ပုန်ကန်မှုပြုခဲ့တဲ့ ၀ဂ္ဂနာကြေးစားအဖွဲ့ခေါင်းဆောင် ပရီဂိုဇင် ရုရှားမှာပင်ရှိနေကြောင်း ဘီလာရုစ်သမ္မတ အတည်ပြု

မင့်စ်၊ ဇူလိုင်-၇-၂၀၂၃ မျိုးဆက်(VOM) ရုရှားမှာ ပြီးခဲ့တဲ့လက ပုန်ကန်မှုကို ဦးဆောင်ခဲ့တဲ့ ၀ဂ္ဂနာကြေးစားအဖွဲ့အကြီးအကဲ ပရီဂိုဇင်ဟာ ရုရှားမှာ ရောက်ရှိနေထိုင်နေကြောင်း ဘီလာရုစ်သမ္မတ လူကာရှန်ကိုက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ အဲဒီပုန်ကန်မှုအပြီးမှ ပရီဂိုဇင်ဘယ်မှာနေလဲဆိုတာ ပဟေဠိဖြစ်နေခဲ့ပြီး လွန်ခဲ့တဲ့တပတ်ကျော်က သူဟာ ဘီလာရုစ်မှာရှိနေကြောင်း ပုန်ကန်မှုအဆုံးသတ်ဖို့ ကြား၀င်ညှိနှိုင်းပေးခဲ့တဲ့ ဘီလာရုစ်သမ္မတက အတည်ပြုပြောဆိုခဲ့ပါတယ်။ ပရီဂိုဇင်ဟာ ဘီလာရုစ် ပိုင်နက်ထဲမှာရှိမနေဘဲ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာရှိနေတယ်လို့ ဘီလာရုစ်သမ္မတ လူကာရှန်ကိုက ပြောပါတယ်။ ပုန်ကန်မှုအဆုံးသတ်စေခဲ့ရာမှာ ကြေးစားအဖွဲ့အကြီးအကဲ ပရီဂိုဇင်အနေနဲ့ ဘီလာရုစ်မှာ ခိုလှုံဖို့နဲ့ ၀ဂ္ဂနာအဖွဲ့ရဲ့ ကြေးစားစစ်သားတွေကတော့ ရုရှားစစ်တပ်ထဲ၀င်ခြင်း၊ ဘီလာရုစ်ကို ပြောင်းရွှေ့ခြင်းနဲ့ အနားယူနိုင်ကြောင်း နှစ်ဘက် သဘောတူခဲ့ကြပါတယ်။ ဇွန်လနှောင်းပိုင်းမှာ ဘီလာရုစ်ကို ပျံသန်းသွားတဲ့ ပရီဂိုဇင်ရဲ့ ကိုယ်ပိုင်ဂျက်လေယာဉ်ပျံသန်းရာ လမ်းကြောင်းကို လေယာဉ်ပျံသန်းမှုစောင့်ကြည့်ဌာနတွေက ဖော်ပြထားပြီး လေယာဉ်ဟာ အဲဒီညနေက ရုရှားကို ပြန်လာခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိ သိထားသမျှကတော့…

Read More

ရသေ့တောင်မှာ ကလေးတွေအများဆုံးပါတဲ့စစ်ရှောင် ၇၀၀၀နီးပါး စားနပ်ရိက္ခာနဲ့ အမိုးအကာ တွေအရေးပေါ်လိုအပ်နေ

ဇူလိုင်၊ ၇-၂၀၂၃ MM(VOM) ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်မှာ ကလေးတွေ အများဆုံးပါဝင်တဲ့ စစ်ဘေးရှောင်စခန်းတွေက ဒေသခံစစ်ဘေးရှောင်အယောက် ၇၀၀၀ နီးပါးဟာ စားနပ်ရိက္ခာနဲ့ အမိုးအကာတွေအရေးပေါ်လိုအပ်နေတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့သူတွေဆီကနေ သိရပါတယ်။ ”အခု စစ်ဘေးရှောင်တွေက ပြီးခဲ့တဲ့ ဇွန်လ ပထမအပတ်နဲ့ ဒုတိယ အပတ်လောက်က ရောက်လာတဲ့ စစ်ရှောင်အသစ်တွေပါ ၊ စစ်ဘေးရှောင် အကုန် ၇၀၀၀ နီးပါးလောက်ရှိတာ၊ စစ်ရှောင်တွေထဲမှာ ကြည့်ရတာ ကလေးတွေ တော်တော်များတယ် ၊ အခုသူတို့တွေ အမိုးအကာတွေ ၊ အနွေးထည်တွေ ၊ စားဖို့ရိက္ခာတွေ လိုအပ်နေတာ ၊ အခုလိုအပ်ချက်က အရမ်းများနေတယ်၊ စစ်ရှောင်တွေက မလျော့တဲ့အပြင် ထပ်တိုးလာတော့ လိုအပ်ချက်က များနေတာပေါ့ ။”လို့ စစ်ရှောင်တွေကို ကူညီပေးနေသူ တစ်ဦးကပြောပါတယ်။ ဒေသခံတစ်ဦး”က အရင်က အလှူရှင်တွေ အရမ်းပေါတာ ၊ အခုလုံးဝမရှိသလောက်ဖြစ်နေတယ်…

