အဆိုတော်လီလီနိုင်ကျော်ကိစ္စနဲ့ ဖမ်းဆီးခံရသူနှစ်ဦး သက်သေခံပစ္စည်းလိုက်ပြချိန် သေဆုံးခဲ့တယ်လို့ သိရ

ဇူလိုင် ၈ – ၂၀၂၃ SN (VOM) အဆိုတော်လီလီနိုင်ကျော်ကို လုပ်ကြံမှုနဲ့ ဖမ်းဆီးခံခဲ့ရသူ နှစ်ဦးဖြစ်တဲ့ ကောင်းဇာနည်ဟိန်း (ခ)လပြည့် (၂၃ နှစ်) နဲ့ ကျော်သူရ (ခ) အီးတီ (၃၀ နှစ်)တို့ဟာ သက်သေခံပစ္စည်း လိုက်ပြခိုင်းစဉ် ထွက်ပြေးတာကြောင့် သေနတ်နဲ့ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်မှာ မနေ့ ဇူလိုင် ၇ ရက်၊ ည ၁၁ နာရီဝန်းကျင်က သက်သေခံပစ္စည်းတွေ လိုက်ပြခိုင်းစဉ်မှာ လုံခြုံရေးတပ်ဖွဲ့ကို တွန်းထိုးတိုက်ခိုက်ပြီး ထွက်ပြေးခဲ့တာကြောင့် ပစ်ခတ်ဖမ်းဆီးရာကနေ သေဆုံးသွားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “သူတို့နှစ်ယောက်က (၂၉) ရပ်ကွက်၊ မောင်းမကန်လမ်းအနီးက ရေမြောင်းထဲမှာ လက်နက်နဲ့ ဖောက်ခွဲရေးပစ္စည်းတွေ ဝှက်ထားတယ်လို့ ဝန်ခံထွက်ဆိုခဲ့တာကြောင့် အဲ့ဒီ့နေရာကို သူတို့နဲ့အတူ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက သွားရောက်ခဲ့တာလို့ သိရပါတယ်။…

Read More

ဒုက္ခသည် ခိုလှုံခွင့်ဆိုင်ရာမူဝါဒ သဘောကွဲလွဲမှုကြောင့် နယ်သာလန်အစိုးရ ပြိုလဲ

သည်ဟိတ်၊ ဇူလိုင်-၈-၂၀၂၃ မျိုးဆက်(VOM) နယ်သာလန်နိုင်ငံမှာ ဒုက္ခသည် ခိုလှုံခွင့်ဆိုင်ရာ မူဝါဒတွေနဲ့ပတ်သက်ပြီး ပါတီတွေအကြား သဘောထားကွဲလွဲမှုကြောင့် နယ်သာလန်အစိုးရ ပြိုလဲသွားခဲ့ကြောင်း နယ်သာလန်၀န်ကြီးချုပ် မာ့ခ်ရူတီက ဇူလိုင် ၇ ရက်မှာ ပြောပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဇူလိုင် ၇ ရက်မှာ မစ္စတာရူတီဦးဆောင်ပြီး ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပေမယ့်လည်း ပါတီလေးခုအကြား သဘောတူညီမှုမရရှိခဲ့ပါဘူး။ လွန်ခဲ့တဲ့ တနှစ်ကျော်ကာလက အစိုးရသစ်ဖွဲ့စည်းခဲ့ပေမယ့်လည်း ရွှေ့ပြောင်းနေထိုင်မှုဆိုင်ရာ မူဝါဒတွေအပေါ် ပါတီတွေရဲ့ဆန့်ကျင်ကန့်ကွက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ၀န်ကြီးချုပ် ရူတီဟာ ဇူလိုင် ၇ ရက်မှာ အရေးပေါ်အစည်းအဝေးကျင်းပပြီးနောက် နယ်သာလန်အစိုးရ ပြိုလဲသွားပြီဖြစ်ကြောင်း သတင်းစာရှင်းလင်းပွဲမှာ အတည်ပြုပြောဆိုပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲသစ်မတိုင်မီ ၀န်ကြီးတွေဟာ အိမ်စောင့်အစိုးရအဖွဲ့အဖြစ် တာ၀န်ယူသွားမှာဖြစ်ပါတယ်။ နို၀င်ဘာလမှာ ရွေးကောက်ပွဲသစ်ကျင်းဖွယ်ရှိကြောင်း နယ်သာလန်အခြေစိုက် ပြည်တွင်းသတင်းဌာနတွေက ဖော်ပြထားပါတယ်။ မစ္စတာရူတီရဲ့ ရှေးရိုးစွဲ ဗီဗီဒီပါတီဟာ နိုင်ငံတွင်းမှာ ခိုလှုံခွင့်ရှာဖွေသူတွေ ၀င်ရောက်လာမှုကို ကန့်သတ်ဖို့ကြိုးစားနေပြီး…

