မဒရစ်၊ ဇူလိုင်-၁၀-၂၀၂၃
မျိုးဆက်(VOM)
အာဖရိကရွှေ့ပြောင်း ဒုက္ခသည် ၂၀၀ ထက်မနည်းကို တင်ဆောင်ထားတဲ့ စက်လှေတစင်း စပိန်ကမ်းလွန် ကနေရီကျွန်းစုရေပြင်မှာ လွန်ခဲ့တဲ့သီတင်းပတ်က ပျောက်ဆုံးနေပြီး စပိန်တာ၀န်ရှိသူတွေက ရှာဖွေမှုတွေ ဆက်လက်လုပ်ဆောင်နေပါတယ်။
ရွှေ့ပြောင်းဒုက္ခသည်တွေကို တင်ဆောင်ထာတဲ့ အဲဒီစက်လှေဟာ တန်နီရီဖီးကနေ မိုင်ပေါင်း ၁၀၅၇ ကွာဝေးတဲ့ ဆီနီဂေါနိုင်ငံတောင်ပိုင်း ကာဖောင်တင်း ကမ်းရိုးတန်းမြို့ကနေ ထွက်ခွာလာစဉ် ပျောက်ဆုံးသွားတာဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။
လူ ၂၀၀ ထက်မနည်းကို တင်ဆောင်ထားတဲ့ ငါးဖမ်းစက်လှေဟာ ဇွန် ၂၇ ရက်မှာ ကာဖောင်တင်းမြို့ကနေ စပိန်နိုင်ငံကနေရီကျွန်းစုသို့ ဦးတည်ခုတ်မောင်းခဲ့ကြောင်း တာ၀န်ရှိသူတွေက ဆိုပါတယ်။
လိုက်ပါသူတွေထဲမှာ ကလေးငယ်အများအပြား ပါ၀င်ကြောင်း စပိန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။ လူဒါဇင်များစွာတင်ဆောင်ထားတဲ့ အခြားစက်လေနှစ်စင်းလည်း အလားတူပျောက်ဆုံးနေကြောင်း သတင်းဌာနတွေက ပြောပါတယ်။
အဲဒီစက်လှေနှစ်စင်းနဲ့ပတ်သက်ပြီး တာ၀န်ရှိသူများက အချက်အလက်အနည်းငယ်သာရရှိထားကာ စက်လှေတစင်းပေါ်မှာ လူ ၆၅ ဦးနဲ့ ကျန်တစင်းမှာတော့ ၆၀ ဦးလိုက်ပါသွားကြောင်း တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။
Ref: BBC
#voiceofmyanmar #VOM #မဒရစ်