အစ္စရေးရဲ့ စစ်ဆင်ရေးကြောင့် ဒုက္ခသည်စခန်းက ပါလက်စတိုင်းထောင်ပေါင်းများစွာ ထွက်ပြေးနေရ

ဂျေရုဆလင်၊ ဇူလိုင်-၄-၂၀၂၃ မျိုးဆက်(VOM) အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းရှိ ဂျီနင်ဒုက္ခသည်စခန်းမှာ အစ္စရေးတပ်ဖွဲ့၀င်တွေနဲ့ ပါလက်စတိုင်းစစ်သွေးကြွတွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေ အပြင်းအထန်ဖြစ်ပွားနေပြီး ဒုက္ခသည် ထောင်ပေါင်းများစွာ စခန်းကနေ ထွက်ပြေးနေရပါတယ်။ အစ္စရေးစစ်တပ်ဟာ ဂျီနင်ဒေသမှာ ဇူလိုင် ၃ ရက်အစောပိုင်းက မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခဲ့ပြီး နှစ်များစွာအတွင်း အနောက်ဘက်ကမ်းမှာ စစ်ဆင်ရေးအကြီးစားတခုကို စတင်နေပါတယ်။ အစ္စရေးရဲ့ စစ်ဆင်ရေးအတွင်း ပါလက်စတိုင်းကိုးဦးသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးတာ၀န်ရှိသူတွေကပြောပါတယ်။ အဲဒီဒေသမှာ အကြမ်းဖက်သမားတွေ ခိုလှုံနေကြောင်း အစ္စရေးက ပြောဆိုထားပေမယ့် ဒီလုပ်ရပ်ဟာ စစ်ရာဇ၀တ်မှုဖြစ်ကြောင်း ပါလက်စတိုင်းတို့က စွပ်စွဲထားပါတယ်။ စစ်ဆင်ရေးပြီးဆုံးမယ့် တိကျတဲ့ အချိန်ကာလကို ထုတ်ပြန်ခြင်းမရှိပေမယ့်လည်း နာရီအနည်းငယ် သို့မဟုတ် ရက်အနည်းငယ်ကြာမြင့်နိုင်ကြောင်း အစ္စရေးစစ်တပ်က ထုတ်ဖော်ပြောဆိုထားပါတယ်။ ဂျီနင်ဒေသဟာ ပါလက်စတိုင်းအာဏာပိုင်တွေရဲ့ ခေါင်းဆောင်မှုနဲ့ အစ္စရေးရဲ့ သိမ်းပိုက်မှု ကန့်သတ်ချက်တွေအပေါ် အကြီးအကျယ် စိတ်ပျက်နေကြတဲ့ မျိုးဆက်သစ်…

Read More

နည်းပညာမြင့် ချစ်ပ်ထုတ်လုပ်တဲ့ မြေရှားသတ္တုတွေ ပြည်ပတင်ပို့ခွင့် တရုတ်အစိုးရ ကန့်သတ်

ပေကျင်း၊ ဇူလိုင်-၄-၂၀၂၃ မျိုးဆက်(VOM) နည်းပညာမြင့် ကွန်ပြုတာချစ်ပ်တွေထုတ်လုပ်ရာမှာ အသုံးပြုတဲ့ အဓိကသတ္တုနှစ်မျိုးကို ပြည်ပတင်ပို့အပေါ် တရုတ်အစိုးရက ကန့်သတ်မှုတွေ ချမှတ်လိုက်ပါတယ်။ ကမ္ဘာ့အကြီးဆုံး သတ္တုထုတ်လုပ်တဲ့ တရုတ်နိုင်ငံဟာ မြေရှားသတ္တုနှစ်မျိုးဖြစ်တဲ့ ဂမ်လီယမ်နဲ့ ဂျာမနီယမ် သတ္တုနှစ်မျိုး တင်ပို့မှုအတွက် အထူးလိုင်စင်တွေ လိုအပ်လာတော့မှာဖြစ်ကြောင်း တရုတ်တာ၀န်ရှိသူတွေက ပြောပါတယ်။ အမေရိကန်လုပ် အဆင့်မြင့်ချစ်ပ်တွေတရုတ်နိုင်ငံသို့ တင်ပို့တာကို အမေရိကန်က တားမြစ်ပိတ်ပင်ဖို့ ကြိုးပမ်းမှုကို တုံ့ပြန်လိုက်တာဖြစ်ပြီး အမေရိကန်ဘဏ္ဍာရေး၀န်ကြီး ဂျနက်ယဲလ်လန် တရုတ်ကိုမသွားခင် ရက်ပိုင်းအလိုမှာ အခုလိုကန့်သတ်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။ အမျိုးသားလုံးခြုံရေးနဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အဲဒီကန့်သတ်ချက်တွေကို ချမှတ်ဖို့လိုအပ်ကြောင်း တရုတ် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာနက ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။ မိုလ်ဘိုင်းဖုန်းတွေ၊ စူပါကွန်ပြူတာတွေနဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေအထိ တီထွင်ထုတ်လုပ်နိုင်တဲ့ ချစ်ပ်ထုတ်ကုန်တွေဟာ စီးပွားရေးအင်အားကြီး အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား အငြင်းပွားမှုဗဟိုချက်တခုအဖြစ် ရှိနေပါတယ်။ Ref: BBC…