Read More

ထောင်ကျနေတဲ့ ပဲခူး ဗကသ ဒု-ဥက္ကဌ သေဆုံးသွားပြီလို့ သိရ

ဇူလိုင် ၈ – ၂၀၂၃ GG (VOM) ပဲခူးတိုင်း၊ ဒိုက်ဦးမြို့နယ်၊ ကျိုက်ဇကောအကျဉ်းထောင်မှာ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံထားရပြီး အကျဥ်းကျနေတဲ့ ပဲခူးခရိုင် ဗကသ ဒု-ဥက္ကဌဖြစ်သူ ကိုခန့်လင်းနိုင် သေဆုံးသွားပြီဖြစ်တယ်လို့ ဗကသများအဖွဲ့ချုပ်က ဒီနေ့ဇူလိူင်လ ၈ ရက်နေ့မှာ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။ ကိုခန့်လင်းနိုင် သေဆုံးကြောင်းကို မနေ့ ဇူလိူင်လ ၇ ရက်ကမှ သိရတာဖြစ်ပြီး ရုပ်အလောင်းကိုတွေ့ခွင့်မရဘူးလို့ သိရပါတယ်။ “ထောင်ကနေ မိသားစုကို စာပို့အကြောင်းကြားတာပါ၊ ကိုခန့်လင်းနိုင်ကို ကျိုက်စကောထောင်ကနေ သာယာဝတီကို ထောင်ပြောင်းရွှေ့ပြီးနောက် အကုန်အဆက်အသွယ်ပြတ်သွားတယ်။အဲ့ဒီနောက် ကျဆုံးတဲ့သတင်းသိရတယ်။သတင်းတောင် မနေ့က ညနေပိုင်းမှ သိရပါတယ်၊ကျဆုံးတာကို အတည်ပြုနိုင်ပါတယ်။သဂြိုလ်ခွင့်မရပါဘူး၊အလောင်းလည်း မတွေ့ရဘူး။ဘယ်နေ့က ကျဆုံးတယ်ဆိုတာလည်း မသိရဘူး။ သေပြီဆိုတာပဲ အတည်ပြုလို့ရတာပါ၊အသက်က ၂၀ ကျော်ပဲရှိသေးတယ်”လို့ ဗကသများအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်တစ်ဦးကပြောပါတယ်။ ကိုခန့်လင်းနိုင် အပါအဝင် နိုင်ငံရေးအကျဉ်းသား ၄ ဦးကို…

