စသိန်းဇော်မင်း အပါ ကရင်လူငယ် ၃ ဦး ပုဒ်မ ၂ခုနဲ့ ထောင် ၁၀ နှစ်ချမှတ်ခံရ

ဇူလိူင် ၅ – ၂၀၂၃
GG (VOM)

ဧရာဝတီတိုင်း ၊ အိမ်မဲမြို့နယ်က ကရင်စာပေနှင့် ယဉ်ကျေးမှုတိုးတက်ပြန့်ပွားရေးအတွက်လုပ်ဆောင်နေတဲ့ စသိန်းဇော်မင်း အပါအဝင် လူငယ် ၃ ယောက်ကို ဒီနေ့ ဇူလိူင် ၅ ရက်နေ့မှာ မြောင်းမြထောင်တွင်းတရားရုံးကနေ ထောင် ၁၀ နှစ် အမိန့်ချမှတ်လိုက်တယ်လို့သိရပါတယ်။

စသိန်းဇော်မင်း ၊ ကိုစောနေမူး အပါအဝင် လူ ၃ ယောက်ကို ပုဒ်မ ၅၂ ၊ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုကာ ဖမ်းဆီးပြီး ၆ လကျော်အကြာမှာ အခုလိုအမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့ သိရပါတယ်။

” ပုဒ်မ ၅၀ ၊ ၅၂ နှစ်ခုနဲ့ အမိန့်ချလိုက်တာပေါ့။ စသိန်းဇော်မင်း ရယ် စောနေမူးရယ်၊ နောက်တစ်ယောက် ပါတယ်၊အားလုံး၃ယောက်ပေါ့။ဒီနေ့အမိန့်ချလိုက်တာပါ။သူတို့ကို ပထမတစ်ရက်ဖမ်းတယ်၊အာမခံနဲ့ပြန်လွှတ်တယ်၊နောက် ၃ရက် ၄ ရက်ကြာတော့ ပြန်ဖမ်းလိုက်တာ။ရုံးချိန်းတွေက ၂ပတ်တစ်ခါ ၁ပတ်တစ်ခါပါ။ ” လို့ မိသားစုနဲ့နီးစပ်သူ တစ်ဦးကပြောပါတယ်။

စသိန်းဇော်မင်း နဲ့ ကိုစောနေမူး တို့အပါ ၃ယောက်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလမှာ နယ်မြေခံ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက သူတို့ရဲ့နေအိမ်တွေကို လာရောက်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ်တုန်းကလည်း ရန်ကုန်၊ မြို့တော်ခန်းမရှေ့မှာ နှစ် ၇၀ ပြည့် ကရင်အာဇာနည်နေ့ အခမ်းအနား ကျင်းပခဲ့လို့ စသိန်းဇော်မင်းအပါ ကရင်လူငယ် ၂ ယောက်ကို ကျောက်တံတားမြို့နယ် ရဲတပ်ဖွဲ့က ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စသိန်းဇော်မင်း #ကရင်လူငယ် #ထောင်၁၀နှစ်ချခံရ

Related posts

Leave a Comment

VOM News

FREE
VIEW