ကမ္ဘာ့အပူဆုံးနေ့အဖြစ် ဇူလိုင် (၃) ရက်မှာ စံချိန်သစ်တင်ခဲ့

၀ါရှင်တန်၊ ဇူလိုင်-၅-၂၀၂ မျိုးဆက်(VOM) ကမ္ဘာ့ပျှမ်းမျှအပူချိန်ဟာ ဇူလိုင် ၃ ရက်မှာ ပထမဆုံးအကြိမ်အဖြစ် ၁၇ ဒီဂရီစင်တီဂရိတ်ထိ မြင့်တက်ခဲ့ပြီး အပူဆုံးနေ့အဖြစ် စံချိန်တင်ခဲ့ကြောင်း အမေရိကန် သုတေသီတွေက ပြောပါတယ်။ အဲဒီစံချိန်သစ်ဟာ ၁၉ ရာစုနှောင်းပိုင်းထိ မှတ်တမ်းတင်ထားခဲ့တဲ့ အပူချိန်မှတ်တမ်းတွေထက် စံချိန်တင်ကျော်လွန်ခဲ့ကြောင်း အမေရိကန်သုတေသီတွေက ဆိုပါတယ်။ လွန်ခဲ့တဲ့လကလည်း ကမ္ဘာ့အပူဆုံးဇွန်လအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။ ကမ္ဘာ့ပျှမ်းမျှအပူချိန်ဟာ ဇူလိုင် ၃ ရက်မှာ ၁၇ ဒသမ ၉၁ ဒီဂရီစင်တီဂရိတ်ထိ စံချိန်တင်ခဲ့ပြီး ယခင်အမြင့်ဆုံးစံချိန်ကတော့ ၂၀၁၆ ခုနှစ် သြဂုတ်လမှာဖြစ်ပြီး အပူချိန် ၁၆ ဒသမ ၉၂ ဒီဂရီစင်တီဂရိတ်ရှိခဲ့ပါတယ်။ အယ်နီညိုရာသီဥတုဖြစ်စဉ်နဲ့ လူသားတို့ရဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓါတ်ငွေ့တွေဆက်တိုက်ထုတ်လွှတ်မှုတွေက အပူချိန်မြင့်တက်စေရန် ဒီလိုဖြစ်ဖို့ တွန်းအားပေးနေတဲ့ အကြောင်းရင်းတွေဖြစ်ကြောင်း ကျွမ်းကျင်သူတွေကပြောပါတယ်။ ရာသီဥတုဖောက်မှုတွေကြောင့် ယခုနှစ်ကစပြီး ကမ္ဘာ့ကုန်းမြေနဲ့ ပင်လယ်ပြင်တွေမှာ အပူချိနတွေ မြင့်တက်လာတဲ့ အခြေအနေတွေအပေါ်…

Read More

ထိုင်းအောက်လွှတ်တော် ဥက္ကဌသစ် ရွေးချယ်ခန့်အပ်၊ အစိုးရဖွဲ့သစ်ဖွဲ့နိုင်ရေး အတိုက်အခံပါတီတွေ ကြိုးပမ်းနေ

