှုဆိုင်ရာ စံနှုန်းတွေအကောင်အထည်ဖော်မှုအားနည်းခြင်းနဲ့ စည်းကမ်းလိုက်နာမှု နည်းပါးခြင်းတို့ကြောင့် ဆောက်လုပ်ရေးဆိုင်ရာ မတော်တဆမှုများ မကြာခဏဆိုသလို…

Read More

ဗြိတိသျှ တော်လှန်ရေးဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်သရုပ်ဆောင် သခင်ကြီး (ခ)ဦးစံမြင့် ကွယ်လွန်

ဇူလိုင် ၂၄ – ၂၀၂၃ GG(VOM) မြန်မာရုပ်ရှင်လောကရဲ ဗြိတိသျှတော်လှန်ဇာတ်ကားတွေမှာ သခင်ကြီး (ခေါ်)မောင်မင်းလူကလေးအဖြစ် လူသိများတဲ့ ဝါရင့်ဇာတ်ပို့သရုပ်ဆောင် ဦးစံမြင့်ဟာ ဒီနေ့ဇူလိုင် ၂၄ ရက် နေ့လယ်ပိုင်းမှာ ကွယ်လွန်သွားပြီဖြစ်တယ်လို့ သိရပါတယ်။ ” ဒီနေ့ ၁၂နာရီ ၂၀ မှာ ပဲခူးက နေအိမ်မှာပဲ ကွယ်လွန်သွားတာပါ။လူကြီးရောဂါနဲ့လို့ သိရပါတယ်၊ တကယ့်သရုပ်ဆောင်ကောင်းတစ်ယောက် ဆုံးရှုံးရတာပဲ ၊ကျနော်တို့ ထပ်တူဝမ်းနည်းရပါတယ်၊သူက အရင်ကတည်းကလည်း ကျန်းမာရေးက သိပ်မကောင်းဘူး “လို့ မိသားစုနဲ့ရင်းနှီးတဲ့ ဇာတ်ပို့သရုပ်ဆောင်တစ်ဦးကပြောပါတယ်။ ဦးစံမြင့်ဟာ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာဟာ မြန်မာ့ရုပ်ရှင် အဖြူအမဲရုပ်ရှင်ရိုက်ကွင်းခေတ်ကတည်းက လုပ်ကိုင်ခဲ့တာဖြစ်ပြီး အနုပညာလုပ်သက်အနေနဲ့ နှစ်ပေါင်း ၄၀ အနည်းဆုံးရှိတယ်လို့ သိရပါတယ်။ အနုပညာလောက သက်တမ်းတလျှောက် အင်္ဂလိပ်-မြန်မာ ဖက်စပ်တော်လှန်ရေးဇာတ်ဝင်ခန်းဇာတ်ကားတွေမှာ အင်္ဂလိပ်အရာရှိမင်းအဖြစ် အဓိကသရုပ်ဆောင်ခဲ့ပြီး လူသိများထင်ရှားခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဇာတ်ပို့သရုပ်ဆောင်ဟာ ဦးစံမြင့်ဟာ လက်ရှိ ကွယ်လွန်ချိန်မှာတော့…

Read More

နမ့်ခမ်းနဲ့ မူဆယ်ကြားမှာ တပ်နဲ့ TNLAတို့ တိုက်ပွဲဖြစ်ပြီး ပြည်သူ့စစ် ၂ ဦးသေဆုံး

ဇူလိုင် ၂၃၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် – နမ့်ခမ်းကြား ဇယ်လန့်ရွာအနီးမှာ တပ်နဲ့ TNLA နဲ့ တို့ မနေ့ ဇူလိုင်၂၃ ရက် ညနေ ၄ နာရီခွဲဝန်းကျင်ခန့်ကစ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆင်ကျော့ပြည်သူ့စစ် ၂ဦး ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “တပ် နဲ့ ပြည်သူ့စစ်ရောပြီး ကား ၅ စီး ဖြတ်လာတာ ကြိုအကြောင်းမကြားလို့ TNLA တွေ ပစ်တာ။ ကားတစီးတော့ ပျက်သွားတယ်၊ပြည်သူ့စစ်ဘက်က ၃ ဦးထိတဲ့အထဲမှာ ၂ ဦးသေဆုံးသွားတယ်၊ ထိခိုက်ကျဆုံးမှု ရှိလာတာ‌ကြောင့် မူဆယ်ဘက်က မြို့မ ၃ ပြည်သူ့စစ်အဖွဲ့ စစ်ကူအလာ လမ်းမှာ TNLA အဖွဲ့က ကြားဖြတ် စောင့်ကြို တိုက်ခိုက်ခဲ့တယ်”လို့ ဒေသခံ ၁ ဦးက…

