မဒရစ်၊ ဇူလိုင်-၁၀-၂၀၂၃ မျိုးဆက်(VOM) အာဖရိကရွှေ့ပြောင်း ဒုက္ခသည် ၂၀၀ ထက်မနည်းကို တင်ဆောင်ထားတဲ့ စက်လှေတစင်း စပိန်ကမ်းလွန် ကနေရီကျွန်းစုရေပြင်မှာ လွန်ခဲ့တဲ့သီတင်းပတ်က ပျောက်ဆုံးနေပြီး စပိန်တာ၀န်ရှိသူတွေက ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။ ရွှေ့ပြောင်းဒုက္ခသည်တွေကို တင်ဆောင်ထာတဲ့ အဲဒီစက်လှေဟာ တန်နီရီဖီးကနေ မိုင်ပေါင်း ၁၀၅၇ ကွာဝေးတဲ့ ဆီနီဂေါနိုင်ငံတောင်ပိုင်း ကာဖောင်တင်း ကမ်းရိုးတန်းမြို့ကနေ ထွက်ခွာလာစဉ် ပျောက်ဆုံးသွားတာဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ လူ ၂၀၀ ထက်မနည်းကို တင်ဆောင်ထားတဲ့ ငါးဖမ်းစက်လှေဟာ ဇွန် ၂၇ ရက်မှာ ကာဖောင်တင်းမြို့ကနေ စပိန်နိုင်ငံကနေရီကျွန်းစုသို့ ဦးတည်ခုတ်မောင်းခဲ့ကြောင်း တာ၀န်ရှိသူတွေက ဆိုပါတယ်။ လိုက်ပါသူတွေထဲမှာ ကလေးငယ်အများအပြား ပါ၀င်ကြောင်း စပိန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ လူဒါဇင်များစွာတင်ဆောင်ထားတဲ့ အခြားစက်လေနှစ်စင်းလည်း အလားတူပျောက်ဆုံးနေကြောင်း သတင်းဌာနတွေက ပြောပါတယ်။ အဲဒီစက်လှေနှစ်စင်းနဲ့ပတ်သက်ပြီး တာ၀န်ရှိသူများက အချက်အလက်အနည်းငယ်သာရရှိထားကာ စက်လှေတစင်းပေါ်မှာ လူ ၆၅ ဦးနဲ့ ကျန်တစင်းမှာတော့…
Read MoreMonth: July 2023
အမေရိကန်ကင်းထောက်လေယာဉ်တွေကို ပစ်ချနိုင်ကြောင်း မြောက်ကိုရီးယား သတိပေး
ပြုံးယမ်း၊ ဇူလိုင်-၁၀-၂၀၂၃ မျိုးဆက်(VOM) အမေရိကန် ကင်းထောက်လေယာဉ်တွေဟာ မြောက်ကိုရီးယားလေပိုက်နက်ကို ချိုးဖောက်ခဲ့အပေါ် မြောက်ကိုရီးယား ကာကွယ်ရေး၀န်ကြီးဌာနက ရှုတ်ချကြောင်း ထုတ်ပြန်လိုက်ပြီး အဲဒီလေယာဉ်တွေဟာ ပစ်ချခံရဖွယ်ရှိကြောင်း သတိပေးလိုက်ပါတယ်။ အမေရိကန်ကင်းထောက်လေယာဉ်တွေဇူလိုင် ၂ ရက်ကနေ ၉ ရက်အတွင်း ဂျပန်ပင်လယ်နဲ့ ပင်လယ်ဝါတို့ကို ဖြတ်ကျော်ပျံသန်းစဉ် မြောက်ကိုရီးယား လေပိုင်နက်ကို ချိုးဖောက်ခြင်းဖြစ်ကြောင်း နိုင်ငံပိုင်သတင်းဌာနက ဖော်ပြထားပါတယ်။ အမေရိကန်ဟာ ယခုနှစ်အတွင်း ကိုရီးယားနှစ်နိုင်ငံကြားရှိ စစ်နယ်နိမိတ်မျဉ်းနဲ့ အခြားနေရာတွေကို ထောက်လှမ်းရေးလေယာဉ်တွေစေလွှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ရန်စတဲ့ အဲဒီလုပ်ရပ်အတွက် နောက်ဆက်တွဲအကျိုးဆက်တွေကို ရင်ဆိုင်ရမှာဖြစ်ကြောင်း မြောက်ကိုရီးယားက သတိပေးထားပါတယ်။ ဂျပန်ပင်လယ်ပြင်မှာ အမေရိကန်လေတပ်ရဲ့ မဟာဗျူဟာမြောက် ကင်းထောက်လေယာဉ် ပျက်ကျသလိုမျိုး တုန်လှုပ်ခြောက်ခြားဖွယ် မတော်တဆမှုမျိုးဖြစ်လာနိုင်ခြေအတွက် အာမမခံကြောင်း မြောက်ကိုရီးယားက ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ စွပ်စွဲမှုတွေဟာ မှားယွင်းကြောင်း တောင်ကိုရီးယားတာ၀န်ရှိသူတွေက ပြောဆိုထားပြီး မှားယွင်းတဲ့စွပ်စွဲမှုတွေကတဆင့် တင်းမာမှုတွေမြင့်တက်လာခြင်းကို ရပ်တန့်ဖို့ မြောက်ကိုရီးယားကို…