Read More

အမေရိကန် မေရီလန်းပြည်နယ်မှာ သေနတ်ပစ်ခတ်မှုကြောင့် နှစ်ဦးသေဆုံးပြီး ၃၀ နီးပါး ဒဏ်ရာရ

၀ါရှင်တန်၊ ဇွန်-၃-၂၀၂၃ မျိုးဆက်(VOM) အမေရိကန်နိုင်ငံ မေရီလန်းပြည်နယ် ဘော်လ်တီမိုးမြို့မှာ ဇူလိုင် ၂ ရက်ကဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်မှုကြောင့် လူ နှစ်ဦးသေဆုံးပြီး ၃၀ နီးပါး ဒဏ်ရာရရှိသွားပါတယ်။ အဲဒီပစ်ခတ်မှုဟာ ဘရွတ်ကလင်းနေ့ပွဲတော်အတွက် ညသန်းခေါင်အချိန်မှာ စုဝေးနေချိန် ဖြစ်ပွားခဲ့တာဖြစ်ပြီး ဒဏ်ရာရသူသုံးဦးဟာ အသက်အန္တရာယ်စိုးရိမ်ဖွယ် အခြေအနေရှိကြောင်း အမေရိကန်တာ၀န်ရှိသူတွေက ပြောပါတယ်။ သေဆုံးဒဏ်ရာရသူတွေထဲမှာ အသက် ၁၈ နှစ်အောက် လူငယ်မျာဖြစ်ကြောင်း မြို့အာဏာပိုင်တွေကပြောပါတယ်။ ပစ်ခတ်မှုသံသယရှိသူတွေနဲ့ တာ၀န်ရှိသူတွေက စုံစမ်းစစ်ဆေးနေပါတယ်။ ပစ်ခတ်မှုဟာ သူရဲဘောကြောင်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ကျူးလွန်သူတွေကို မတွေ့မချင်း ဖော်ထုတ်အရေးယူသွားမယ်လို့ ဘော်လ်တီမိုးမြို့တော်၀န် ဘရန်ဒန်စကော့က ပြောပါတယ်။ တရားမ၀င်သေနတ် ကိုင်ဆောင်မှုတွေ ပြန့်ပွားလာတာတွေကို တာ၀န်ရှိသူတွေအနေနဲ့ ကိုင်တွယ်ဖြေရှင်းဖို့နဲ့ အဆင့်တိုင်းမှာ တာ၀န်ရှိခံမှုရှိဖို့လိုအပ်ကြောင်း မြို့တော်၀န်က ပြောပါတယ်။ Ref:BBC Photo:CBS #voiceofmyanmar #VOM #ဝါရှင်တန်

Read More

နမ်ဆန်ယန်ရွာနားမှာ တပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲ ထပ်မံဖြစ်ပွားနေ

ဇူလိုင် ၃၊ ၂၀၂၃ Shy V(VOM) ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ နမ်ဆန်ယန်ရွာနားမှာ ဒီကနေ့ ဇူလိုင် ၃ ရက် မနက် အစောပိုင်းကစ တပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲ ထပ်မံဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ရွာအောက်နားက တံတားမှာလေ။ ဒီနေ့ တနေကုန် တိုက်ပွဲဖြစ်နေတာ။ ရွာက လူတွေတော့ မရှိတော့ဘူးအကုန် ထွက်ပြေးရပြီ။ လက်ရှိတော့ ရှောင်နေရတယ်။ အိမ်ခြေတော့ ၃၀၀ လောက်ရှိမယ်၊ ရုတ်တရက် ဘေးလွတ်ရာ ထွက်ပြေးကြရတာကြောင့် ဦးတည်ရာမရှိ ထွက်ပြေးတိမ်းရှောင်ကြရတာကြောင့် ဘယ်သူတွေက ဘယ်နေရာတွေဘက် ရှောင်ကြတယ်ဆိုတာတော့ အတိအကျ မသိဘူး”လို့ ဒေသခံ အမျိုးသား ၁ ဦး က ပြောပါတယ်။ နောက်ထပ် ဒေသခံ ၁ ဦးကလည်း”လက်နက် ပစ်ခတ်သံ ကြားနေတယ်။ နမ့်ဆန်ယန်ကနေ ဒီမနက် ၄ နာရီခွဲကျော်ခန့်ကနေ…

