ဇူလိူင် ၆ – ၂၀၂၃ GG (VOM) မွန်ပြည်နယ် ၊ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဆံတော်ရှင် တောင်တက်ကားလမ်း မိုင်းခွဲခံရပြီး တံတားပျက်စီးသွားတာကြောင့် ကားတွေသွားလာလို့မရတဲ့အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီနေ့ ဇူလိူင် ၆ ရက် ၊ ညနေ ၃ နာရီခွဲလောက်မှာ ကင်မွန်းချောင်း-ကျိုက်ထီးရိုးသွား တောင်တက် ကားလမ်းပေါ်က လေးဖာတော တံတား ဖောက်ခွဲဖျက်စီးခံရတာဖြစ်ပြီး လက်ရှိမှာ ကားတွေဖြတ်သန်းသွားလာလို့မရဘူးလို့ သိရပါတယ်။ “ဟုတ်ပါတယ် ၊ မိုင်းခွဲခံရတော့ကျိုးသွားတယ်၊ပေါက်ထွက်သွားတာပေါ့။ ကားတွေဆင်းလာလို့မရတဲ့အနေအထားဖြစ်သွားတယ်။ညနေသွားစစ်မှသိရတာပေါ့။ တောင်ပေါ်မှာ ကျန်ခဲ့တဲ့ ခရီးသည်းတွေလည်း ရှိနေတာပေါ့။ ခရီးသည် ၂၀ လောက်တော့ရှိနေတာပေါ့။မနက်ဖြန်တော့ အပေါ်ကလည်း တောင်တက်ကားအသင်းကပို့ ၊ အောက်ကနေ ကျနော်တို့ကလည်းသွားကြိုဖို့လုပ်ထားတယ်။ “လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြောဆိုခွင့်ရှိသူ ဦးတိုးဝင်းကပြောပါတယ်။ တံတားဖောက်ခွဲခံရပြီး ပျက်စီးသွားတာကြောင့် ကားတွေဖြတ်သန်းသွားလာမရတော့လို့ ကျိုက်ထီးရိုးတောင်ပေါ်မှာ ပိတ်မိနေတဲ့ ဘုရားဖူးခရီးသည်တွေကို မနက်ဖြန်မှာ…
Read MoreMonth: July 2023
မိန်းမလှကျွန်းအနီးနဲ့ ဘိုကလေးမြို့ပေါ် လူပြတ်တဲ့လမ်းတွေမှာ ဓားထောက်သေနတ်ပြလုယက် နေလို့ ဒေသခံတွေ အခက်အခဲဖြစ်နေ
ဇူလိုင် ၅-၂၀၂၃ MM(VOM) ဧရာဝတီတိုင်း ၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ်က မိန်းမလှကျွန်းဘေးမဲ့တောအနီးနဲ့ ဘိုကလေးမြို့ပေါ်တက်တဲ့ လူပြတ်တဲ့လမ်းတွေမှာ လူပြတ်တာကို အခွင့်ကောင်းယူပြီး ဓားထောက် ၊ သေနတ်ပြ ရိုက်နက် လုယက်တာတွေ ခပ်စိပ့်စိပ့်ဖြစ်လာလို့ ဒေသခံတွေ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ”လုယက်သူတွေက လူပြတ် လူရှင်းတာကို အခွင့်ကောင်း ယူလုပ်နေတာ၊ အုပ်စုဖွဲ့ လုယက်နေတာ၊ လမ်းသွားလမ်းလာတွေဆီကနေ တန်ဖိုးကြီးပစ္စည်းတွေကို အသက်အန္တရာယ်ခြိမ်းခြောက်ပြီး လုယက်နေတာ ၊ ပြီးခဲ့တဲ့ ဇွန်လ၂၂ ရက်က မြို့ပေါ်တက်လာတဲ့ စပါးကုန်သည်ကို အသင့်စောင့်နေတဲ့လူ ၅ ဦးဓားထောက် လုယက်ခံရတာ ၊ ငွေသိန်း ၂၀ လောက်နဲ့ လက်စွပ် ပေးလိုက်ရတယ် ၊ ၂၇ ရက်ကလည်း ဧရာကျေးရွာအနီးမှာ ဆိုင်ကယ် ကယ်ရီသမားတစ်ဦးကို လုယက်တာ ခံရသေးတယ်တဲ့ ဘာတွေ ပါသွားလည်း…
Read Moreရေဖြူမှာ နှစ်ရက်ကြာပျောက်ဆုံးနေတဲ့ သုံးနှစ်အရွယ်သမီးငယ်ကို သေဆုံးလျက် ပြန်တွေ့
ဇူလိုင် ၆ – ၂၀၂၃ SN (VOM) ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ သဲချောင်းကျေးရွာအုပ်စု၊ သဲချောင်းရွာက နှစ်ရက်ကြာ ပျောက်ဆုံးနေတဲ့ သုံးနှစ်အရွယ် သမီးငယ်လေးကို ဒီနေ့ ဇူလိုင် ၆ ရက် မနက်ပိုင်းက သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ မိခင်ဖြစ်သူဆီက သိရပါတယ်။ ကလေးငယ်ဟာ ဇူလိုင် ၄ ရက်က မိခင်ဖြစ်သူ နွားပျောက်သွားရှာချိန် နေအိမ်မှာ တစ်ဦးတည်းကျန်ရစ်ခဲ့ရာက ပျောက်ဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ရွာစပ်ကနေဆိုရင် ကိုက်သုံးဆယ်လောက်ရှိမယ်၊ လယ်ကွင်းနားက ရေထဲမှာ ပြန်တွေ့ခဲ့ရတာပါ။ သေနေပါပြီရှင်။ အသုဘလည်းချလိုက်ပါပြီ။ ပုပ်လည်းပုပ်နေပြီဆိုတော့။ သူပျောက်တဲ့နေ့က ကျွန်မက နွားပျောက်လို့ အပြင်မှာသွားရှာနေတာ။ သမီးလေးကို ဖုန်းတစ်လုံးနဲ့ အိမ်မှာထားခဲ့တာ။ နွားရှာပြီးပြန်လာတာနဲ့ အိမ်မှာ သမီးကိုမတွေ့တော့ဘူး။ ဖုန်းပဲကျန်ခဲ့တယ်။ သူ့ကို ပျောက်ကတည်းက ရှာနေတာပါ။ တစ်ရွာလုံးလည်း ကူရှာပေးတယ်၊ မတွေ့ဘူး။ ဒီမနက်ကျမှ ရေထဲမှာပြန်တွေ့ခဲ့ရတာပါ”…
Read Moreတောင်အာဖရိကမှာ နိုက်ထရစ်အောက်ဆိုဒ်ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် (၁၆) ယောက်သေဆုံး
ဂျိုဟန်နက်စဘတ် ၊ ဇူလိုင်-၆-၂၀၂၃ မျိုးဆက်(VOM) တောင်အာဖရိကနိုင်ငံမှာ နိုက်ထရစ်အောက်ဆိုဒ် ဓါတ်ငွေ့ယိုစိမ့်မှုတခု ဇူလိုင် ၅ ရက်ကဖြစ်ပွားခဲ့တာကြောင့် လူ ၁၆ ယောက်သေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအ၀င် လူများစွာသေဆုံးစေခဲ့တဲ့ ဓါတ်ငွေ့ယိုစိမ့်မှုဟာ ဂျိုဟန်နက်စဘတ်အရှေ့ဘက် ဘော့ခ်စဘတ်ရှိ ကျုးကျော်ရပ်ကွက်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီဓါတ်ငွေ့ယိုစိမ့်မှုဟာ ဒေသတွင်းမှာရှိနေတဲ့ တရားမ၀င်ရွှေတူးဖော်မှုနဲ့ ဆက်စပ်နေပြီး နိုက်ထရစ်အောက်ဆိုဒ်ဓါတ်ငွေ့ကို စွန့်ပစ်ရွှေတွင်းဟောင်းတွေကနေ ရွှေထုတ်ယူဖို့ တရားမ၀င်တူးဖော်သူတွေက အသုံးပြုလေ့ရှိပါတယ်။ ဓါတ်ငွေ့ယိုစိမ့်ရာနေရာကနေ မီတာ ၁၀၀ အကွာမှာ အဆိပ်သင့်ပြီး လူများသေဆုံးနေတာကို တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ဆေးရုံတင်ရသူ မရှိသေးကြောင်း တောင်အာဖရိက အရေးပေါ်၀န်ဆောင်မှုဌာနက ပြောပါတယ်။ ဒါပေမယ့် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပြီး သေဆုံးသူတွေကို ထပ်မံတွေ့ရှိလာနိုင်ကြောင်း တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: BBC #voiceofmyanmar #VOM #ဂျိုဟန်နက်စဘတ်
Read Moreနျူကလီးယားစက်ရုံက ရေဆိုးတွေ ပင်လယ်ထဲစွန့်ထုတ်မယ့် ဂျပန်နိုင်ငံရဲ့အစီအစဉ်ကို တောင်ကိုရီးယားပြည်သူတွေ ကန့်ကွက်ဆန္ဒပြ