Read Moreဧရာဝတီတိုင်းမှာ ၆လအတွင်းအထောက်အထားမဲ့ ၄၀၀ ကျော်ဖမ်းဆီးခံရပြီး၊ ၃၀၀ ကျော် ထောင်ချခံရ
ဇူလိုင်၊ ၁၀-၂၀၂၃ MM(VOM) ဧရာဝတီတိုင်းမှာ အခုနှစ် ပထမ(၆)လအတွင်း အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် နိုင်ငံသားအထောက်အထားမဲ့သူ အယောက်(၄၀၀)ကျော်အဖမ်းခံရပြီး အယောက်(၃၀၀)ကျော် ထောင်ဒဏ်တွေချမှတ်ခံထားရတယ်လို့ အထောက်အထားမဲ့သူတွေကို ကူညီပေးနေတဲ့အဖွဲ့အစည်းတွေဆီကနေ သိရပါတယ်။ အဲ့ဒီ အထောက်အထားမဲ့ အယောက် (၄၀၀)ကျော်ကို အခုနှစ် ဇန်နဝါရီ(၁)ရက်ကနေ ပြီးခဲ့တဲ့ ဇွန်လ(၃၁) ရက်အထိ ပထမ(၆)လအတွင်း ဖမ်းဆီးရမိခဲ့တာဖြစ်ပြီး ပုသိမ်၊ ငပုတော၊ ကြံခင်း၊ မြောင်းမြ၊ ရေကြည်၊ ဝါးခယ်မ၊ဘိုကလေး၊ ဟိုင်းကြီးကျွန်း စတဲ့ မြို့နယ်တွေကနေ အများဆုံးဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ”အားလုံး အယောက် ၄၅၇ ယောက်ဖမ်းဆီးခံခဲ့ရတာ ၊ ထောင်ဒဏ် ၂ နှစ်နဲ့ ၅ နှစ်တို့ ပြစ်ဒဏ်ချမှတ်ခံထားရတာ အယောက် ၃၀၀ ကျော်အထိရှိခဲ့တယ် ၊အသက် ၁၈ နှစ် မပြည့်သေးသူတွေကို လူငယ်ထိန်းသိမ်းရေးစခန်းတွေကို ပို့ဆောင်ရတာတွေလည်းရှိတယ်၊ ဖမ်းဆီးခံရသူတွေထဲက အထောက်အထားမဲ့…
Read Moreမင်းတပ်မှာ ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ်အပါအဝင် ၃ ဦးသေဆုံးပြီး၊ ၁ ဦး ဒဏ်ရာရ
ဇူလိုင် ၉ – ၂၀၂၃ SN (VOM) ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ မနေ့ ဇူလိုင် ၈ ရက်နေ့၊ မနက်ပိုင်းက ဗုံးပေါက်ကွဲမှုကြောင့် ကလေးငယ်နဲ့ နို့တိုက်မိခင်အပါအဝင် ၃ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မရှိန်းလှော်ကျေးရွာအုပ်စု၊ ဝုမ်းခုမ်ရွာကို ဇူလိုင် ၈ ရက်၊ မနက် ၁၁ နာရီခွဲဝန်းကျင်က ဗုံးကြဲခံရတာကြောင့် ပေါက်ကွဲမှုဖြစ်ပြီး အသက် ၉ နှစ်အရွယ်ကလေးငယ် (မ) ၁ ဦး၊ အသက် ၂၈ နှစ်အရွယ် နို့တိုက်ကလေးမိခင် ၁ ဦးနဲ့ အသက် ၆၅ နှစ်အရွယ် အမျိုးသမီး ၁ ဦး၊ စုစုပေါင်း ၃ ဦးသေဆုံးခဲ့ကာ အသက် ၅၀ အရွယ် အမျိုးသား ၁ ဦး…
Read Moreကျုံအိတ်တံတားပြင်ဆင်နေစဥ် မိုင်းထပ်ကွဲလို့ လူ ၂ ယောက် ထိခိုက်ဒဏ်ရာရ