Read More

ဂျပန်နဲ့ မြောက်ကိုရီးယားတာ၀န်ရှိသူတွေ တတိယနိုင်ငံတွေမှာ တွေ့ဆုံဆွေးနွေးခဲ့

ဆိုးလ်၊ ဇူလိုင်-၃-၂၀၂၃ မျိုးဆက်(VOM) ဂျပန်နဲ့ မြောက်ကိုရီးယားတာ၀န်ရှိသူတွေဟာ တရုတ်အပါအ၀င် အခြားသောတိယနိုင်ငံတွေမှာ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း တောင်ကိုရီးယားသတင်းစာတစောင်က ဇူလိုင် ၃ ရက်နေ့မှာ ရေးသားဖော်ပြထားပါတယ်။ ဒေါင်အေအိုင်ဘို သတင်းစာရဲ့အဆိုအရ နှစ်နိုင်ငံတာ၀န်ရှိသူတွေဟာ ပြီးခဲ့တဲ့လအတွင်း တရုတ်၊ စင်ကာပူနဲ့ အခြားသောနိုင်ငံအချို့မှာ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဂျပန်နိုင်ငံသားတွေကို မြောက်ကိုရီးယားက ပြန်ပေးဆွဲမှုနဲ့ အဆင့်မြင့်အစိုးရ ဆွေးနွေးပွဲတွေဖြစ်နိုင်ခြေအပါအ၀င် ကိစ္စရပ်တွေကို ဂျပန်နဲ့ မြောက်ကိုရီးယားတာ၀န်ရှိသူတွေ တံခါးပိတ် ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီလို မြောက်ကိုရီးယားတာ၀န်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ဂျပန်တာ၀န်ရှိသူတွေက အမေရိကန်ကို အကြောင်းကြားထားခဲ့တယ်လို့ သတင်းစာမှာ ဖော်ပြထားပါတယ်။ ဂျပန်-မြောက်ကိုရီးယား ထိပ်သီးဆွေးနွေးပွဲကို ဖြစ်နိုင်သမျှ အမြန်ဆုံးဖြစ်မြောက်ဖို့အတွက် အဆင့်မြင့်ဆွေးနွေးပွဲတွေ စတင်နိုင်ဖို့ မျှော်လင့်ကြောင်း ဂျပန်၀န်ကြီးချုပ် ကီရှီဒါက မေလအတွင်းက ထုတ်ဖော်ပြောဆိုထားပါတယ်။ Ref: NHK #voiceofmyanmar #VOM #ဆိုးလ်

Read More

ဇူလိုင်လအတွင်း လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ် အဖြစ်ကို အားကောင်ရောက်မှာမို့ သတိပြုသင့်

ဇူလိုင်၊ ၃-၂၀၂၃ MM(VOM) ဘင်္ဂလားပင်လယ်အော်မှာ အခု ဇူလိုင်လအတွင်း လေဖိအားနည်းရပ်ဝန်း(၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး(၁)ကြိမ်က မုန်တိုင်းငယ်အဖြစ်ကို အားကောင်းရောက်ရှိလာနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကအသိပေးချက်ထုတ်ပြန်ချက်အရ သိရပါတယ်။ ”ဇူလိုင်လ ပထမ ၁၀ ရက်အတွက် သက်ဆိုင်ရာက ထုတ်ပြန်တဲ့ မိုးလေဝသခန့်မှန်းချက်ထဲမှာ ဘင်္ဂလား ပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ၁ ကြိမ်ဖြစ်ပေါ် နိုင်တယ်တဲ့ ၊ ဇူလိုင်လထဲမှာတော့ နှစ်ကြိမ်ဖြစ်နိုင်တယ်တဲ့ ၁ကြိမ် ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်ကို ရောက်မယ်ဆိုတဲ့ သတိပေးချက်ပါ၊ လက်ရှိတော့ လေဖိအားနည်းရပ်ဝန်းတောင် မဖြစ်သေးပါဘူး ၊ မုန်တိုင်းငယ် ဆိုတာက လေဖိအားနည်းရပ်ဝန်းအဆင့် ကျော်ပြီးမှ ဖြစ်တာပါ၊ အခုကာလက တိုးတက်နေတဲ့ အချိန်ဆိုတော့ မိုးလေဝသနဲ့ပတ်သက်လို့ မိုးဇလအနေနဲ့က ရက်တို ရက်ရှည်နဲ့ လချုပ် မိုးလေဝသသတင်းတွေကို ထုတ်ပြန်ပေးနေတာပါ၊ဒီလို ထုတ်ပြန်ပေးနေတော့ဘာဖြစ်မယ် ဘာမဖြစ်ဆိုတာတွေကို သိရှိပြီး ကြိုတင် သတိပြုရှောင် ရှားလို့ရတယ်လေ၊ အစိုးရိမ် မလွန်ဖို့နဲ့…

