ပေကျင်း၊ ဇူလိုင်-၄-၂၀၂၃
မျိုးဆက်(VOM)
နည်းပညာမြင့် ကွန်ပြုတာချစ်ပ်တွေထုတ်လုပ်ရာမှာ အသုံးပြုတဲ့ အဓိကသတ္တုနှစ်မျိုးကို ပြည်ပတင်ပို့အပေါ် တရုတ်အစိုးရက ကန့်သတ်မှုတွေ ချမှတ်လိုက်ပါတယ်။
ကမ္ဘာ့အကြီးဆုံး သတ္တုထုတ်လုပ်တဲ့ တရုတ်နိုင်ငံဟာ မြေရှားသတ္တုနှစ်မျိုးဖြစ်တဲ့ ဂမ်လီယမ်နဲ့ ဂျာမနီယမ် သတ္တုနှစ်မျိုး တင်ပို့မှုအတွက် အထူးလိုင်စင်တွေ လိုအပ်လာတော့မှာဖြစ်ကြောင်း တရုတ်တာ၀န်ရှိသူတွေက ပြောပါတယ်။
အမေရိကန်လုပ် အဆင့်မြင့်ချစ်ပ်တွေတရုတ်နိုင်ငံသို့ တင်ပို့တာကို အမေရိကန်က တားမြစ်ပိတ်ပင်ဖို့ ကြိုးပမ်းမှုကို တုံ့ပြန်လိုက်တာဖြစ်ပြီး အမေရိကန်ဘဏ္ဍာရေး၀န်ကြီး ဂျနက်ယဲလ်လန် တရုတ်ကိုမသွားခင် ရက်ပိုင်းအလိုမှာ အခုလိုကန့်သတ်မှု ထွက်ပေါ်လာတာဖြစ်ပါတယ်။
အမျိုးသားလုံးခြုံရေးနဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့အတွက် အဲဒီကန့်သတ်ချက်တွေကို ချမှတ်ဖို့လိုအပ်ကြောင်း တရုတ် ကူးသန်းရောင်း၀ယ်ရေး ၀န်ကြီးဌာနက ဇူလိုင် ၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မိုလ်ဘိုင်းဖုန်းတွေ၊ စူပါကွန်ပြူတာတွေနဲ့ စစ်ဘက်ဆိုင်ရာပစ္စည်းတွေအထိ တီထွင်ထုတ်လုပ်နိုင်တဲ့ ချစ်ပ်ထုတ်ကုန်တွေဟာ စီးပွားရေးအင်အားကြီး အမေရိကန်နဲ့ တရုတ်နိုင်ငံတို့အကြား အငြင်းပွားမှုဗဟိုချက်တခုအဖြစ် ရှိနေပါတယ်။
Ref: BBC
Photo:iStock
#voiceofmyanmar #VOM #ပေကျင်း