လက်ပံတန်း တိုက်နယ်ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ၂ ယောက်နဲ့ဒေသခံ ၂ ယောက်သေဆုံး၊၂ယောက်ဒဏ်ရာရ

ဇူလိူင် ၂ – ၂၀၂၃ GG(VOM) ပဲခူးတိုင်းအနောက်ပိုင်း၊ လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်းတိုက်နယ်ရဲစခန်းဟာ မနေ့ ဇူလိူင် ၁ ရက် ညပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၂ ယောက်အပါအဝင် ၄ ယောက်သေဆုံးကာ ၂ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ သေဆုံးတဲ့ ရဲတပ်ဖွဲ့ဝင်၂ယောက်ဟာ ဇီးဖြူကုန်းတိုက်နယ်ရဲစခန်းက တပ်ကြပ်ကျော်ကျော်မြင့် ဆိုသူနဲ့ တပ်ကြပ်ကြီး အောင်ခိုင်တို့ဖြစ်ပြီး နောက်ထပ်သေဆုံးသူ၂ယောက်နဲ့ ဒဏ်ရာရသူ ၂ယောက်ဟာလည်း ဇီးဖြူကုန်းဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။ ” မနေ့ကည ၈ နာရီကျော် ၉ နာရီလောက်မှာ ဖြစ်တာပါ၊ ရဲတပ်ဖွဲ့ဝင် ၂ယောက်သေတယ်၊ဒေသခံ၂ယောက်လည်းသေတယ်၊နောက်ထပ် ၂ယောက်ဒဏ်ရာရတယ်။ဒဏ်ရာရတဲ့အထဲက တစ်ယောက်ကစိုးရိမ်ရလို့ ရန်ကုန်ဆေးရုံပို့လိုက်တယ်၊ကျန်တာက ဆီးဖြူကုန်းဆေးရုံမှာပါ။ ” လို့ လက်ပံတန်းမြို့က အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူ တစ်ဦးကပြောပါတယ်။ အဆိုပါ တိုက်နယ်ရဲစခန်းကို လက်နက်ကြီးနဲ့ပစ်ခတ်တာမျိုးမဟုတ်ဘဲ လာရောက်တိုက်ခိုက်ပစ်ခတ်သွားတာဖြစ်ကြောင်း ၊ ဖြစ်စဥ်ကို တာဝန်ရှိသူတွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ…

Read More

ရှမ်းပြည်မှာ ပြီးခဲ့တဲ့ ၆ လအတွင်း ယာဉ်တိုက်မှု(၁၈၆)ကြိမ် ဖြစ်ခဲ့ပြီး (၃၄)ဦး သေဆုံးခဲ့

ဇူလိုင် ၂-၂၀၂၃ MM(VOM) ရှမ်းပြည်နယ်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလကနေ ဇွန်လကုန် ပိုင်းအထိ ၆ လအတွင်း ယာဉ်တိုက်မှု (၁၈၆)ကြိမ်ဖြစ် ပွားခဲ့ပြီး ဒဏ်ရာရသူ ၂၂၆ ယောက်နဲ့ သေဆုံးသူ ၃၄ ယောက်အထိရှိခဲ့တယ်လို့ သိရပါတယ်။ ”အခုနှစ် ၆ လထဲမှာ ယာဉ်တိုက်မှုတွေကြောင့်လူ ၃၄ ယောက်သေဆုံးခဲ့တယ်၊ ၂၂၂ ယောက်ဒဏ်ရာရရှိခဲ့တယ်၊မန္တလေး-မူဆယ် ပြည်ထောင်စုလမ်းမကြီးပေါ်နဲ့ မူဆယ်၊ ကွတ်ခိုင်၊ သိန္နီ၊ လားရှိုးနဲ့ သီပေါမြို့နယ်တွေမှာ ယာဉ်တိုက်မှုတွေအများဆုံးဖြစ်ခဲ့တာပါ၊ ယာဉ်စည်း ကမ်း လမ်းစည်းကမ်း လိုက်နာမှုအားနည်းတာကြောင့်ယာဉ်မတော်တဆမှု မကြာခဏဖြစ်ပွားပြီး သေဆုံးရတာပါ၊ သေဆုံးတဲ့သူတွေထဲမှာ လူငယ်တွေမနည်းပါတယ်။”လို့ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။ ဒေသခံ လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက” ယာဉ်တိုက်မှုဖြစ်တဲ့ဖြစ်စဉ်တွေက ယာဉ်ကိုပေါ့လျော့စွာ မောင်းနှင်ကြပြီး ယာဉ်စည်းကမ်း လမ်းစည်းကမ်းတွေကို လိုက်နာကျင့်သုံးမှု မရှိတာကြောင့်ပါ၊ ဖြစ်စဉ်တွေကို သုံးသပ်လိုက်ရင် လမ်းတွေက ကောင်းတယ်၊ ယာဉ်မောင်းတွေက မဆင်ခြင်မောင်းကြလို့ဖြစ်တာ၊ဆိုင်ကယ်သမားတွေနဲ့ ကားသမားတွေပါ…

Read More

ပြင်သစ်မှာ ဆန္ဒပြပွဲတွေပြင်းထန်လာတာကြောင့် ရဲတပ်ဖွဲ့၀င် (၄၅၀၀၀) ကျော် ဖြန့်ကြက်ထားရ

ပါရီ၊ ဇူလိုင်-၁-၂၀၂၃ မျိုးဆက်(VOM) ပြင်သစ်နိုင်ငံမှာ ၁၇ နှစ်အရွယ် ဆယ်ကျော်သက်တဦး ရဲတပ်ဖွဲ့၀င်တယောက်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့အပေါ် လေးရက်မြောက်ညအဖြစ် ဆန္ဒပြမှုတွေအတွင်း လူ တစ်ထောင်ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။ မာဆေး၊ လိုင်ယွန်၊ ဂရီနိုဘယ်နဲ့ ပဲရစ်မြို့တို့မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွားနေတာဖြစ်ပြီး အခြေအနေကို ထိန်းသိမ်းဖို့အတွက် ရဲတပ်ဖွဲ့၀င် ၄၅၀၀၀ ကျော်နဲ့ သံချပ်ကာယာဉ်အချို့ကို အာဏာပိုင်တွေက ဖြန့်ကြက်ချထားပါတယ်။ ဒါ့အပြင် တူးလော့၊ စထရာဘော့နဲ့ လိုင်လီအပါအ၀င် အခြားမြို့တွေမှာလည်း ဆန္ဒပြသူတွေက အဆောက်အအုံတွေနဲ့ ကားတွေကို မီးရှို့ပြီး စျေးဆိုင်တွေကို ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြမှုတွေအတွင်း ရဲတပ်ဖွဲ့၀င် ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်သစ်ပြည်ထဲရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပြီး ဖမ်းဆီးခံရတဲ့ လူငယ်အများစုဟာ လူငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။ ကားရပ်မပေးတာကြောင့် ရဲတပ်ဖွဲ့၀င်တပ်ရဲ့ ပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ အသက် ