နေအိမ်တွေဖျက်ခံရမယ့် နန်းဦးလွင်ကျေးရွာကို အကြောင်းကြားစာအချို့ လာကပ်တယ်လို့သိရ

ဇူလိုင် ၅-၂၀၂၃
Voice Of Myanmar(VOM)

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်အတွင်းက နေအိမ်တွေ ဖျက်သိမ်းခံရမယ့် နန်းဦးလွင်ကျေးရွာကို ဒီကနေ့ နေ့လယ်ပိုင်းက အကြောင်းကြားစာအချို့ လာကပ်သွားတယ်လို့ မန္တလေးမြို့ခံတွေဆီက သိရပါတယ်။

နေအိမ်ဖျက်သိမ်းခံရမယ့် နန်းဦးလွင်ကျေးရွာခံတစ်ဦးက ” ကျွန်မလည်း စာလာကပ်တယ်ဆိုလို့ သွားကြည့်တာ ဟုတ်တယ်၊ဆိုင်းငံ့တယ် မဖျက်သိမ်းဘူးဆိုတာတော့ မပါဘူး၊ နစက ဥက္ကဌရဲ့ ညွန်ကြားချက်ဆိုတာကို အောက်ခြေက မလိုက်နာရင် အရေးယူမယ်ဆိုတာတော့ တွေ့ရတယ်။ ဘာတွေဖြစ်လာအုံးမလဲဆိုတာ ဆက်တော့ စောင့်ကြည့်ရမှာပဲ”လို့ ပြောပါတယ်။

အဲ့ဒီအကြောင်းကြားစာထဲမှာတော့ နေအိမ်ဖျက်သိမ်းမယ့်ကိစ္စ ဆိုင်းငံ့ခြင်း နဲ့ ပတ်သက်ပြီး တစုံတရာရေးသားထားတာကိုတော့ မတွေ့ရပါဘူး။

ပြီးခဲ့တဲ့ ဇွန်လ ၂၇ရက်နေ့က မန္တလေးမြို့၊ပုသိမ်ကြီးမြို့နယ်အတွင်းရှိ နန်းဦးလွင်၊ မဲခင်းကုန်း၊ ဂွေ့ကြီးကုန်း၊ ကန်ကောက်အရှေ့ စတဲ့ကျေးရွာတွေကို နေအိမ်အဆောက်အဦ ရာနဲ့ချီ ဖယ်ရှားပေးဖို့ ထုတ်ပြန်စာလာကပ်သွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် ကျေးရွာအချို့က နေပြည်တော်ရှိ တာ၀န်ရှိသူတွေကို အသနားခံစာတင်ပြမှုများ ပြုလုပ်ခဲ့ပြီး နောက်ပိုင်း ဒီနေ့ ဇူလိုင် ၅ရက်မှာ အခု ထုတ်ပြန်စာကို ထပ်မံ လာကပ်သွားတာ ဖြစ်တယ်လို့လည်း နေအိမ်ဖျက်သိမ်းခံရမယ့် ကျေးရွာခံအချို့ရဲ့ ပြောပြချက်အရ သိရပါတယ်။

Photo Crd -Original Upolader
#voiceofmyanmar #VOM #မန္တလေး # #နေအိမ်ဖယ်ရှားမှု #ထုတ်ပြန်စာထပ်ကပ်

Related posts

Leave a Comment

VOM News

FREE
VIEW