အစ္စရေးရဲ့ စစ်ဆင်ရေးကြောင့် ဒုက္ခသည်စခန်းက ပါလက်စတိုင်းထောင်ပေါင်းများစွာ ထွက်ပြေးနေရ

ဂျေရုဆလင်၊ ဇူလိုင်-၄-၂၀၂၃
မျိုးဆက်(VOM)

အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းရှိ ဂျီနင်ဒုက္ခသည်စခန်းမှာ အစ္စရေးတပ်ဖွဲ့၀င်တွေနဲ့ ပါလက်စတိုင်းစစ်သွေးကြွတွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေ အပြင်းအထန်ဖြစ်ပွားနေပြီး ဒုက္ခသည် ထောင်ပေါင်းများစွာ စခန်းကနေ ထွက်ပြေးနေရပါတယ်။

အစ္စရေးစစ်တပ်ဟာ ဂျီနင်ဒေသမှာ ဇူလိုင် ၃ ရက်အစောပိုင်းက မောင်းသူမဲ့လေယာဉ်နဲ့ တိုက်ခိုက်ခဲ့ပြီး နှစ်များစွာအတွင်း အနောက်ဘက်ကမ်းမှာ စစ်ဆင်ရေးအကြီးစားတခုကို စတင်နေပါတယ်။

အစ္စရေးရဲ့ စစ်ဆင်ရေးအတွင်း ပါလက်စတိုင်းကိုးဦးသေဆုံးပြီး ၁၀၀ ကျော်ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးတာ၀န်ရှိသူတွေကပြောပါတယ်။

အဲဒီဒေသမှာ အကြမ်းဖက်သမားတွေ ခိုလှုံနေကြောင်း အစ္စရေးက ပြောဆိုထားပေမယ့် ဒီလုပ်ရပ်ဟာ စစ်ရာဇ၀တ်မှုဖြစ်ကြောင်း ပါလက်စတိုင်းတို့က စွပ်စွဲထားပါတယ်။

စစ်ဆင်ရေးပြီးဆုံးမယ့် တိကျတဲ့ အချိန်ကာလကို ထုတ်ပြန်ခြင်းမရှိပေမယ့်လည်း နာရီအနည်းငယ် သို့မဟုတ် ရက်အနည်းငယ်ကြာမြင့်နိုင်ကြောင်း အစ္စရေးစစ်တပ်က ထုတ်ဖော်ပြောဆိုထားပါတယ်။

ဂျီနင်ဒေသဟာ ပါလက်စတိုင်းအာဏာပိုင်တွေရဲ့ ခေါင်းဆောင်မှုနဲ့ အစ္စရေးရဲ့ သိမ်းပိုက်မှု ကန့်သတ်ချက်တွေအပေါ် အကြီးအကျယ် စိတ်ပျက်နေကြတဲ့ မျိုးဆက်သစ် ပါလက်စတိုင်းစစ်သွေးကြွတွေရဲ့ အမာခံနယ်မြေဖြစ်ပါတယ်။

Ref: BBC
Photo:Reuters
#voiceofmyanmar #VOM #ဂျေရုဆလင်

Related posts

Leave a Comment

VOM News

FREE
VIEW