ဘန်ကောက်၊ ဇူလိုင်-၅-၂၀၂၃ မျိုးဆက်(VOM) ထိုင်းပါလီမန်ဟာ အောက်လွှတ်တော်ဥက္ကဌအဖြစ် ဝါရင့်နိုင်ငံရေးသမား ၀န်မိုဟာမက်နောမက်သာကို ဇူလိုင် ၄ ရက်မှာ လွှတ်တော်အမတ်တွေက တညီတညွတ်တည်း ရွေးချယ်ခန့်အပ်လိုက်ပါတယ်။ မေလကကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ အတိုက်အခံပါတီတွေ အံ့မခန်းအနိုင်ရရှိခဲ့ပြီးနောက် ပထမဆုံးအကြိမ် ပါလီမန်အစည်းအဝေး ကျင်းပပြီး အောက်လွှတ်တော်ဥက္ကဌကို ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ ရွေးကောက်ပွဲမှာ အများဆုံးအနိုင်ရရှိခဲ့တဲ့ ရှေ့သို့ပါတီဟာ အခြားသောအတိုက်အခံမဟာမိတ်ပါတီတွေနဲ့ ညွှန့်ပေါင်းအစိုးရဖွဲ့ဖို့ ကြိုးပမ်းနေပြီး အောက်လွှတ်တော်ဥက္ကဌ ရွေးချယ်ခန့်အပ်နိုင်ခြင်းဟာ အစိုးရဖွဲ့နိုင်ရေး ခြေတလှမ်းနီးစပ်လာတာဖြစ်ပါတယ်။ လွှတ်တော်ဥက္ကဌဟာ ဥပဒေပြုရေးနဲ့ မဲခွဲဆုံးဖြတ်မှုတွေမှာ အရေးပါအရာရောက်တဲ့ ရာထူးလည်းဖြစ်ပါတယ်။ ၀န်ကြီးချုပ်သစ်ရွေးချယ်ခန့်အပ်ရန်အတွက် အစည်းအဝေးကို ဇူလိုင်လလယ်မှာ ကျင်းပဖို့ မျှော်မှန်းထားပါတယ်။ ရှေ့သို့ပါတီခေါင်းဆောင် ပီတာလင်ဂျာရိုနက်ကို ၀န်ကြီးချုပ်ရာထူးအတွက် ထောက်ခံရန် မဟာမိတ်ပါတီရှစ်ပါတီက သဘောတူထားပါတယ်။ ညွှန့်ပေါင်းအဖွဲ့သည် အောက်လွှတ်တော်နေရာအများစု ရရှိထားပါတယ်။ သို့သော် ပီတာ၀န်ကြီးချုပ်ဖြစ်လာရန်မှာ အထက်လွှတ်တော်အမတ်များ၏ ထောက်ခံမှုလိုအပ်နေသေးတယ်လို့ သိရပြီး အထက်လွှတ်တော်အမတ်တွေကိုတော့ ၂၀၁၄ ခုနှစ်မှာ အာဏာသိမ်းခဲ့တဲ့…

Read More

ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအဖွဲ့ခေါင်းဆောင် ပြည့်ဖြိုးနိုင် အကျဉ်းထောင်ကနေ ပြန်လွတ်လာ

ဇူလိုင်၊၅-၂၀၂၃ MM(VOM) ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးအဖွဲ့ခေါင်းဆောင်တာဝန်ယူခဲ့သူ ရဲအုပ် ပြည့်ဖြိုးနိုင်ဟာ ဒီနေ့ ဇူလိုင် ၅ ရက် မနက်ပိုင်းက အကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတယ်လို့ မိသားစုနဲ့နီးစပ်တဲ့ အသိုင်း အဝိုင်းကနေ သိရပါတယ်။ ”လုံခြုံရေးအဖွဲ့ခေါင်းဆောင် ရဲအုပ်ပြည့်ဖြိုးနိုင် ဒီနေ့ ဇူလိုင်လ ၅ရက် မနက်ပိုင်း အချိန်က ရမည်းသင်းအကျဉ်းထောင်ကနေ ပြန်လည်လွတ်မြောက်လာတာဟုတ်ပါတယ်၊ အတိုင်ပင်ခံရဲ့ အနီးကပ်လုံခြုံရေးအဖွဲ့ခေါင်းဆောင်က လွတ်ရက်စေ့တာကြောင့် ပြန်လည် လွတ်မြောက်လာတာ။ မိသားစုက အရမ်းပျော်နေတာပေါ့။”လို့ နီးစပ်သူတစ်ဦးကပြောပါတယ်။ ရဲအုပ်ပြည့်ဖြိုးနိုင်ဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့လုံခြုံရေးတာဝန်တွေဆောင်ရွက်ရင်း ဖမ်းဆီးခံရကာ ကနဦး ရဲဝန်ထမ်းလိုင်းခန်းမှာ ထိန်းသိမ်းစောင့်ကြည့်ခံရပြီး ပြီးခဲ့တဲ့ ၂၀၂၁ခုနှစ် စက်တင်ဘာလအတွင်းက ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေနဲ့ရမည်းသင်းအကျဉ်းထောင်မှာ ထောင်ဒဏ် ၃နှစ် ချမှတ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ ရဲအုပ်ပြည့်ဖြိုးနိုင်ဟာ ထောင်ဒဏ် ၃နှစ် ချမှတ်ခံခဲ့ရပေမယ့် ချုပ်ရက်နဲ့ လျှော့ရက်ခံစားခွင့်တွေ ရရှိတာကြောင့်ထောင် ၃ နှစ်ပြည့်ဖို့လိုနေသေးပေမယ့် လွတ်ရက်စေ့ပြီး လွတ်မြောက်လာတာဖြစ်တယ်လို့ သိရပါတယ်။…