Read More

တကယ့်စစ်ပွဲတွေမှာ အောင်နိုင်ရေးပြင်ဆင်ထားဖို့ တရုတ်စစ်တပ်ကို သမ္မတရှီကျင်းပင် တိုက်တွန်း

ပေကျင်း၊ ဇူလိုင်-၇-၂၀၂၃ မျိုးဆက်(VOM) တရုတ်စစ်တပ်အနေနဲ့ တကယ်စစ်ပွဲတွေမှာ အောင်ပွဲရနိုင်ခြေတွေကို တိုးမြှင့်ဖို့အတွက် စစ်ပွဲနဲ့ တိုက်ခိုက်ရေးအစီအစဉ်တွေကို သေချာစွာပိုမိုလုပ်ဆောင်ကြဖို့ တရုတ်သမ္မတရှီကျင်းပင်က တရုတ်စစ်တပ်ကို တိုက်တွန်းလိုက်ပါတယ်။ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် အရှေ့ပိုင်းစစ်ဌာနချုပ်မှာ ဇူလိုင် ၆ ရက်က စစ်ဆေးမှုများပြုလုပ်စဉ်အတွင်း တရုတ်သမ္မတရှီကျင်းပင်က အခုလို တိုက်တွန်းလိုက်တာဖြစ်ပါတယ်။ တရုတ်နိုင်ငံရဲ့ အရှေ့ပိုင်းစစ်ဌာနချုပ်ဟာ အရှေ့တရုတ်ပင်လယ်နဲ့ ထိုင်၀မ်ရေလက်ကြားတို့မှာ တည်ရှိဖြန့်ကြက်ထားပါတယ်။ အရှေ့ပိုင်းစစ်ဌာနချုပ်ဟာ တရုတ်နိုင်ငံ၏ ပိုက်နက်၊ အချုပ်အခြာအာဏာနဲ့ အကျိုးစီးပွားကို ကာကွယ်ရေးတွေမှာ သိသာထင်ရှားတဲ့ ပံ့ပိုးကူညီမှုများ လုပ်ဆောင်ခဲ့ကြောင်း တရုတ်သမ္မတက ပြောပါတယ်။ ကမ္ဘာကြီးဟာ မတည်ငြိမ်မှုတွေနဲ့ အပြောင်းအလဲကာလသစ်တခုကို ရောက်ရှိနေပြီး ပူးတွဲစစ်ဆင်ရေးတွေအတွက် ကွပ်ကဲမှုစနစ်ကို အားကောင်းစေဖို့ အမှန်တကယ်တိုက်ပွဲများအတွက် လေ့ကျင့်သားပြည့်ဝရေး ပြင်ဆင်ထားဖို့ ရှီကျင်းပင်က တိုက်တွန်းပြောဆိုပါတယ်။ တရုတ်စစ်တပ်ရဲ့ အရှေ့ပိုင်းစစ်ဌာနချုပ်ဟာ ထိုင်၀မ်အပေါ် စစ်ရေးဖိအားတွေ တိုးမြှင့်ပေးနေကြောင်း စောင့်ကြည့်လေ့လာသူတွေကပြောပါတယ်။ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပလိုစီ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း…

Read More

ရန်ကုန်က barနဲ့စားသောက်ဆိုင်တွေမှာ Unplugged ဖျော်ဖြေမှု ပြန်ခွင့်ပြုပေမယ့် နေပြည်တော်မှာတော့ ပိတ်ထားဆဲဖြစ်