Read More

The Voiceဂျာနယ် အယ်ဒီတာချုပ် အပါအဝင် အနုပညာရှင်အချို့ ပြန်လည်လွတ်မြောက်လာ

ဇူလိူင် ၈ – ၂၀၂၃ GG(VOM) The Voice Journal အယ်ဒီတာချုပ် ဦးကျော်မင်းဆွေအပါအဝင် သရုပ်ဆောင် မေပန်းချီ၊ မြတ်သူသူ၊ မေလသံစဥ်၊ အဆိုတော်ရွှေရည်သိန်းတန် တို့ ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ သိရပါတယ်။ မနေ့ ဇူလိူင် ၇ ရက် ညပိုင်းမှာ အကုန်လုံးပြန်လည်လွတ်မြောက်လာတာဖြစ်ပြီး လက်ရှိမှာနေအိမ်ကိုပြန်ရောက်နေပြီလို့ သိရပါတယ်။ “ဟုတ်တယ် မေပန်းချီပြန်လွတ်လာပြီ၊မနေ့ညက ပြန်လွတ်လာတာပါ။ လွတ်ငြိမ်းနဲ့ပြန်လွတ်လာတယ်လို့တော့ ကြားတယ်။အတိအကျတော့ မသိရသေးဘူး၊သူက ထောင် ၃ နှစ်ချပြီးပြီ၊အခုပြန်လွတ်လာတာပေါ့”လို့ အနုပညာရှင် အသိုင်းဝိုင်းက မိသားစုနဲ့ရင်းနှီးသူတစ်ဦးကပြောပါတယ်။ အဆိုပါ ၅ ယောက်ကို ပြီးခဲ့တဲ့ ဧပြီလ ထဲမှာ သသူတို့ရဲ့နေအိမ်တွေငနေ ဖမ်းဆီးခဲ့တာဖြစ်ပြီး ဖမ်းဆီးထိန်းသိမ်းထားပြီးနောက် ပုဒ်မ ၅၀၅-ကနဲ့ အမှုဖွင့်ကာ မေပန်းချီတစ်ယောက်ထဲကိုသာ ထောင် ၃ နှစ် ချမှတ်ခဲ့ကာ လက်ရှိမှာအကုန်ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကိစ္စနဲ့ ပတ်သက်ပြီး နိုင်ငံ့ဝန်ထမ်းတွေနဲ့…

Read More

ထိုင်းကို MOUစနစ်နဲ့သွားရင် ဝန်ဆောင်ခ အများဆုံး ၃ သိန်းနဲ့ ဘတ် ၇၀၀၀ ကျော်သာ သတ်မှတ်ထားပေမယ့် လက်တွေ့မှာ သိန်း ၄၀ အထိကုန်ကျနေတယ်လို့ သိရ

ဇူလိုင် ၈ – ၂၀၂၃ GG (VOM) ထိုင်းကို MOU စနစ်နဲ့ တရားဝင်အလုပ်သွားလုပ်မယ့် အလုပ်သမားတစ်ယောက်ဟာ ဝန်ဆောင်ခအဖြစ် ၃ သိန်း နဲ့ ကျန်းမာရေးအာမခံ အများဆုံး ဘတ် ၇၀၀၀ ကျော်သာ ကုန်ကျမှာဖြစ်ပေမယ့် လက်တွေမှာတော့ မြန်မာငွေ သိန်း ၄၀ လောက်အထိ ကုန်ကျမှုရှိနေတယ်လို့ ထိုင်းကိုသွားဖို့လုပ်နေသူတွေဆီက သိရပါတယ်။ အလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားတာကတော့ ထိုင်းနိုင်ငံကို MOU စနစ်နဲ့ တရားဝင်အလုပ်သွားလုပ်မယ်ဆိုရင် ​ထိုင်း SSB အကျုံးဝင်လုပ်ငန်းဖြစ်ပါက အလုပ်သမားတစ်ယောက်ကို ၃၀၀၀၀၀ သိန်းနဲ့ ၅၃၉၀ ဘတ် ကုန်ကျမှာဖြစ်ပြီး SSB အကျုံးမဝင်လုပ်ငန်းဖြစ်ပါက မြန်မာငွေ ၃သိန်းနဲ့ ဘတ်ငွေ ၇၆၀၀ ကုန်ကျမှာဖြစ်တယ်လို့ သိရပါတယ်။ အကယ်၍ အေဂျင်စီတွေအနေနဲ့ သတ်မှတ်နူန်းထားထက် ပိုပြီးကောက်ခံနေပါက ဝန်ဆောင်ခအဖြစ်ပေးရတဲ့ နူန်းထားကို အထောက်အထား ၊သက်သေနဲ့တကွ…

Read More

ပုန်ကန်မှုပြုခဲ့တဲ့ ၀ဂ္ဂနာကြေးစားအဖွဲ့ခေါင်းဆောင် ပရီဂိုဇင် ရုရှားမှာပင်ရှိနေကြောင်း ဘီလာရုစ်သမ္မတ အတည်ပြု