Read More

နစက ဥက္ကဌရဲ့ အကြံပေးပုဂ္ဂိုလ် ခန့်အပ်ကြောင်း ကြေညာချက် ထုတ်ပြန်

ဇူလိုင် ၅-၂၀၂၃ KT(VOM) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၊နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအမိန့်အမှတ်၊ ၄၀ /၂၀၂၃ ၁၃၈၅ ခုနှစ်၊ ပထမဝါဆိုလပြည့်ကျော် ၃ ရက် (၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၅ ရက်) နေ့စွဲနဲ့ အကြံပေးပုဂ္ဂိုလ် ခန့်အပ်တာဝန်ပေးခြင်း ကြေညာချက်ထုတ်ပြန်ကြေညာထားပါတယ်။ #voiceofmyanmar #VOM #နစက #အကြံပေးပုဂ္ဂိုလ်ခန့်အပ်ခြင်း

Read More

ရန်ကုန်က မြို့နယ် ၁၃ ခုမှာ ညပိုင်းအချိန် တစ်ပြိုင်နက်တည်း ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့

ဇူလိုင် ၅ – ၂၀၂၃ SN (VOM) မနေ့ ဇူလိုင် ၄ ရက်နေ့၊ ည ၈ နာရီ ၃၈ မိနစ် ဝန်းကျင်အချိန်က ရန်ကုန်ရှိ မြို့နယ် ၁၂ မြို့နယ်မှာ တပြိုင်နက်တည်း ဗုံးတွေပေါက်ကွဲခဲ့တယ်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ မြောက်ဒဂုံ၊ မရမ်းကုန်း၊ အင်းစိန်၊ လှိုင်သာယာ၊ လှိုင်၊ အရှေ့ဒဂုံ၊ တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ ဗဟန်း၊ တောင်ဒဂုံနဲ့ သန်လျင် စတဲ့ မြို့နယ် (၁၃) မြို့နယ်မှာ ဗုံးတွေ တစ်ပြိုင်နက်တည်း ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး တချို့နေရာတွေမှာ မပေါက်ကွဲသေးတဲ့ ဗုံးတွေလည်း တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ “ည ၉ နာရီကျော်လောက်ကတည်းက ဗုံးသံတွေကြာနေရတာ။ ၁၀ နာရီကျော်တဲ့အထိ ကြားနေရတုန်း။ ဗုံးကွဲတာ ၄/၅ လုံးလောက်တော့ရှိမယ်။…

Read More

ပဲခူးက ပရဟိတကျောင်းမှာ ခေါက်ဆွဲကြော်စားပြီး အစာအဆိပ်သင့်လို့ ကလေးအပါ ၁၂၆ ယောက် ဆေးကုသမှုခံယူနေရ

ဇူလိူင် ၄ – ၂၀၂၃ GG (VOM) ပဲခူးမြို့နယ် ၊ အဆိပ်တောင်ကျေးရွာအုပ်စု၊ သစ်နီကျေးရွာ (၅၃/၅)အနီးက မေတ္တာကမ်းလက် ပရဟိတ မိဘမဲ့ကလေးများစောင့်ရှောက်ရေးကျောင်းမှာ ဒီနေ့ ဇူလိူင် ၄ ရက် မနက်ပိုင်းက ခေါက်ဆွဲကြော်စားပြီးကလေးတွေ အပါအဝင် ၁၂၆ ယောက် အစာဆိပ်သင့်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အလှူရှင်တစ်ဦးက မွေးနေ့အဖြစ် ကျောင်းမှာ ခေါက်ဆွဲကြော် လာကျွေးရာ ခေါက်ဆွဲကြော်စားပြီး ကလေး ၊ ကိုယ်ရင် ၊ လူကြီး အပါအဝင် ၁၂၆ ယောက် အစာအဆိပ်သင့်ကာ မူးဝေအော့အန်ခဲ့လို့ ပဲခူးဆေးရုံကိုအရေးပေါ်ပို့ဆောင်ခဲ့ရတယ်လို့ သိရပါတယ်။ ” ကျောင်းက ဘကကျောင်းပါ ၊အဲ့ဒီမှာအလှူရှင်ကမွေးနေ့ခေါက်ဆွဲကြော်ကျွေးတော့ အားလုံးစားကြတာမှာ အစာအဆိပ်သင့်​ပြီး အကုန်လုံးမူးမော် အန်ကြတော့ ပဲခူးဆေးရုံရောက်တယ်၊ပဲခူးဆေးရုံရောက်တဲ့အထိကလေးတွေက တော်တော်လေးမူးမော်ပြီး အန်ကြသေးတယ်၊ပဲခူးဆေးရုံရောက်တော့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတအသင်းအဖွဲ့တွေ အားလုံးဝိုင်းဝန်းကူညီစောင့်ရှောက်ပြီးတော့ ဆေးသွင်းကြတယ်၊ ဆေးသွင်းပြီးနောက် ၁နာရီလောက်အကြာမှ…