ဇူလိူင် ၇ – ၂၀၂၃ KT + GG (VOM) ရန်ကုန်တိုင်းက Bar နဲ့ စားသောက်ဆိုင်တွေမှာ Unplugged သီဆိုဖျော်ဖြေမှု ရပ်ဆိုင်းထားတဲ့အပေါ် တာဝန်ရှိသူတွေက ဖျော်ဖြေခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီး နေပြည်တော်ကောင်စီနယ်မြေ မှာတော့ ဖျော်ဖြေခွင့်ရပ်ဆိုင်းထားဆဲဖြစ်တယ်လို့ သိရပါတယ်။ ရန်ကုန်က Bar နဲ့စားသောက်ဆိုင်တွေမှာ ထည့်သွင်းထားတဲ့ Unplugged သီဆိုဖျော်ဖြေမှုကို ရပ်ထားဖို့ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက ဇူလိုင် ၅ ရက်နေ့ မှာ အသိပေးအကြောင်းကြားကာ ခံဝန်လက်မှတ်ထိုးခဲ့တာဖြစ်ပေမယ့် လက်ရှိမှာ ပြန်လည်ဆောင်ရွက်ခွင့်ပြုလိုက်တာ ဖြစ်တယ်လို့သိရပါတယ်။ ” တနေ့က ၅ ရက်နေ့မှာ အုပ်ချုပ်ရေးဘက်က အကြောင်းကြားတယ်၊ တီးဝိုင်းနဲ့ ဖျော်ဖြေတဲ့ Unplugged ကိုရပ်ထားဖို့ပေါ့၊ကျနော်တို့ကို ရပ်ခိုင်းထားတယ်ဆိုတဲ့အကြောင်း သိရှိကြောင်းကို လက်မှတ်ထိုးရတယ်။ဒါကြောင့် Unplugged တွေရပ်မယ့်အကြောင်း ကျနော်တို့အသိပေးခဲ့တယ်။ဒါပေမယ့် မနေ့ကပြန်ထည့်လို့ရကြောင်းထပ်သိရတယ်၊ဒါကြောင့် ပြန်ဖျော်ဖြေမယ့်အကြောင်း ကျနော်တို့လည်း အသိပေးတာပါ ”…

Read More

ပျောက်ဆုံးခဲ့ရ စိတ္တဇအလွမ်းနေ့စွဲများ

ဆူးငှက်   စိတ်ထဲမှာတော့ တစ်နေ့မနေ့ကလို ထင်နေမိတာ ပါပဲ။ ဒါပေမယ့် တကယ်တမ်းပြန်စဉ်းစားလိုက်တော့ နှစ်ပေါင်း ၃၀ကျော်ပြီလေ။ ဟုတ်ပါတယ်။ ကျွန်တော်တို့ တက္ကသိုလ်ရောက်တာ ၁၉၇၅-၇၆ ခုနှစ် ပါ။ မန္တလေး ဝိဇ္ဇာနှင့်သိပ္ပံ တက္ကသိုလ်ပေါ့။ တက္ကသိုလ်မှာ ပထမနှစ်ကနေ စတုတ္တနှစ်အထိ (၄)နှစ်စလုံး ပြည့်ပြည့်၀၀ နေခဲ့ရတာ ကျွန်တော်တို့နှစ်က နောက်ဆုံးနှစ်ပါ။နောက်နှစ်မှာပဲ ဆယ်တန်းအောင်လို့ တက္ကသိုလ် ဆက်တက်မယ်ဆို နန်းရှေ့က ဒေသကောလိပ်မှာ စတက်ကြရတာလေ။ ဒေသကောလိပ် (၂)နှစ်နေပြီးမှ သက်ဆိုင်ရာတက္ကသိုလ်အသီးသီးဆီ ခရီးဆက်ကြရတာ။   ကျွန်တော်တို့ တက္ကသိုလ်တက်ကြတယ်ဆိုတာ မြို့ပေါ်က နေ့ကျောင်းသားတွေဆိုတော့ သိပ်မထူးခြားလှပါဘူး။ မနက်လင်းရင် အိမ်ကစက်ဘီးနဲ့ထွက်၊ စုရပ် သူငယ်ချင်းအိမ်၊ ဒါမှမဟုတ် လက်ဖက်ရည်ဆိုင်ကနေ ကျောင်းကို တစ်စုတဝေး တပျော်တပါးသွားကြတာပါပဲ။ အထက်တန်းကျောင်းသားတုန်းကလည်း ဒီလိုပါပဲ။ တက္ကသိုလ်စတက်ကြတော့ တစ်ကျောင်းလုံးနဲ့သက်ဆိုင်တဲ့ မောင်မယ်သစ်လွင်ကြိုဆိုပွဲကို အားကစားရုံမှာ တခမ်းတနားကျင်းပတယ်။ အဲဒီနေ့ကစပြီး…