ဆိုးလ်၊ ဇူလိုင်-၆-၂၀၂၃ မျိုးဆက်(VOM) ဂျပန်နိုင်ငံ ဖူကူရှီးမားနျူကလီးယားစက်ရုံပျက်ရဲ့ ရေဒီယိုသတ္တိကြွရေဆိုးတွေကို သန့်စင်ပြီး ပင်လယ်ထဲစွန့်ထုတ်မယ့် အစီအစဉ်ကို တောင်ကိုရီးယားပြည်သူတွေက ဆန္ဒပြကန့်ကွက်နေကြပါတယ်။ ရေဆိုးတွေစွန့်ထုတ်မယ့် ဂျပန်နိုင်ငံရဲ့ အစီအစဉ်ဟာ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီကြောင်း နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီက အတည်ပြုခဲ့တဲ့ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုလက်ခံကြောင်း တောင်ကိုရီးယားအစိုးရက ဇူလိုင် ၅ ရက်မှာ ပြောပါတယ်။ ဒီလိုစွန့်ထုတ်မယ့်အစီအစဉ်ကို နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီက နှစ်နှစ်ကြာ သုံးသပ်မှုတွေ ပြုလုပ်ခဲ့ပြီးပြီးနောက် အစီအစဉ်ကို ခွင့်ပြုခဲ့တာဖြစ်ပြီး ဓါတ်ရောင်ခြည်သင့်မှု အလွန်နည်းပြီး သဘာ၀ပတ်၀န်းကျင်ကို သက်ရောက်မှုမရှိဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံရဲ့အစီအစဉ်ကို တောင်ကိုရီးယားပြည်သူတွေက ကန့်ကွက်နေကြပြီး အတိုက်အခံနိုင်ငံရေးသမား လီဂျောင်မီဟာ ဆိုးလ်မြို့ရှိ ဂျပန်သံရုံးပြင်ပမှ ဒီအစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ အစာအငတ်ခံဆန္ဒပြနေတာ ၁၀ ရက်ကျော်ရှိလာပြီဖြစ်ပါတယ်။ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီရဲ့ ပြန်လည်သုံးသပ်မှုအစီရင်ခံစာဟာ စွန့်ထုတ်မယ့်ရေဆိုးတွေနဲ့ပတ်သက်ပြီး ဘေးကင်းကြောင်း သိပ္ပံနည်းကျ အထောက်အထားတွေ မတင်ပြနိုင်တာကြောင်း မယုံကြည်နိုင်ကြောင်း သူက…
Read Moreသွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ ဆက်တိုက်တင်းကျပ်မှုတွေကြောင့် ခက်ခဲမှုတွေရှိလာတယ်လို့ သိရ
ဇူလိူင် ၆ – ၂၀၂၃ GG (VOM) သွင်းကုန် လုပ်ငန်းရှင်တွေအနေနဲ့ လိုင်စင် ရပြီးမှသာ Import တင်သွင်းဖို့နဲ့ လိုင်စင်မရမီ တင်သွင်းလာတဲ့ပစ္စည်းတွေကို ငွေလွှဲခွင့်မပြုဘူးလို့ ဗဟိုဘဏ်က အသိပေးလိုက်ပါတယ်။ ဒါ့အပြင် သွင်းကုန်အတွက် Advanced Payment TT စနစ်နဲ့ ငွေပေးချေခြင်းကို ခွင့်မပြုကြောင်း၊ ထူးခြားတဲ့ အကြောင်းအရာရှိတဲ့ သွင်းကုန်အတွက် ငွေချေဖို့ မဖြစ်မနေလိုအပ်လို့ တင်ပြလာရင် Case by Case တင်ပြပြီးခွင့်ပြုချက်ယူရမှာဖြစ်တယ်လို့ သိရပါတယ်။ နောက်ပြီး လိုင်စင်ခွင့်ပြုရက်စွဲ၊ သင်္ဘောတင်ရက်စွဲနဲ့ ID ရက်စွဲကိုလည်း တိုက်ဆိုင်စစ်ဆေးဖို့ ၊ License Date ဟာ ID Date ထက် နောက်ကျနေတဲ့ ကိစ္စဆိုရင်လည်း တင်ပြခြင်းမပြုဖို့ဆိုပြီး စာမှာ အသိပေးထားပါတယ်။ အခုလို ဗဟိုဘဏ် ထုတ်ပြန်မှုနဲ့ပတ်သက်ပြီး သွင်းကုန်လုပ်ငန်းရှင်တစ်ဦးက” ID ထွက်ထား…