Read More

အဆိုတော် မျိုးကြီးနဲ့ ဝိုင်ဝိုင်းတို့ရဲ့ ဖျော်ဖြေပွဲ မလုပ်ဖြစ်တော့ဘူးလို့ သိရ

ဇူလိုင် ၄ – ၂၀၂၃ SN (VOM) ရန်ကုန်က Novotel Yangon Max မှာ သီးသန့်ဝိုင်းတွေနဲ့ ပြုလုပ်မယ့် အဆိုတော် မျိုးကြီးနဲ့ ဝိုင်ဝိုင်းတို့ရဲ့ “A Night with Myo Gyi & Wine Wine” ဖျော်ဖြေပွဲကို မပြုလုပ်ဖြစ်တော့ဘူးလို့ ပွဲစီစဉ်သူတွေဆီက သိရပါတယ်။ အဲ့ဒီ့ပွဲနဲ့ပတ်သက်လို့ ဝင်ကြေးအဖြစ် လူရှစ်ယောက်စာ တစ်ဝိုင်းကို ကျပ် ၂၅ သိန်း သတ်မှတ်ထားတယ်လို့ ကြော်ငြာထားခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ ဒီပွဲကို မကျင်းပဖြစ်တော့ဘူးလို့ သိရပါတယ်။ Novotel Yangon Max ရဲ့ လူမှုကွန်ရက်မှာ ဒီပွဲနဲ့ ပတ်သက်လို့ “A Night With Myo Gyi & Wine Wine ပွဲအား ပြုလုပ်တော့မည် မဟုတ်ပါကြောင်း…

Read More

မန္တလေးပြည်သူ့ဆေးရုံကြီးမှာ နည်းပညာအသစ်နဲ့ နှလုံးနှိုးစက်၊ နှလုံးညှစ်အားကောင်းစေတဲ့စက် တပ်ဆင်ကုသခြင်းများ ပြုလုပ်

ဇူလိုင် ၄-၂၀၂၃ Voice Of Myanmar(VOM) မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောရောဂါကုဌာနမှာ နည်းပညာအသစ်အသုံးပြုပြီး နှလုံးနှိုးစက်တပ်ဆင်ခြင်း၊ နှလုံးညှစ်အားကောင်းစေသောစက်တပ်ဆင်ခြင်းကို မြန်မာနိုင်ငံမှာ ပထမဆုံးအဖြစ် ၂၀၂၃၊ ဇူလိုင် (၄)ရက်နဲ့ (၅)ရက်နေ့တွေမှာ တပ်ဆင်ကုသပေးနေတယ်လို့ သိရပါတယ်။ Conduction System Pacing နည်းပညာအသစ်ကို မလေးရှားနိုင်ငံ ဆာရာဝက်ပြည်နယ်ရှိ Sarawak Heart Centre မှ နှလုံးအထူးကုဆရာဝန်ကြီး Dr Koh Keng Tat လာရောက်သင်ကြားပြသပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး၊ နှလုံးနှင့်သွေးကြောရောဂါ အထူးကုဌာနမှ နှလုံးဆရာဝန်ကြီးများနှင့်အတူ လူနာ (၅)ဦးအား တပ်ဆင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ ဒီနေ့ ဇူလိုင် (၄) ရက်နေ့မှာ အသက် (၆၆) အမျိုးသားလူနာတစ်ဦး၊ အသက်(၆၅) နဲ့ (၆၄) အရွယ် အမျိုးသမီးလူနာနှစ်ဦးတို့ကို တပ်ဆင်ကုသပေးမှာဖြစ်ပြီး၊ ဇူလိုင် (၅) ရက်နေ့မှာ အသက် (၆၅)…

Read More

ရုရှားမြို့တော် မော်စကိုရှိ အဓိအဓိကလေဆိပ်ကို ယူကရိန်းက မောင်းသူမဲ့လေယာဉ်(၅)စင်းနဲ့ တိုက်ခိုက်