ဇူလိူင် ၉ – ၂၀၂၃ GG(VOM) မွန်ပြည်နယ် ၊ ဘီလင်းမြို့နယ် ၊ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်က မိုင်းခွဲဖျက်ဆီးခံထားရတဲ့ ကျုံအိတ်တံတား ပြင်ဆင်မှုလုပ်နေချိန် ဒီနေ့ ဇူလိုင် ၉ ရက် မနက်ပိုင်းက Drom နဲ့ ဗုံးကျဲခံရလို့ လူ ၂ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဒီနေ့ မနက် ၁၀ နာရီကျော်လောက်မှာ မိုင်းခွဲခံခဲ့ရတဲ့ ပျက်စီးနေတဲ့ တံတားဘက်အခြမ်းကို ဘေလီတံတားထိုးနိုင်ဖို့ ပြင်ဆင်မှုတွေလုပ်နေစဥ် ဒရုန်းဗုံး နဲ့တိုက်ခိုက်ခံရတာဖြစ်ကြောင်း ၊အဲ့ဒီ တိုက်ခိုက်မှုမှာ ဖြတ်သန်းသွားလာတဲ့ ဘေးတွဲဆိုင်ကယ် စီးလာသူ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ဗုံးထိမှန်ထိခိုက်ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” ဗုံး ၁၀ လုံးလောက် ပစ်ချတယ် ၊ အဲ့ဒီမှာ လမ်းသွားတဲ့ ၂ယောက်ထိမိတယ်၊သူတို့က သားအမိတွေ ၊ သထုံမြို့ကပါပဲ ။သူတို့ကိုဆေးရုံပို့ကုသမှုပေးပါတယ်။ တိုက်ခိုက်မှုတွေဖြစ်တော့ တံတားပြင်ဆင်ရေးတွေလည်း ခဏ…
Read Moreဖားကန့်က ရှင်းရင် ဟိုတယ်ပိုင်ရှင် အမျိုးသမီး သေနတ်နဲ့ပစ်သတ်ခံရပြီး အလောင်းစွန့်ပစ်ခံရ
ဇူလိုင် ၉ – ၂၀၂၃ GG (VOM) ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ဆိပ်မူကျေးရွာမှာဖွင့်ထားတဲ့ နာမည်ကြီး Shin Yin Hotel ပိုင်ရှင် အမျိုးသမီး ဒေါ်ဖြူဖြူသန့်ဆိုသူဟာ သေနတ်နဲ့ပစ်သတ်ခံရပြီး အလောင်းစွန့်ပစ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ မနေ့ ဇူလိူင် ၈ ရက် ညပိုင်းမှာ အမည်မသိလက်နက်ကိုင်တွေက ဒေါ်ဖြူဖြူသန့်ကို လာရောက်ခေါ်ဆောင်သွားတာဖြစ်ကြောင်း၊ အဲ့ဒီနောက် ဒီနေ့ ဇူလိူင် ၉ ရက် မနက်ပိုင်းမှာ အလောင်းကို ဆိုင်းတောင်ရွာဟောင်းနားမှာ တွေ့ရှိရတာဖြစ်ပြီး သေနတ်ဒဏ်ရာ ၄ ချက်တွေ့ရှိရတယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။ ” ည ၁၁ နာရီကျော်လောက်မှာ သူ့ကိုလက်နက်ကိုင်တွေက လာခေါ်သွားတာလို့သိရတယ်။မနက်စော ၅ နာရီလောက်ကျ ရွာသားတွေက အလောင်းတွေ့တယ်ဆိုပြီးအကြောင်းကြားတော့ သွားကြည့်မှ သူမှန်းသိရတာ။သေနတ် ၄ ချက်နဲ့သေဆုံးနေတာပေါ့။ဒဏ်ရာတွေက ချိုင်းအောက်၊ ဗိုက်မှာ၊ လည်ပင်းမှာပေါ့။အခုအလောင်းတွေ့တဲ့နေရာနဲ့ ဟိုတယ်နဲ့က ၁၅…
Read Moreနေပြည်တော်မှာ ပြီးခဲ့တဲ့ လပိုင်းက ယာယီပိတ်သိမ်းခဲ့တဲ့ Barအချို့ ပြန်ဖွင့်ခွင့်ရ