Read Moreစသိန်းဇော်မင်း အပါ ကရင်လူငယ် ၃ ဦး ပုဒ်မ ၂ခုနဲ့ ထောင် ၁၀ နှစ်ချမှတ်ခံရ
ဇူလိူင် ၅ – ၂၀၂၃ GG (VOM) ဧရာဝတီတိုင်း ၊ အိမ်မဲမြို့နယ်က ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအတွက်လုပ်ဆောင်နေတဲ့ စသိန်းဇော်မင်း အပါအဝင် လူငယ် ၃ ယောက်ကို ဒီနေ့ ဇူလိူင် ၅ ရက်နေ့မှာ မြောင်းမြထောင်တွင်းတရားရုံးကနေ ထောင် ၁၀ နှစ် အမိန့်ချမှတ်လိုက်တယ်လို့သိရပါတယ်။ စသိန်းဇော်မင်း ၊ ကိုစောနေမူး အပါအဝင် လူ ၃ ယောက်ကို ပုဒ်မ ၅၂ ၊ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုကာ ဖမ်းဆီးပြီး ၆ လကျော်အကြာမှာ အခုလိုအမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။ ” ပုဒ်မ ၅၀ ၊ ၅၂ နှစ်ခုနဲ့ အမိန့်ချလိုက်တာပေါ့။ စသိန်းဇော်မင်း ရယ် စောနေမူးရယ်၊ နောက်တစ်ယောက် ပါတယ်၊အားလုံး၃ယောက်ပေါ့။ဒီနေ့အမိန့်ချလိုက်တာပါ။သူတို့ကို ပထမတစ်ရက်ဖမ်းတယ်၊အာမခံနဲ့ပြန်လွှတ်တယ်၊နောက် ၃ရက် ၄ ရက်ကြာတော့ ပြန်ဖမ်းလိုက်တာ။ရုံးချိန်းတွေက…
Read Moreဂျပန် နျူကလီးယားဓါတ်အားပေးစက်ရုံပျက်က ရေဆိုးတွေ ပင်လယ်ထဲ စွန့်ထုတ်တော့မယ်
တိုကျို၊ ဇူလိုင်-၅-၂၀၂၃ မျိုးဆက်(VOM) ဂျပန်နိုင်ငံမှာ ဆူနာမီကြောင့် ပျက်စီးသွားတဲ့ ဖူကူရှီးမာနျူကလီးယား ဓါတ်အားပေးစက်ရုံက ရေဆိုးတွေကို ပင်လယ်ထဲ စွန့်ထုတ်မယ့် ဂျပန်နိုင်ငံရဲ့အစီအစဉ်ဟာ နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့ ကိုက်ညီတာကြောင့် စွန့်ထုတ်ခွင့်ပြုကြောင်း နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (အိုင်အေအီးအေ)က ပြောပါတယ်။ နျူကလီးယားဓါတ်အားပေးစက်ရုံမှ သန့်စင်ထားတဲ့ ရေတွေကို ပင်လယ်ထဲစွန့်ထုတ်ဖို့ ဂျပန်နိုင်ငံရဲ့အစီအမံတွေဟာ သဘာ၀ပတ်၀န်းကျင်ကို ထိခိုက်မှုနည်းပါးလိမ့်မယ်လို့ အိုင်အေအီးအေက ပြောပါတယ်။ ဂျပန်နိုင်ငံရဲ့ အဲဒီအစီအစဉ်ကို တရုတ်နဲ့ တောင်ကိုရီးယားတို့က ကန့်ကွက်ထားပါတယ်။ ရေဆိုးတွေစွန့်ထုတ်ဖို့ စီစဉ်ထားတဲ့ နေ့ရက်အချိန်အသေးစိတ်ကိုတော့ ဂျပန်နိုင်ငံက ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ ၂၀၁၁ ခုနှစ်မှာ လှုပ်ခတ်ခဲ့တဲ့ ပြင်အား ၉ ဒသမ သုည အဆင့်ရှိ အင်အားပြင်းမြေငလျင်ကြောင့် ဖူကူရှီးမားနျူကလီးယား ဓါတ်အားပေးစက်ရုံရဲ့ ဓါတ်ပေါင်းဖိုသုံးလုံး ရေလွှမ်းမိုးပျက်စီးခဲ့ပြီး ယူကရ်ိန်းနိုင်ငံ ချာနိုဘိုင်းနျူကလီးယားဓါတ်အားပေးစက်ရုံ မတော်တဆမှုနောက်ပိုင်း ကမ္ဘာ့အဆိုးရွားဆုံးသော နျူကလီးယား မတော်တဆမှုဖြစ်ပါတယ်။ ဒီဖြစ်စဉ်ကြောင့် လူပေါင်း တသိန်းငါးသောင်းကျော်ကို ဘေးလွတ်ရာသို့…
Read Moreအထည်ချုပ်စက်ရုံက အလုပ်သမား၅ ယောက်နဲ့ အလုပ်သမားရေးဆောင်ရွက်သူ ၃ ယောက်ကို ပုဒ်မ ၂ခုနဲ့တရားစွဲဖို့လုပ်နေတယ်လို့ သိရ
ဇူလိူင် ၅ – ၂၀၂၃ KK + GG( VOM) ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ် ၊ ဟိုစိမ့်မြန်မာ Hosheng Myanmar အထည်ချုပ်စက်ရုံက ဖမ်းဆီးခံထားရတဲ့ အလုပ်သမား ၅ ယောက်နဲ့ အလုပ်သမားအရေးလှုပ်ရှားသူ ၃ ယောက်ကို ပုဒ်မ ၂ ခုနဲ့ တရားစွဲဖို့ စီစဥ်နေတယ်လို့ အလုပ်သမား အရေးဆောင်ရွက်နေသူတွေဆီက သိရပါတယ်။ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅၀၅ – က ၊ မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇ ( ၁ ) နဲ့ တရားစွဲဖို့ သက်ဆိုင်ရာ ရဲစခန်းဘက်က အသိပေးလာတာဖြစ်တယ်လို့ သိရပါတယ်။ ” ဟုတ်တယ် ၊ ပုဒ်မ ၂ ခုနဲ့တရားစွဲဖို့လုပ်နေတယ်လို့သိရတယ်။ ဖမ်းခံရတဲ့အထဲမှာ တစ်ယောက်က ခန်းမငှားပေးတဲ့သူပါ။လုပ်ခလစာ တိုးတောင်းတာကနေ အဖမ်းခံရပြီး…
Read Moreနေအိမ်တွေဖျက်ခံရမယ့် နန်းဦးလွင်ကျေးရွာကို အကြောင်းကြားစာအချို့ လာကပ်တယ်လို့သိရ
ဇူလိုင် ၅-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်အတွင်းက နေအိမ်တွေ ဖျက်သိမ်းခံရမယ့် နန်းဦးလွင်ကျေးရွာကို ဒီကနေ့ နေ့လယ်ပိုင်းက အကြောင်းကြားစာအချို့ လာကပ်သွားတယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။ နေအိမ်ဖျက်သိမ်းခံရမယ့် နန်းဦးလွင်ကျေးရွာခံတစ်ဦးက ” ကျွန်မလည်း စာလာကပ်တယ်ဆိုလို့ သွားကြည့်တာ ဟုတ်တယ်၊ဆိုင်းငံ့တယ် မဖျက်သိမ်းဘူးဆိုတာတော့ မပါဘူး၊ နစက ဥက္ကဌရဲ့ ညွန်ကြားချက်ဆိုတာကို အောက်ခြေက မလိုက်နာရင် အရေးယူမယ်ဆိုတာတော့ တွေ့ရတယ်။ ဘာတွေဖြစ်လာအုံးမလဲဆိုတာ ဆက်တော့ စောင့်ကြည့်ရမှာပဲ”လို့ ပြောပါတယ်။ အဲ့ဒီအကြောင်းကြားစာထဲမှာတော့ နေအိမ်ဖျက်သိမ်းမယ့်ကိစ္စ ဆိုင်းငံ့ခြင်း နဲ့ ပတ်သက်ပြီး တစုံတရာရေးသားထားတာကိုတော့ မတွေ့ရပါဘူး။ ပြီးခဲ့တဲ့ ဇွန်လ ၂၇ရက်နေ့က မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နန်းဦးလွင်၊ မဲခင်းကုန်း၊ ဂွေ့ကြီးကုန်း၊ ကန်ကောက်အရှေ့ စတဲ့ကျေးရွာတွေကို နေအိမ်အဆောက်အဦ ရာနဲ့ချီ ဖယ်ရှားပေးဖို့ ထုတ်ပြန်စာလာကပ်သွားခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် ကျေးရွာအချို့က နေပြည်တော်ရှိ တာ၀န်ရှိသူတွေကို…
Read More