မော်စကို၊ ဇူလိုင်-၄-၂၀၂၃ မျိုးဆက်(VOM) ရုရှားနိုင်ငံမြို့တော် မော်စကိုရှိ အဓိကလေဆိပ်တွေထဲက တခုကို ယူကရိန်းက မောင်းသူမဲ့လေယာဉ်(၅)စင်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ရုရှားကာကွယ်ရေး၀န်ကြီးဌာနက ဇူလိုင် ၄ ရက်မှာ ပြောပါတယ်။ အဲဒီလိုတိုက်ခိုက်မှုကြောင့် လေဆိပ်က လေယာဉ်ခရီးစဉ်များစွာကို လမ်းကြောင်းပြောင်းပေးခဲ့ရတယ်လို့ ဆိုပါတယ်။ မောင်းသူမဲ့လေယာဉ်(၅)စင်းထဲက (၄)စင်းကို ရုရှားလေကြောင်းရန် ကာကွယ်ရေးအဖွဲ့က ပစ်ချခဲ့ပြီး နောက်တစ်စင်းကတော့ အိုဒင်ဆိုဗိုခရိုထဲကို ပျက်ကျခဲ့တယ်လို့ ပြောပါတယ်။ ကရင်မလင် အနောက်တောင်ဘက် ကီလိုမီတာ ၃၀ အကွာရှိ ရွာတရွာမှာ မောင်းသူမဲ့လေယာဉ်နှစ်စင်းကို ကြားဖြတ်ပစ်ချခဲ့ပြီး ကလူဂါဒေသမှာ တစ်စင်းတွေ့ရှိခဲ့ကြောင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။ ယူကရိန်းကတော့ ဒီကိစ္စအပေါ် လူသိရှင်ကြားမှတ်ချက်ပေးခြင်း မရှိသေးပါဘူး။ မော်စကိုရှိ ဗန်နူကိုဗိုလေဆိပ်မှာတော့ ဒီဖြစ်စဉ်ကြောင့် လေယာဉ်ခရီးစဉ်တွေကို နာရီပေါင်းများစွာ ကန့်သတ်ထားခဲ့ပြီး နောက်ပိုင်းမှသာ ပုံမှန်လည်ပတ်နိုင်ခဲ့ပြီး ရုရှား၊ တူရကီ၊ ယူအေအီးနဲ့ အီဂျစ်လေကြောင်းခရီးစဉ်အများအပြားကို လမ်းကြောင်း ပြောင်းပေးခဲ့ရပါတယ်။ ရုရှားနိုင်ငံခြားရေးနဲ့…

Read More

မန္တလေးက သုံးဘီးယာဉ်တွေကို ဆေးဝါ ပြောင်းရမယ့်ကိစ္စ အသနားခံစာတင်မယ်လို့ သိရ

ဇူလိုင် ၄ – ၂၀၂၃ SN (VOM) မန္တလေးက သုံးဘီးယာဉ်တွေကို ဆေးအဝါရောင် ပြောင်းရမယ့်ကိစ္စကို ဆိုင်းငံ့ပေးဖို့ ဒါမှမဟုတ် ပယ်ဖျက်ပေးဖို့ အသနားခံစာတင်သွားမယ်လို့ သုံးဘီးယာဥ်မောင်းတွေဆီက သိရပါတယ်။ ဆေးအဝါရောင် မပြောင်းတဲ့ မန္တလေးက သုံးဘီးယာဉ်တွေကို အခု ဇွန်လဆန်းပိုင်းကစပြီး လိုင်စင်ပိတ်သိမ်းတဲ့အထိ အရေးယူဆောင်ရွက်သွားမယ်လို့ မန္တလေးတိုင်း ယာဉ်လုပ်ငန်းများကြီးကြပ်ရေးလုပ်ငန်း ကော်မတီ(မြို့တွင်း)က အခုနှစ်၊ မတ်လက ကြေညာထားတာပါ။ အဲ့ဒီ့ ညွှန်ကြားချက်ကို မန္တလေးတိုင်း၊ ယာဉ်လုပ်ငန်းကြီးကြပ်ရေး လုပ်ငန်းကော်မတီ(မြို့တွင်း)က ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ‌မီနီအိုးဝေတွေ ဆေးရောင်ပြောင်းလဲခြင်းကို ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထားပြီး မဖြစ်မနေ လုပ်ဆောင်ရမယ်လို့ ညွှန်ကြားချက်မှာ ဖော်ပြထားပါတယ်။ “ယာဉ်မောင်းတွေစုပြီး ဒီလထဲမှာ အသနားခံစာတင်ဖို့ လုပ်နေတယ်။ အရောင်မပြောင်းရသေးတော့ အခုက တွေ့တိုင်းဖမ်းနေတာ။ မနေ့ကတောင် မီးပွိုင့်မှာအဖမ်းခံရတာ သုံးသောင်း ပေးခဲ့ရပြီးပြီ။ ဘယ်လိုမှ ညှိလို့မရဘူး။…

Read More
VOM News

FREE
VIEW