Read More

ရွှေပြည်သာက စာသင်ကျောင်းကို ဆန္ဒပြစာတန်းလာချိတ်ဆွဲသူတွေထဲက ၂ ယောက်ဖမ်းခံရ

ဇူလိုင် ၃-၂၀၂၃ GG (VOM) ရန်ကုန် ၊ရွှေပြည်သာမြိုနယ်က အခြေခံပညာစာသင်ကျောင်းကို ဆန္ဒပြစာသား လာချိတ်ဆွဲတဲ့သူတွေထဲက အမျိုးသမီးတစ်ယောက်နဲ့ အမျိုးသား ၂ ယောက် ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။ မနေ့ ဇူလိူင် ၂ ရက် ညနေ ၃ နာရီဝန်းကျင်လောက်မှာ ရွှေပြည်သာ ၊ အမှတ်(၁၁)ရပ်ကွက်က အ.လ.က(၉)စာသင် ကျောင်းတံခါးကို ကျောင်းသားထု သွေးနှင့်ရေးသော ၇ – ၇ – ၁၉၆၂ မမေ့ကြနဲ့ ” ဆိုတဲ့ စာသားပါ ဆိုင်းဘုတ်ကို လူငယ် ၇ ဦးက လာရောက်ချိတ်ဆွဲစဥ် ၂ ယောက်က ဖမ်းဆီးခံရကာ ၅ ယောက်ကတော့လွတ်မြောက်သွားတာဖြစ်တယ်လို့ သိရပါတယ်။ ” မနေ့ကကျောင်းပိတ်တော့ စာသင်ကျောင်းကိုလာကပ်ကြတာထင်ပါတယ်။ကျောင်းရဲ့ အနောက်ဘက်တံခါးမှာ လာကပ်ချိန် ဖမ်းခံလိုက်ရတာ။ကောင်မလေး နဲ့ကောင်လေး ဖမ်းခံရတာ၊ အသက်က ၁၈ နှစ်ပဲရှိသေးတယ်၊ကလေးသာသာတွေပါ”လို့…

Read More

ပြင်သစ်မှာ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေ၊ လူ သုံးထောင်ကျော် ဖမ်းဆီးခံထားရ

ပါရီ၊ ဇွန်-၃-၂၀၂၃ မျိုးဆက်(VOM) ပြင်သစ်နိုင်ငံမှာ ရဲတပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက်လူငယ်တဦးသေဆုံးခဲ့မှု ဖြစ်ပွားနေတဲ့ ဆန္ဒပြပွဲတွေအတွင်း လူ ၃၀၀၀ ကျော်ကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ဇူလိုင် ၁ ရက် ညပိုင်းကနေ ၂ ရက်နေ့ မနက်ပိုင်းအထိ လူပေါင်း ၇၁၉ ဦးကို ထပ်မံဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြင်သစ်ပြည်ထဲရေး၀န်ကြီးဌာနက ဇွန် ၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။ သေဆုံးသူဟာ မြောက်အာဖရိကနွယ်ဖွား ဆယ်ကျော်သက်လူငယ်ဖြစ်ပြီး ရဲတပ်ဖွဲ့က တားဆီးစဉ် ကားရပ်မပေးတဲ့အတွက် ပစ်ခတ်ခံခဲ့ရခြင်းဖြစ်ပြီး ဆန္ဒပြမှုတွေကြောင့် ရဲတပ်ဖွဲ့၀င် လေးသောင်းငါးထောင်ကို ပြင်သစ်အစိုးရက ဖြန့်ကြက်ချထားပါတယ်။ ပြင်သစ်နိုင်ငံဟာ လူမျိုးရေး ခွဲခြားမှုနဲ့ တရားဥပဒေစိုးမိုးရေးမှည ခွဲခြားဆက်ဆံခြင်းဆိုင်ရာ ပြသနာတွေကို အလေးအနက် ကိုင်တွယ်ဖြေရှင်းဖို့လိုအပ်ကြောင်း ကုလသမဂ္ဂလူ့အခွင့်အရေးရုံး ပြောရေးဆိုခွင့်ရှိသူက တိုက်တွန်းပြောဆိုပါတယ်။ ပြင်သစ်အစိုးရကတော့ ရဲတပ်ဖွဲ့ဟာ စနစ်တကျလူမျိုးရေးခွဲခြားမှု သို့မဟုတ် ခွဲခြားဆက်ဆံမှုတွေနဲ့ပတ်သက်ပြီး စွပ်စွဲချက်တွေဟာ အခြေအမြစ်လုံး၀မရှိကြောင်း တုံ့ပြန်ပြောဆိုထားပါတယ်။…

