တောင်အာဖရိကမှာ နိုက်ထရစ်အောက်ဆိုဒ်ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် (၁၆) ယောက်သေဆုံး

ဂျိုဟန်နက်စဘတ် ၊ ဇူလိုင်-၆-၂၀၂၃
မျိုးဆက်(VOM)

တောင်အာဖရိကနိုင်ငံမှာ နိုက်ထရစ်အောက်ဆိုဒ် ဓါတ်ငွေ့ယိုစိမ့်မှုတခု ဇူလိုင် ၅ ရက်ကဖြစ်ပွားခဲ့တာကြောင့် လူ ၁၆ ယောက်သေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။

အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအ၀င် လူများစွာသေဆုံးစေခဲ့တဲ့ ဓါတ်ငွေ့ယိုစိမ့်မှုဟာ ဂျိုဟန်နက်စဘတ်အရှေ့ဘက် ဘော့ခ်စဘတ်ရှိ ကျုးကျော်ရပ်ကွက်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။

အဲဒီဓါတ်ငွေ့ယိုစိမ့်မှုဟာ ဒေသတွင်းမှာရှိနေတဲ့ တရားမ၀င်ရွှေတူးဖော်မှုနဲ့ ဆက်စပ်နေပြီး နိုက်ထရစ်အောက်ဆိုဒ်ဓါတ်ငွေ့ကို စွန့်ပစ်ရွှေတွင်းဟောင်းတွေကနေ ရွှေထုတ်ယူဖို့ တရားမ၀င်တူးဖော်သူတွေက အသုံးပြုလေ့ရှိပါတယ်။

ဓါတ်ငွေ့ယိုစိမ့်ရာနေရာကနေ မီတာ ၁၀၀ အကွာမှာ အဆိပ်သင့်ပြီး လူများသေဆုံးနေတာကို တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ဆေးရုံတင်ရသူ မရှိသေးကြောင်း တောင်အာဖရိက အရေးပေါ်၀န်ဆောင်မှုဌာနက ပြောပါတယ်။

ဒါပေမယ့် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပြီး သေဆုံးသူတွေကို ထပ်မံတွေ့ရှိလာနိုင်ကြောင်း တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref: BBC
#voiceofmyanmar #VOM #ဂျိုဟန်နက်စဘတ်

Related posts

Leave a Comment

VOM News

FREE
VIEW