ဇူလိုင် ၈-၂၀၂၃ KT(VOM) နေပြည်တော်မှာ ပြီးခဲ့တဲ့ ဇွန် ၂၄ရက်က ရက်အကန့်အသတ်မရှိ ယာယီပိတ်သိမ်းထားတဲ့ Bar အချို့ဟာ ဒီနေ့မှာပဲ ပြန်ဖွင့်ခွင့်ရတယ်လို့ သိရပါတယ်။ ဧရာဝတီလမ်းရှိ Excellent Bar & Restaurantကတော့ သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ” ဒီနေ့စဖွင့်ပြီ”ဖြစ်ကြောင်း ကြော်ငြာထားတာကိုလည်း တွေ့ရပါတယ်။ နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်၊ဧရာဝတီလမ်းပေါ်မှာဖွင့်ထားတဲ့ Excellent music bar နဲ့ သပြေကုန်းရပ်ကွက်ရှိ Relax music bar ၊ X-one space music bar တို့ကို နေပြည်တော်ကောင်စီ ညွှန်ကြားချက်အရ ဇူလိုင်၂၄ ရက်နေ့က ရက်အကန့်အသတ်မရှိ ပိတ်သိမ်းထားတာဖြစ်တယ်လို့လည်း သိရပါတယ်။ #voiceofmyanmar #VOM #နေပြည်တော်
Read Moreဆိုးလ်ကိုရောက်နေတဲ့ အိုင်အေအီးအေအကြီးအကဲကို တောင်ကိုရီးယားပြည်သူတွေ ဆန္ဒပြ
ဆိုးလ်၊ ဇူလိုင်-၈-၂၀၂၃ မျိုးဆက်(VOM) နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ(အိုင်အေအီးအေ) အကြီးအကဲ ဂရော့ဆီဟာ ဇူလိုင် ၇ ရက်မှာ တောင်ကိုရီးယားနိုင်ငံသို့ ရောက်ရှိနေပါတယ်။ ပျက်စီးသွားတဲ့ ဂျပန်နိုင်ငံဖူကူရှီးမား နျူကလီးယားဓါတ်အားပေးစက်ရုံမှ ရေတွေကို ပင်လယ်ထဲစွန့်ထုတ်မယ့် အစီအစဉ်ကို အိုင်အေအီးအေက အတည်ပြုပေးခဲ့တဲ့ ဆုံးဖြတ်ချက်အပေါ် ကန့်ကွက်နေအနေနဲ့ တောင်ကိုရီးယားပြည်သူတွေက ဂရော့ဆီကို ဆန္ဒပြခဲ့ကြပါတယ်။ သူဟာ ဂျပန်နိုင်ငံမှတဆင့် တောင်ကိုရီးယားကို ရောက်ရှိလာခြင်းဖြစ်ပြီး နျူကလီးယားဓါတ်အားပေး စက်ရုံမှ သန့်စင်ပြီးရေဆိုးများစွန့်ထုတ်မယ့် လုပ်ငန်းစဉ်ဟာ နိုင်ငံတကာစံနှုန်းတွေနဲ့ ကိုက်ညီကြောင်း တောင်ကိုရီးယားတာ၀န်ရှိသူတွေကို အသိပေးမှာဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ ဂရော့ဆီလေဆိပ်ကနေထွက်ဖို့ စောင့်ဆိုင်းနေစဉ် ဆန္ဒပြကန့်ကွက်မှုတွေပြုလုပ်ခဲ့ပြီး အိုင်အေအီးအေရဲ့ ဆုံးဖြတ်ချက်အစီအရင်ခံစာကို ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ကြပါတယ်။ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီအကြီးအကဲ ဂရော့ဆီဟာ နိုင်ငံခြားရေး၀န်ကြီး ပါ့ခ်ဂျင်အပါအ၀င် အခြားသော တောင်ကိုရီးယားတာ၀န်ရှိသူတွေနဲ့ သုံးရက်ကြာတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ Ref: NHK Photo:Yonhap #voiceofmyanmar #VOM #ဆိုးလ်
Read Moreယူကရိန်းအတွက် ဖျက်အားပြင်း ကလပ်စတာဗုံးတွေ ထောက်ပံ့ပေးဖို့ အမေရိကန်ဆုံးဖြတ်