Read More

အရက်သောက်ပြီး ကားမောင်းလို့ ယာဉ်တိုက်မှုဖြစ်ပွားခဲ့တဲ့ နယူးဇီလန်တရားရေး၀န်ကြီး ရာထူးကနေ ချက်ချင်းနှုတ်ထွက်

၀ယ်လင်တန်၊ ဇူလိုင်-၂၄-၂၀၂၃ မျိုးဆက်(VOM) နယူးဇီလန်တရားရေး၀န်ကြီးသည် ယာဉ်တိုက်မှုဖြစ်ပွားမှုတွင် အရက်သောက်သုံးထားခြင်းရှိမရှိ စစ်ဆေးမှုတွင် အရက်သောက်ထားကြောင်း တွေ့ရှိခဲ့ပြီးနောက် ရာထူးကနေ ချက်ချင်း နှုတ်ထွက်သွားပါတယ်။ အသက် ၃၉ နှစ်အရွယ် တရားရေး၀န်ကြီး ကီရီအလန်ဟာ ယာဉ်ကို ပေါ့လျော့စွာမောင်းနှင်မှု ၊ ဖမ်းဆီးမှုကို ခုခံမှုတို့နဲ့ တရားရုံးမှာ စွဲချက်တင်ခံထားရပါတယ်။ ဒေသစံတော်ချိန် ဇူလိုင် ၂၃ ရက်က ၀ယ်လင်တန်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီယာဉ်တိုက်မှုမှယ ထိခိုက်သေဆုံးမှုမရှိခဲ့ပါဘူး။ ယာဉ်တိုက်မှုကြောင့် အဖမ်းခံရပြီးနောက် ၀န်ကြီးကိုပြန်မလွှတ်မီ ရဲစခန်းမှာ လေးနာရီကြာ ထိန်းသိမ်းခံခဲ့ရပါတယ်။ သူဟာ ၀န်ကြီးချုပ် ခရစ်ဟစ်ကင်စ်ရဲ့ နယူးဇီလန်အစိုးရအဖွဲ့မှာ အောက်တိုဘာလရွေးကောက်ပွဲမကျင်းပပီ မတ်လနောက်ပိုင်း နှုတ်ထွက်သွားတဲ့ စတုတ္ထမြောက် ၀န်ကြီးဖြစ်ပါတယ်။ တရားရေး၀န်ကြီး ကီရီအလန်ဟာ ရာထူးမှနှုတ်ထွက်သွားခဲ့တဲ့ ၀န်ကြီးချုပ် ဂျက်ဆင်ဒါအာဒန်ရဲ့ နေရာမှာ ဆက်ခံနိုင်သူအဖြစ် ထင်ကြေးပေး ခံခဲ့ရသူတဦးလည်းဖြစ်ပါတယ်။ Ref: BBC #voiceofmyanmar #VOM…

Read More

လက်ရှိ ရွှေ၊ ဒေါ်လာ ၊ငွေလဲလုပ်ငန်း အခြေအနေ

ဇူလိုင်၂၄ -၂၀၂၃ GG (VOM) ပိုက်ဆံ ၂၀၀၀၀ တန် အသစ်ထုတ်မယ်ဆိုတဲ့ သတင်းကြောင့် မနေ့ ဇူလိုင် ၂၃ရက် တစ်ရက်တာမှာ ရွှေ၊ ဒေါ်လာ အပါအဝင် ငွေလွှဲလုပ်ငန်း အရောင်းအဝယ် စျေးကွက်ဟာ အရောင်းအဝယ် ရပ်လိုက်တဲ့အထိ ဖြစ်ခဲ့တယ်လို့ အဲ့ဒီလုပ်ငန်း လုပ်ကိုင်နေသူတွေဆီက သိရပါတယ်။ ဒီနေ့ ဇူလိုင် ၂၄ ရက်မှာတော့ အရောင်းအဝယ် စျေးကွက်ပြန်ဖွင့်ကာ လုပ်ဆောင်နေ​ကြတယ်လို့ လည်း သိရပါတယ်။ ပြည်တွင်းရွှေစျေးက အခေါက်ရွှေကို တစ်ကျပ်သား ၃၃ သိန်း ကနေ ၃၄ သိန်းအထိ စျေးကွက် ဖြစ်နေပြီး ၁၅ ပဲရည်ရွှေစျေးက သိန်း ၃၀ ကနေ ၃၂ သိန်းလောက်အထိ စျေးကွက် ဖွင့်ထားကြတယ်လို့ သိရပါတယ်။ ဒေါ်လာစျေးကတော့ တစ်ဒေါ်လာကို ၃၃၀၀ ကျပ်ကနေ ၃၆၀၀ အထက်အထိ…