Read More

ကျိုက်ထီးရိုးတောင်တက် ကားလမ်း မိုင်းခွဲခံရလို့ လက်တလော ကားတွေ သွားလာလို့မရ

ဇူလိူင် ၆ – ၂၀၂၃ GG (VOM) မွန်ပြည်နယ် ၊ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဆံတော်ရှင် တောင်တက်ကားလမ်း မိုင်းခွဲခံရပြီး တံတားပျက်စီးသွားတာကြောင့် ကားတွေသွားလာလို့မရတဲ့အခြေအနေ ဖြစ်နေတယ်လို့ သိရပါတယ်။ ဒီနေ့ ဇူလိူင် ၆ ရက် ၊ ညနေ ၃ နာရီခွဲလောက်မှာ ကင်မွန်းချောင်း-ကျိုက်ထီးရိုးသွား တောင်တက် ကားလမ်းပေါ်က လေးဖာတော တံတား ဖောက်ခွဲဖျက်စီးခံရတာဖြစ်ပြီး လက်ရှိမှာ ကားတွေဖြတ်သန်းသွားလာလို့မရဘူးလို့ သိရပါတယ်။ “ဟုတ်ပါတယ် ၊ မိုင်းခွဲခံရတော့ကျိုးသွားတယ်၊ပေါက်ထွက်သွားတာပေါ့။ ကားတွေဆင်းလာလို့မရတဲ့အနေအထားဖြစ်သွားတယ်။ညနေသွားစစ်မှသိရတာပေါ့။ တောင်ပေါ်မှာ ကျန်ခဲ့တဲ့ ခရီးသည်းတွေလည်း ရှိနေတာပေါ့။ ခရီးသည် ၂၀ လောက်တော့ရှိနေတာပေါ့။မနက်ဖြန်တော့ အပေါ်ကလည်း တောင်တက်ကားအသင်းကပို့ ၊ အောက်ကနေ ကျနော်တို့ကလည်းသွားကြိုဖို့လုပ်ထားတယ်။ “လို့ မွန်ပြည်နယ် အစိုးရအဖွဲ့ ပြောဆိုခွင့်ရှိသူ ဦးတိုးဝင်းကပြောပါတယ်။ တံတားဖောက်ခွဲခံရပြီး ပျက်စီးသွားတာကြောင့် ကားတွေဖြတ်သန်းသွားလာမရတော့လို့ ကျိုက်ထီးရိုးတောင်ပေါ်မှာ ပိတ်မိနေတဲ့ ဘုရားဖူးခရီးသည်တွေကို မနက်ဖြန်မှာ…

Read More

မိန်းမလှကျွန်းအနီးနဲ့ ဘိုကလေးမြို့ပေါ် လူပြတ်တဲ့လမ်းတွေမှာ ဓားထောက်သေနတ်ပြလုယက် နေလို့ ဒေသခံတွေ အခက်အခဲဖြစ်နေ

ဇူလိုင် ၅-၂၀၂၃ MM(VOM) ဧရာဝတီတိုင်း ၊ ဖျာပုံခရိုင် ၊ ဘိုကလေးမြို့နယ်က မိန်းမလှကျွန်းဘေးမဲ့တောအနီးနဲ့ ဘိုကလေးမြို့ပေါ်တက်တဲ့ လူပြတ်တဲ့လမ်းတွေမှာ လူပြတ်တာကို အခွင့်ကောင်းယူပြီး ဓားထောက် ၊ သေနတ်ပြ ရိုက်နက် လုယက်တာတွေ ခပ်စိပ့်စိပ့်ဖြစ်လာလို့ ဒေသခံတွေ အခက်အခဲဖြစ်နေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။ ”လုယက်သူတွေက လူပြတ် လူရှင်းတာကို အခွင့်ကောင်း ယူလုပ်နေတာ၊ အုပ်စုဖွဲ့ လုယက်နေတာ၊ လမ်းသွားလမ်းလာတွေဆီကနေ တန်ဖိုးကြီးပစ္စည်းတွေကို အသက်အန္တရာယ်ခြိမ်းခြောက်ပြီး လုယက်နေတာ ၊ ပြီးခဲ့တဲ့ ဇွန်လ၂၂ ရက်က မြို့ပေါ်တက်လာတဲ့ စပါးကုန်သည်ကို အသင့်စောင့်နေတဲ့လူ ၅ ဦးဓားထောက် လုယက်ခံရတာ ၊ ငွေသိန်း ၂၀ လောက်နဲ့ လက်စွပ် ပေးလိုက်ရတယ် ၊ ၂၇ ရက်ကလည်း ဧရာကျေးရွာအနီးမှာ ဆိုင်ကယ် ကယ်ရီသမားတစ်ဦးကို လုယက်တာ ခံရသေးတယ်တဲ့ ဘာတွေ ပါသွားလည်း…