၀ါရှင်တန်၊ ဇူလိုင်-၈-၂၀၂၃ မျိုးဆက်(VOM) အရပ်သားတွေ စံချိန်တင်သေဆုံးမှုဖြစ်ပွားခဲ့တဲ့ မှတ်တမ်းတွေရှိခဲ့ဖူးတဲ့ ဖျက်အားပြင်း ကလပ်စတာဗုံးတွေ ထောက်ပံ့ပေးဖို့ ဆုံးဖြတ်ချက်ဟာ အလွန်ခက်ခဲခဲ့ကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ပြောပါတယ်။ အခုလိုက် ထောက်ပံ့ပေးဖို့အတွက် အချိန်ယူဆုံးဖြတ်ခဲ့ရပြီး ယူကရိန်းနိုင်ငံသားတွေ ခဲယမ်းမီးကျောက်ကုန်သွားပြီး တယ်လို့ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ အဲဒီကလပ်စတာဗုံးတွေကို နိုင်ငံပေါင်း ၁၂၀ ကျော်က တားမြစ်ပိတ်ပင်ထားပေမယ့် ယူကရိန်းစစ်ပွဲအတွင်း ရုရှားနဲ့ ယူကရိန်း နှစ်နိုင်ငံစလုံးက အသုံးပြုနေကြပါတယ်။ အဲဒီဗုံးတွေဟာ မြေပြင်ပေါ်မှာ မပေါက်ကွဲသေးဘဲ နှစ်ပေါင်းများစွာရှိနေနိုင်ပြီး နောက်ပိုင်းမှာတော့ အရပ်သားတွေကို ထိခိုက်လာနိုင်ပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ အမေရိကန်ရဲ့ အချိန်မီဆုံးဖြတ်ချက်ကို ချီးကျူးပြောဆိုပေမယ့် လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ဒီမိုကရက်တစ်အချို့ကတော့ ဒီဆုံးဖြတ်ချက်အပေါ် ဝေဖန်မှုတွေပြုနေပါတယ်။ ရုရှားကတော့ အမေရိကန်ရဲ့ လုပ်ရပ်အတွက် ပြစ်တင်ရှုတ်ချထားပါတယ်။ အဲဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး နေတိုးမဟာမိတ်တွေနဲ့ ဆွေးနွေးမှုပြုခဲ့ကြောင်း သမ္မတဂျိုးဘိုင်ဒင်ကပြောပါတယ်။ Ref: BBC Photo:Getty Images #voiceofmyanmar…
Read MoreVOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ
– မြေပေါ် အာကာသစခန်း တည်ဆောက်မယ့် တရုတ်နိုင်ငံ – တွစ်တာနဲ့အပြိုင် Threads အက်ပလီကေးရှင်းသစ် ဖေ့စ်ဘွတ်ခ် မိခင်ကုမ္ပဏီ ဖန်တီး – လကမ္ဘာလေ့လာရေး မစ်ရှင်စေလွှတ်ဖို့ အိန္ဒိယနိုင်ငံ စီစဉ်နေ မျိုးဆက်(VOM) ၈-၇-၂၀၂၃ (၁) မြေပေါ် အာကာသစခန်း တည်ဆောက်မယ့် တရုတ်နိုင်ငံ တရုတ်နိုင်ငံဟာ မြေပြင်ပေါ်မှာ အာကာသသိပ္ပံဆိုင်ရာ စမ်းသပ်မှုအမျိုးမျိုးပြုလုပ်ဖို့အတွက် အာကာသထဲက အခြေအနေအတိုင်း မြေပေါ်အာကသာစခန်း တည်ဆောက်ဖို့ လုပ်ဆောင်နေကြောင်း SCMP သတင်းဌာနက ဖော်ပြထားပါတယ်။ တရုတ်သုတေသီတွေဟာ မြေပြင်အာကာစခန်းတို့ လူသိများတဲ့ အဲဒီစီမံကိန်းအတွက် ပထဆုံးသော စမ်းသပ်မှုတွေကို စတင်လုပ်ဆောင်နေပြီး ဟာဘင်မြို့မှာ အခြေစိုက်မှာဖြစ်ကြောင်း အဲဒီသတင်းဌာနက ဖော်ပြထားပါတယ်။ ဒီစီမံကိန်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ အာကာသထဲမှာကြုံတွေ့ရတဲ့အခြေအနေတွေအတိုင်း ကမ္ဘာမြေပေါ်မှာ သိပ္ပံနည်းကျစမ်းသပ်မှုတွေနဲ့ သုတေသနတွေ လုပ်ဆောင်ဖို့အတွက် ပလက်ဖောင်းတခုဖန်တီးဖို့ ဖြစ်ကြောင်း သုတေသီတွေက ပြောပါတယ်။ မြေပြင်အာကာသစခန်းဟာ အာကာသထဲကဓါတ်ခွဲခန်းတခုနဲ့နှိုင်းယှဉ်မယ်ဆိုရင်…
Read More