Read More

နွေစပါးစျေးကွက်ကျဆင်းနေလို့ တောင်သူတွေအဆင်မပြေဖြစ်နေ

ဇူလိူင် ၃- ၂၀၂၃ GG (VOM) စျေးကွက်ထဲကို နွေစပါးဝင်ရောက်မှု များလာတာနဲ့အတူ နွေစပါးစျေးနူန်း ကျဆင်းလာသလို စပါး အဝယ်လည်းအေးနေတာကြောင့် တောင်သူတွေ အဆင်မပြေဖြစ်နေရတယ်လို့ သိရပါတယ်။ ဧရာဝတီတိုင်းမှာ နွေစပါးတွေ စတင်ပေါ်ချိန်ဖြစ်တဲ့ ပြီးခဲ့တဲ့ အရင်လတွေတုန်းက နွေစပါးအသစ် စက်ကျအစို တင်း ၁၀၀ ကို စပါးအမျိုးအစားပေါ်လိုက်ပြီး ၁၅၀၀၀၀၀ သိန်းကနေ ၁၇၀၀၀၀၀ သိန်းအထိရှိခဲ့ပေမယ့် လက်ရှိ ပဲခူးတိုင်းက နွေစပါးတွေစျေးကွက်စတင်ဝင်ရောက်ချိန်မှာတော့ စပါးစျေးဟာ တင်း၁၀၀ စက်ကျအစိုကို ၁၃ သိန်း အထိ စျေးတန်း ကျသွားတယ် လို့ သိရပါတယ်။ ဒါကြောင့် နွေ စပါးအသစ်စျေးဟာ တင်း ၁၀၀ ကို ၃ သိန်းကျော်လောက် ပြုတ်ကျသွားတာဖြစ်လို့ နွေစပါးအသစ်တွေ အခုမှစတင်ရိတ်သိမ်းတဲ့ ပဲခူးတိုင်းကတောင်သူတွေ အဆင်မပြေဖြစ်နေရတယ်လို့ သိရပါတယ်။ ” ကိုယ့်ဘက်က နွေစပါးမပေါ်ခင်တုန်းက…

Read More

ပခုက္ကူမြို့ခံ ပြည်ခိုင်ဖြိုးလွှတ်တော်ကိုယ်စားလှယ်ဟောင်း ၁ ဦး ပစ်သတ်ခံရ

ဇူလိုင် ၊ ၂ ၊ ၂၀၂၃ SP ( VOM) မကွေးတိုင်း ၊ ပခုက္ကူမြို့နယ်၊ ကုန်းသစ်ကန်ကျေးရွာအနီး ပခုက္ကူ-မြိုင်ကားလမ်းမှာ မနေ့ ဇူလိုင် ၁ ရက် မနက် ၈ နာရီ ၂၀ မိနစ်ဝန်းကျင်က ပခုက္ကူမြို့ပေါ်မှာနေထိုင်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့သူ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်ဟောင်း တစ်ဦး ၊ ပစ်သတ်ခံရတယ်လို့ ပခုက္ကူ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” ဖမ်းဆီး သတ်ဖြတ်ခံရသူဟာ ပခုက္ကူမြို့ ၊ အမှတ် (၅) ရပ်ကွက်နေ ဦးဆွေလင်း (၅၁) နှစ်ဖြစ်ပြီး ၊ သူ့ကို သတ်ဖြတ်ခံထားရတဲ့နေရာက ကုန်းသစ်ကန်ကျေးရွာအနီး ပခုက္ကူ-မြိုင်ကားလမ်းမှာ ဖြစ်တယ် “လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။ ပခုက္ကူမြို့ခံ ပြည်ခိုင်ဖြိုး လွတ်တော်ကိုယ်စားလှယ်ဟောင်း…

Read More
VOM News

FREE
VIEW