မင့်စ်၊ ဇူလိုင်-၇-၂၀၂၃ မျိုးဆက်(VOM) ရုရှားမှာ ပြီးခဲ့တဲ့လက ပုန်ကန်မှုကို ဦးဆောင်ခဲ့တဲ့ ၀ဂ္ဂနာကြေးစားအဖွဲ့အကြီးအကဲ ပရီဂိုဇင်ဟာ ရုရှားမှာ ရောက်ရှိနေထိုင်နေကြောင်း ဘီလာရုစ်သမ္မတ လူကာရှန်ကိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အဲဒီပုန်ကန်မှုအပြီးမှ ပရီဂိုဇင်ဘယ်မှာနေလဲဆိုတာ ပဟေဠိဖြစ်နေခဲ့ပြီး လွန်ခဲ့တဲ့တပတ်ကျော်က သူဟာ ဘီလာရုစ်မှာရှိနေကြောင်း ပုန်ကန်မှုအဆုံးသတ်ဖို့ ကြား၀င်ညှိနှိုင်းပေးခဲ့တဲ့ ဘီလာရုစ်သမ္မတက အတည်ပြုပြောဆိုခဲ့ပါတယ်။ ပရီဂိုဇင်ဟာ ဘီလာရုစ် ပိုင်နက်ထဲမှာရှိမနေဘဲ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာရှိနေတယ်လို့ ဘီလာရုစ်သမ္မတ လူကာရှန်ကိုက ပြောပါတယ်။ ပုန်ကန်မှုအဆုံးသတ်စေခဲ့ရာမှာ ကြေးစားအဖွဲ့အကြီးအကဲ ပရီဂိုဇင်အနေနဲ့ ဘီလာရုစ်မှာ ခိုလှုံဖို့နဲ့ ၀ဂ္ဂနာအဖွဲ့ရဲ့ ကြေးစားစစ်သားတွေကတော့ ရုရှားစစ်တပ်ထဲ၀င်ခြင်း၊ ဘီလာရုစ်ကို ပြောင်းရွှေ့ခြင်းနဲ့ အနားယူနိုင်ကြောင်း နှစ်ဘက် သဘောတူခဲ့ကြပါတယ်။ ဇွန်လနှောင်းပိုင်းမှာ ဘီလာရုစ်ကို ပျံသန်းသွားတဲ့ ပရီဂိုဇင်ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ပျံသန်းရာ လမ်းကြောင်းကို လေယာဉ်ပျံသန်းမှုစောင့်ကြည့်ဌာနတွေက ဖော်ပြထားပြီး လေယာဉ်ဟာ အဲဒီညနေက ရုရှားကို ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ သိထားသမျှကတော့…

Read More

ရသေ့တောင်မှာ ကလေးတွေအများဆုံးပါတဲ့စစ်ရှောင် ၇၀၀၀နီးပါး စားနပ်ရိက္ခာနဲ့ အမိုးအကာ တွေအရေးပေါ်လိုအပ်နေ

ဇူလိုင်၊ ၇-၂၀၂၃ MM(VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ကလေးတွေ အများဆုံးပါဝင်တဲ့ စစ်ဘေးရှောင်စခန်းတွေက ဒေသခံစစ်ဘေးရှောင်အယောက် ၇၀၀၀ နီးပါးဟာ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေအရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။ ”အခု စစ်ဘေးရှောင်တွေက ပြီးခဲ့တဲ့ ဇွန်လ ပထမအပတ်နဲ့ ဒုတိယ အပတ်လောက်က ရောက်လာတဲ့ စစ်ရှောင်အသစ်တွေပါ ၊ စစ်ဘေးရှောင် အကုန် ၇၀၀၀ နီးပါးလောက်ရှိတာ၊ စစ်ရှောင်တွေထဲမှာ ကြည့်ရတာ ကလေးတွေ တော်တော်များတယ် ၊ အခုသူတို့တွေ အမိုးအကာတွေ ၊ အနွေးထည်တွေ ၊ စားဖို့ရိက္ခာတွေ လိုအပ်နေတာ ၊ အခုလိုအပ်ချက်က အရမ်းများနေတယ်၊ စစ်ရှောင်တွေက မလျော့တဲ့အပြင် ထပ်တိုးလာတော့ လိုအပ်ချက်က များနေတာပေါ့ ။”လို့ စစ်ရှောင်တွေကို ကူညီပေးနေသူ တစ်ဦးကပြောပါတယ်။ ဒေသခံတစ်ဦး”က အရင်က အလှူရှင်တွေ အရမ်းပေါတာ ၊ အခုလုံးဝမရှိသလောက်ဖြစ်နေတယ်…