Read More

ရေဖြူမှာ နှစ်ရက်ကြာပျောက်ဆုံးနေတဲ့ သုံးနှစ်အရွယ်သမီးငယ်ကို သေဆုံးလျက် ပြန်တွေ့

ဇူလိုင် ၆ – ၂၀၂၃ SN (VOM) ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ သဲချောင်းကျေးရွာအုပ်စု၊ သဲချောင်းရွာက နှစ်ရက်ကြာ ပျောက်ဆုံးနေတဲ့ သုံးနှစ်အရွယ် သမီးငယ်လေးကို ဒီနေ့ ဇူလိုင် ၆ ရက် မနက်ပိုင်းက သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တယ်လို့ မိခင်ဖြစ်သူဆီက သိရပါတယ်။ ကလေးငယ်ဟာ ဇူလိုင် ၄ ရက်က မိခင်ဖြစ်သူ နွားပျောက်သွားရှာချိန် နေအိမ်မှာ တစ်ဦးတည်းကျန်ရစ်ခဲ့ရာက ပျောက်ဆုံးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ရွာစပ်ကနေဆိုရင် ကိုက်သုံးဆယ်လောက်ရှိမယ်၊ လယ်ကွင်းနားက ရေထဲမှာ ပြန်တွေ့ခဲ့ရတာပါ။ သေနေပါပြီရှင်။ အသုဘလည်းချလိုက်ပါပြီ။ ပုပ်လည်းပုပ်နေပြီဆိုတော့။ သူပျောက်တဲ့နေ့က ကျွန်မက နွားပျောက်လို့ အပြင်မှာသွားရှာနေတာ။ သမီးလေးကို ဖုန်းတစ်လုံးနဲ့ အိမ်မှာထားခဲ့တာ။ နွားရှာပြီးပြန်လာတာနဲ့ အိမ်မှာ သမီးကိုမတွေ့တော့ဘူး။ ဖုန်းပဲကျန်ခဲ့တယ်။ သူ့ကို ပျောက်ကတည်းက ရှာနေတာပါ။ တစ်ရွာလုံးလည်း ကူရှာပေးတယ်၊ မတွေ့ဘူး။ ဒီမနက်ကျမှ ရေထဲမှာပြန်တွေ့ခဲ့ရတာပါ”…

Read More

တောင်အာဖရိကမှာ နိုက်ထရစ်အောက်ဆိုဒ်ဓါတ်ငွေ့ယိုစိမ့်မှုကြောင့် (၁၆) ယောက်သေဆုံး

ဂျိုဟန်နက်စဘတ် ၊ ဇူလိုင်-၆-၂၀၂၃ မျိုးဆက်(VOM) တောင်အာဖရိကနိုင်ငံမှာ နိုက်ထရစ်အောက်ဆိုဒ် ဓါတ်ငွေ့ယိုစိမ့်မှုတခု ဇူလိုင် ၅ ရက်ကဖြစ်ပွားခဲ့တာကြောင့် လူ ၁၆ ယောက်သေဆုံးသွားကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ အမျိုးသမီးနဲ့ ကလေးငယ်တွေအပါအ၀င် လူများစွာသေဆုံးစေခဲ့တဲ့ ဓါတ်ငွေ့ယိုစိမ့်မှုဟာ ဂျိုဟန်နက်စဘတ်အရှေ့ဘက် ဘော့ခ်စဘတ်ရှိ ကျုးကျော်ရပ်ကွက်မှာ ဖြစ်ပွားခဲ့ခြင်းဖြစ်ပါတယ်။ အဲဒီဓါတ်ငွေ့ယိုစိမ့်မှုဟာ ဒေသတွင်းမှာရှိနေတဲ့ တရားမ၀င်ရွှေတူးဖော်မှုနဲ့ ဆက်စပ်နေပြီး နိုက်ထရစ်အောက်ဆိုဒ်ဓါတ်ငွေ့ကို စွန့်ပစ်ရွှေတွင်းဟောင်းတွေကနေ ရွှေထုတ်ယူဖို့ တရားမ၀င်တူးဖော်သူတွေက အသုံးပြုလေ့ရှိပါတယ်။ ဓါတ်ငွေ့ယိုစိမ့်ရာနေရာကနေ မီတာ ၁၀၀ အကွာမှာ အဆိပ်သင့်ပြီး လူများသေဆုံးနေတာကို တွေ့ရှိခဲ့ရခြင်းဖြစ်ပြီး ဆေးရုံတင်ရသူ မရှိသေးကြောင်း တောင်အာဖရိက အရေးပေါ်၀န်ဆောင်မှုဌာနက ပြောပါတယ်။ ဒါပေမယ့် ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ဆောင်နေပြီး သေဆုံးသူတွေကို ထပ်မံတွေ့ရှိလာနိုင်ကြောင်း တာ၀န်ရှိသူတွေက ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: BBC #voiceofmyanmar #VOM #ဂျိုဟန်နက်စဘတ်