Read More

လူမှုကွန်ယက်မှာ ပျံ့နေတဲ့ ဗေဒင်နဲ့ အကြားအမြင်ဟောတမ်းထုတ်ခြင်းကို ကန့်သတ်သည့် အမိန့်စာဟာ မဟုတ်မှန်ကြောင်း သာသနာရေးဝန်ကြီးဌာနမှ ထုတ်ပြန်။

လူမှုကွန်ယက်မှာ ပျံ့နေတဲ့ ဗေဒင်နဲ့ အကြားအမြင်ဟောတမ်းထုတ်ခြင်းကို ကန့်သတ်သည့် အမိန့်စာဟာ မဟုတ်မှန်ကြောင်း သာသနာရေးဝန်ကြီးဌာနမှ ထုတ်ပြန်။ #voiceofmyanmar #VOM

Read More

ဝါဆိုပန်းကပ်ပွဲ

ဆူးငှက်   ငယ်စဉ်က ကျွန်တော်မွေးဖွားကြီးပြင်းရာ ရပ်ကွက်လေးမှာ တီးဝိုင်းလေး တစ်ဝိုင်းရှိသည်။ ထိုတီးဝိုင်းလေးက တစ်နှစ်လျှင် ၂ပွဲကတော့ သေချာပေါက်ရှိသည်။မေဃဝတီတောင်သမန်တိုက်က သဖန်းကျောင်း ဝါဆိုပန်းကပ်ပွဲနှင့် ဝါခေါင်လကွယ်နေ့ ရတနာ့ဂူပွဲများဖြစ်သည်။ အနောက်ပြင် ကျောက်ဆစ်တန်းရပ်မှာ မေဃဝတီတောင်သမန်တိုက် ဟူသော ဘုန်းကြီးကျောင်းတိုက်ကြီးရှိသည်။ မန္တလေးမတည်မီ ပုဂံမင်းလက်ထက် ကတည်းက တည်ထားကိုးကွယ်သော အိမ်တော်ရာဘုရား အနီးတွင် ထိုစဉ်ကတည်းက မဟာဝေယံဘုံကျော်ဘွဲ့ခံ မိုးကောင်းကျောက်တိုက်ကြီးကိုပါ ပုဂံမင်း၏ မိဖုရားတစ်ပါးဖြစ်သော မိုးကောင်းမြို့စား မိဖုရားက တည်ထားခဲ့သည်။ မင်းတုန်းမင်းကြီးက မန္တလေးရတနာပုံ တည်သောအခါ ရွှေမြို့တော်ဟောင်း အမရပူရရှိ ဘုန်းကြီးကျောင်းအချို့ကိုလည်း မိမိတို့ဆန္ဒရှိလျှင် ရွှေ့ပြောင်းစေခဲ့သည်။ ထိုအခါ အမရပူရမြို့ဟောင်း တောင်သမန်အင်း အရှေ့ခြမ်းရှိ မေဃဝတီ တောင်သမန်ကျောင်းတိုက်ကြီးလည်း ရွှေ့ပြောင်းခဲ့ရာ မူလရှိပြီး မိုးကောင်းကျောင်းတိုက်၏အနီး ယခုနေရာသို့ တည်ထားခဲ့ခြင်းဖြစ်သည်။ ထိုကျောင်းတိုက်အတွင်း အနောက်မြောက်ထောင့်တွင် သဖန်းကျောင်းအမည်ဖြင့် ၂ထပ်ကျောင်းတစ်ကျောင်းရှိသည်။   သဖန်းကျောင်း၏ နှစ်စဉ်ကျင်းပသော…

Read More
VOM News

FREE
VIEW