လားရှိုးက လုပ်ငန်းရှင် ၃ ဦးနဲ့ ကားဆရာကို အမည်မသိအဖွဲ့က ဖမ်းဆီးသွား

ဇူလိုင် ၂၈ ရက်၊ ၂၀၂၃
Shy V(VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးက လုပ်ငန်းရှင် ၃ ဦးနဲ့ ကားဆရာကို ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့က လားရှိုးကနေ မန္တလေးဘက်အသွားလမ်းမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ဟုတ်တယ် ၂ ရက်ရှိပြီ။ ကားသမားပါ အဲ့ဒီလိုမျိုး ခေါ်လိုက်တာ။ ပြန်ပြေးဆွဲတဲ့ ပုံစံမျိုးပေါ့။ ငွေညှစ်တောင်းတပေါ့။ များတော့ များတယ်လို့ ပြောတယ်၊ ဒေါ်လာ သောင်းချီ တောင်းတာလို့ သိရတယ်၊ အဆင်ပြေသလောက် ညှိယူရမှာ။ ဒေါ်လာနဲ့တောင်းတာလို့ ပြောတာပဲ။ ဇွဲထက်တုန်းကလည်း ဒေါ်လာနဲ့ပဲတောင်းတာ၊ အမည်မသိ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ပြီး တဖွဲ့တည်းတော့ မဟုတ်ဘူး”လို့ ပြန်ပြေးဆွဲခံရသူတွေနဲ့ ရင်းနှီးသူ အမျိုးသမီးတဦးကပြောပါတယ်။

ဒေသခံ အမျိုးသား တဦးကလည်း”၄ ယောက်လို့ ပြောတယ်။ အခု ဒီဘူတာဘက်က လူတွေပဲ ဖြစ်နေတယ်၊ ပြန်ပေးဆွဲခံရတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေကတော့ လားရှိုးမြို့က သွပ်ပြားစက်ရုံပိုင်ရှင်ဦးကျော်ဝင်း၊ ကုန်မာဆိုင်ပိုင်ရှင် ဦးမွတ္တား၊ ရပ်ကွက် ၁၂ က ဈေးကုန်တိုက်ပိုင်ရှင် တရုတ် စီးပွားရေးလုပ်ငန်းရှင် ၁ ဦးနဲ့ သူတို့ကို ကားမောင်းပေးတဲ့ ယာဉ်မောင်းတို့ ဖြစ်တယ်။”လို့ ပြောပါတယ်။

အဲဒီ လုပ်ငန်းရှင်တွေက လားရှိုး ကနေ မန္တလေး အသွားလမ်းမှာ ဖမ်းဆီးခံရတာဖြစ်ပြီး လားရှိုးကနေ အထွက် ၁ နာရီခန့် အချိန်ထိ အဆက်အသွယ်ရခဲ့ပေမယ့် နောက်ပိုင်း အဆက်အသွယ်ပြတ်သွားကာ မိသားစုဝင်တွေဆီ US ဒေါ်လာ ၁ သိန်းခွဲ နဲ့ ရွေးယူဖို့ ဖုန်းဆက်လာတာဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။

လားရှိုး၊ မူဆယ်၊ ကွတ်ခိုင်မြို့တွေမှာတော့ ပြီးခဲ့တဲ့ ၂ နှစ်ကျော်ခန့်ကစ ကျောင်းနေအရွယ် ကလေးတွေနဲ့ လုပ်ငန်းရှင်တွေကို ပြန်ပြေးဆွဲဖမ်းဆီးတာ မကြာခဏ ဖြစ်ပွားနေတယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #လားရှိုး #လုပ်ငန်းရှင်၃ဦး #ပြန်ပေးဆွဲခံရမှု

Related posts

Leave a Comment

VOM News

FREE
VIEW