Read More

နျူကလီးယားစက်ရုံက ရေဆိုးတွေ ပင်လယ်ထဲစွန့်ထုတ်မယ့် ဂျပန်နိုင်ငံရဲ့အစီအစဉ်ကို တောင်ကိုရီးယားပြည်သူတွေ ကန့်ကွက်ဆန္ဒပြ

ဆိုးလ်၊ ဇူလိုင်-၆-၂၀၂၃ မျိုးဆက်(VOM) ဂျပန်နိုင်ငံ ဖူကူရှီးမားနျူကလီးယားစက်ရုံပျက်ရဲ့ ရေဒီယိုသတ္တိကြွရေဆိုးတွေကို သန့်စင်ပြီး ပင်လယ်ထဲစွန့်ထုတ်မယ့် အစီအစဉ်ကို တောင်ကိုရီးယားပြည်သူတွေက ဆန္ဒပြကန့်ကွက်နေကြပါတယ်။ ရေဆိုးတွေစွန့်ထုတ်မယ့် ဂျပန်နိုင်ငံရဲ့ အစီအစဉ်ဟာ သဘာ၀ပတ်၀န်းကျင်ဆိုင်ရာ နိုင်ငံတကာ စံနှုန်းတွေနဲ့ ကိုက်ညီကြောင်း နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီက အတည်ပြုခဲ့တဲ့ဆုံးဖြတ်ချက်ကို အသိအမှတ်ပြုလက်ခံကြောင်း တောင်ကိုရီးယားအစိုးရက ဇူလိုင် ၅ ရက်မှာ ပြောပါတယ်။ ဒီလိုစွန့်ထုတ်မယ့်အစီအစဉ်ကို နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီက နှစ်နှစ်ကြာ သုံးသပ်မှုတွေ ပြုလုပ်ခဲ့ပြီးပြီးနောက် အစီအစဉ်ကို ခွင့်ပြုခဲ့တာဖြစ်ပြီး ဓါတ်ရောင်ခြည်သင့်မှု အလွန်နည်းပြီး သဘာ၀ပတ်၀န်းကျင်ကို သက်ရောက်မှုမရှိဘူးလို့ ပြောပါတယ်။ ဒါပေမယ့် ဂျပန်နိုင်ငံရဲ့အစီအစဉ်ကို တောင်ကိုရီးယားပြည်သူတွေက ကန့်ကွက်နေကြပြီး အတိုက်အခံနိုင်ငံရေးသမား လီဂျောင်မီဟာ ဆိုးလ်မြို့ရှိ ဂျပန်သံရုံးပြင်ပမှ ဒီအစီအစဉ်ကို ကန့်ကွက်တဲ့အနေနဲ့ အစာအငတ်ခံဆန္ဒပြနေတာ ၁၀ ရက်ကျော်ရှိလာပြီဖြစ်ပါတယ်။ နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီရဲ့ ပြန်လည်သုံးသပ်မှုအစီရင်ခံစာဟာ စွန့်ထုတ်မယ့်ရေဆိုးတွေနဲ့ပတ်သက်ပြီး ဘေးကင်းကြောင်း သိပ္ပံနည်းကျ အထောက်အထားတွေ မတင်ပြနိုင်တာကြောင်း မယုံကြည်နိုင်ကြောင်း သူက…

Read More
VOM News

FREE
VIEW