Read More

တကယ့်စစ်ပွဲတွေမှာ အောင်နိုင်ရေးပြင်ဆင်ထားဖို့ တရုတ်စစ်တပ်ကို သမ္မတရှီကျင်းပင် တိုက်တွန်း

ပေကျင်း၊ ဇူလိုင်-၇-၂၀၂၃ မျိုးဆက်(VOM) တရုတ်စစ်တပ်အနေနဲ့ တကယ်စစ်ပွဲတွေမှာ အောင်ပွဲရနိုင်ခြေတွေကို တိုးမြှင့်ဖို့အတွက် စစ်ပွဲနဲ့ တိုက်ခိုက်ရေးအစီအစဉ်တွေကို သေချာစွာပိုမိုလုပ်ဆောင်ကြဖို့ တရုတ်သမ္မတရှီကျင်းပင်က တရုတ်စစ်တပ်ကို တိုက်တွန်းလိုက်ပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းစစ်ဌာနချုပ်မှာ ဇူလိုင် ၆ ရက်က စစ်ဆေးမှုများပြုလုပ်စဉ်အတွင်း တရုတ်သမ္မတရှီကျင်းပင်က အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အရှေ့ပိုင်းစစ်ဌာနချုပ်ဟာ အရှေ့တရုတ်ပင်လယ်နဲ့ ထိုင်၀မ်ရေလက်ကြားတို့မှာ တည်ရှိဖြန့်ကြက်ထားပါတယ်။ အရှေ့ပိုင်းစစ်ဌာနချုပ်ဟာ တရုတ်နိုင်ငံ၏ ပိုက်နက်၊ အချုပ်အခြာအာဏာနဲ့ အကျိုးစီးပွားကို ကာကွယ်ရေးတွေမှာ သိသာထင်ရှားတဲ့ ပံ့ပိုးကူညီမှုများ လုပ်ဆောင်ခဲ့ကြောင်း တရုတ်သမ္မတက ပြောပါတယ်။ ကမ္ဘာကြီးဟာ မတည်ငြိမ်မှုတွေနဲ့ အပြောင်းအလဲကာလသစ်တခုကို ရောက်ရှိနေပြီး ပူးတွဲစစ်ဆင်ရေးတွေအတွက် ကွပ်ကဲမှုစနစ်ကို အားကောင်းစေဖို့ အမှန်တကယ်တိုက်ပွဲများအတွက် လေ့ကျင့်သားပြည့်ဝရေး ပြင်ဆင်ထားဖို့ ရှီကျင်းပင်က တိုက်တွန်းပြောဆိုပါတယ်။ တရုတ်စစ်တပ်ရဲ့ အရှေ့ပိုင်းစစ်ဌာနချုပ်ဟာ ထိုင်၀မ်အပေါ် စစ်ရေးဖိအားတွေ တိုးမြှင့်ပေးနေကြောင်း စောင့်ကြည့်လေ့လာသူတွေကပြောပါတယ်။ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း…

Read More

ရန်ကုန်က barနဲ့စားသောက်ဆိုင်တွေမှာ Unplugged ဖျော်ဖြေမှု ပြန်ခွင့်ပြုပေမယ့် နေပြည်တော်မှာတော့ ပိတ်ထားဆဲဖြစ်

