ဇူလိုင်လအတွင်း လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ် အဖြစ်ကို အားကောင်ရောက်မှာမို့ သတိပြုသင့်

ဇူလိုင်၊ ၃-၂၀၂၃
MM(VOM)

ဘင်္ဂလားပင်လယ်အော်မှာ အခု ဇူလိုင်လအတွင်း လေဖိအားနည်းရပ်ဝန်း(၂)ကြိမ်ဖြစ်ပေါ်နိုင်ပြီး(၁)ကြိမ်က မုန်တိုင်းငယ်အဖြစ်ကို အားကောင်းရောက်ရှိလာနိုင်တယ်လို့ မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကအသိပေးချက်ထုတ်ပြန်ချက်အရ သိရပါတယ်။

”ဇူလိုင်လ ပထမ ၁၀ ရက်အတွက် သက်ဆိုင်ရာက
ထုတ်ပြန်တဲ့ မိုးလေဝသခန့်မှန်းချက်ထဲမှာ ဘင်္ဂလား ပင်လယ်အော်မှာ လေဖိအားနည်းရပ်ဝန်း ၁ ကြိမ်ဖြစ်ပေါ် နိုင်တယ်တဲ့ ၊ ဇူလိုင်လထဲမှာတော့ နှစ်ကြိမ်ဖြစ်နိုင်တယ်တဲ့ ၁ကြိမ် ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ်ကို ရောက်မယ်ဆိုတဲ့ သတိပေးချက်ပါ၊ လက်ရှိတော့ လေဖိအားနည်းရပ်ဝန်းတောင် မဖြစ်သေးပါဘူး ၊ မုန်တိုင်းငယ် ဆိုတာက လေဖိအားနည်းရပ်ဝန်းအဆင့် ကျော်ပြီးမှ ဖြစ်တာပါ၊ အခုကာလက တိုးတက်နေတဲ့ အချိန်ဆိုတော့ မိုးလေဝသနဲ့ပတ်သက်လို့ မိုးဇလအနေနဲ့က ရက်တို ရက်ရှည်နဲ့ လချုပ် မိုးလေဝသသတင်းတွေကို ထုတ်ပြန်ပေးနေတာပါ၊ဒီလို ထုတ်ပြန်ပေးနေတော့ဘာဖြစ်မယ် ဘာမဖြစ်ဆိုတာတွေကို သိရှိပြီး ကြိုတင် သတိပြုရှောင် ရှားလို့ရတယ်လေ၊ အစိုးရိမ် မလွန်ဖို့နဲ့ ပေါ့ပေါ့ဆဆ မနေဖို့ပဲလိုတယ်။”လို့ မိုးလေဝသပညာရှင်တစ်ဦးက ပြောပါတယ်။

အခု ဇူလိုင်လအတွင် မြန်မာနိုင်ငံမှာ အားအသင့်အတင့် ရှိတဲ့ အယ်လ်နီညိုအခြေအနေကို ရောက်နိုင်ပြီး အဲ့ဒီ
အယ်လ်နီညိုဖြစ်စဉ်ဟာ ယေဘုယျအနေနဲ့ မိုးရွာသွန်း မှုပုံစံ မူမမှန်တာ၊ အပူချိန်မြင့်မားတာ၊ မုန်တိုင်းတွေ ဖြစ်ပေါ် မူမမှန်တာ စတဲ့ဆိုးဝါးတဲ့ရာသီဥတုဖြစ်စဉ်တွေ ဖြစ်ပေါ်လေ့ရှိတဲ့အခြေအနေဖြစ်တယ်လို့ မိုးလေသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒါ့အပြင် အခု ဇူလိုင်လအတွင်းမှာ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ကချင်ပြည် နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)နဲ့ စစ်ကိုင်းတိုင်းအထက်ပိုင်း တွေမှာ ၂၃ ရက်ကနေ ၂၉ ရက်ခန့်၊ နေပြည်တော်၊ ချင်းပြည်၊ ကယားပြည်၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)နဲ့ (အရှေ့ပိုင်း)တွေမှာ ၁၆ ရက်ကနေ ၂၂ ရက်ခန့်နဲ့ မန္တလေးတိုင်း၊ မကွေးတိုင်း စစ်ကိုင်းတိုင်း အောက်ပိုင်းမှာ ၉ ရက်ကနေ ၁၅ ရက်ခန့် မိုးထစ်ချုန်းရွာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အသိပေးချက် ထုတ်ပြန်ထားချက်အရသိရပါတယ်။

ဇူလိုင်လအတွင်းမှာ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်၊ ဒုဋ္ဌဝတီ၊ စစ်တောင်း၊ ရွှေကျင်၊ ပဲခူး၊ သောင်ရင်း၊ ငဝန်၊ တိုးမြစ်၊ ကုလားတန်၊ လေးမြို့နဲ့ ဘီးလင်းမြစ်ရေ အခြေအနေဟာ မြစ်အနီးက မြို့နယ်တွေအများစုမှာ စိုးရိမ်ရေမှတ်အသီးသီး အထက်ကို(၁)ကြိမ်စီရောက် နိုင်တယ်လို့ မိုး/ဇလက အသိပေးထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်း ရန်ကုန်အပါအဝင် ရက်ဆက် မိုးသည်းထန်စွာရွာသွန်းတာကြောင့် ရန်ကုန်မြို့က လူနေအိမ်တွေထဲ ရေဝင်ရောက်တာတွေဖြစ်ပေါ်ခဲ့ပြီး ကချင်ပြည်နယ်၊ ဖားကန့်မှာလည်း ဥရုချောင်းရေမြင့် တက်လို့ လူနေအိမ်အချို့ ရေဝင်ရောက်မှုတွေဖြစ်ပေါ် ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် အားအလွန်ကောင်းတဲ့ မိုခါမုန်တိုင်းဟာ မေလ ၁၄ ရက်က ရခိုင်ပြည် နယ်ကို ဝင်ရောက် တိုက်ခတ်ခဲ့တဲ့ အတွက် ရခိုင်ပြည်နယ်အပါအဝင် တိုင်းနဲ့ ပြည်နယ် တွေမှာ လူတွေ ရာနဲ့ချီသေဆုံးခဲ့ပြီး သောင်းနဲ့ချီ အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

#voiceofmyanmar #VOM #မိုးလေဝသ

Related posts

Leave a Comment

VOM News

FREE
VIEW