ဇူလိူင် ၇ – ၂၀၂၃ KT + GG (VOM) ရန်ကုန်တိုင်းက Bar နဲ့ စားသောက်ဆိုင်တွေမှာ Unplugged သီဆိုဖျော်ဖြေမှု ရပ်ဆိုင်းထားတဲ့အပေါ် တာဝန်ရှိသူတွေက ဖျော်ဖြေခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီး နေပြည်တော်ကောင်စီနယ်မြေ မှာတော့ ဖျော်ဖြေခွင့်ရပ်ဆိုင်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်က Bar နဲ့စားသောက်ဆိုင်တွေမှာ ထည့်သွင်းထားတဲ့ Unplugged သီဆိုဖျော်ဖြေမှုကို ရပ်ထားဖို့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက ဇူလိုင် ၅ ရက်နေ့ မှာ အသိပေးအကြောင်းကြားကာ ခံဝန်လက်မှတ်ထိုးခဲ့တာဖြစ်ပေမယ့် လက်ရှိမှာ ပြန်လည်ဆောင်ရွက်ခွင့်ပြုလိုက်တာ ဖြစ်တယ်လို့သိရပါတယ်။ ” တနေ့က ၅ ရက်နေ့မှာ အုပ်ချုပ်ရေးဘက်က အကြောင်းကြားတယ်၊ တီးဝိုင်းနဲ့ ဖျော်ဖြေတဲ့ Unplugged ကိုရပ်ထားဖို့ပေါ့၊ကျနော်တို့ကို ရပ်ခိုင်းထားတယ်ဆိုတဲ့အကြောင်း သိရှိကြောင်းကို လက်မှတ်ထိုးရတယ်။ဒါကြောင့် Unplugged တွေရပ်မယ့်အကြောင်း ကျနော်တို့အသိပေးခဲ့တယ်။ဒါပေမယ့် မနေ့ကပြန်ထည့်လို့ရကြောင်းထပ်သိရတယ်၊ဒါကြောင့် ပြန်ဖျော်ဖြေမယ့်အကြောင်း ကျနော်တို့လည်း အသိပေးတာပါ ”…

Read More

ပျောက်ဆုံးခဲ့ရ စိတ္တဇအလွမ်းနေ့စွဲများ

ဆူးငှက်   စိတ်ထဲမှာတော့ တစ်နေ့မနေ့ကလို ထင်နေမိတာ ပါပဲ။ ဒါပေမယ့် တကယ်တမ်းပြန်စဉ်းစားလိုက်တော့ နှစ်ပေါင်း ၃၀ကျော်ပြီလေ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်ရောက်တာ ၁၉၇၅-၇၆ ခုနှစ် ပါ။ မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်ပေါ့။ တက္ကသိုလ်မှာ ပထမနှစ်ကနေ စတုတ္တနှစ်အထိ (၄)နှစ်စလုံး ပြည့်ပြည့်၀၀ နေခဲ့ရတာ ကျွန်တော်တို့နှစ်က နောက်ဆုံးနှစ်ပါ။နောက်နှစ်မှာပဲ ဆယ်တန်းအောင်လို့ တက္ကသိုလ် ဆက်တက်မယ်ဆို နန်းရှေ့က ဒေသကောလိပ်မှာ စတက်ကြရတာလေ။ ဒေသကောလိပ် (၂)နှစ်နေပြီးမှ သက်ဆိုင်ရာတက္ကသိုလ်အသီးသီးဆီ ခရီးဆက်ကြရတာ။   ကျွန်တော်တို့ တက္ကသိုလ်တက်ကြတယ်ဆိုတာ မြို့ပေါ်က နေ့ကျောင်းသားတွေဆိုတော့ သိပ်မထူးခြားလှပါဘူး။ မနက်လင်းရင် အိမ်ကစက်ဘီးနဲ့ထွက်၊ စုရပ် သူငယ်ချင်းအိမ်၊ ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်ကနေ ကျောင်းကို တစ်စုတဝေး တပျော်တပါးသွားကြတာပါပဲ။ အထက်တန်းကျောင်းသားတုန်းကလည်း ဒီလိုပါပဲ။ တက္ကသိုလ်စတက်ကြတော့ တစ်ကျောင်းလုံးနဲ့သက်ဆိုင်တဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို အားကစားရုံမှာ တခမ်းတနားကျင်းပတယ်။ အဲဒီနေ့ကစပြီး…

Read More
VOM News

FREE
VIEW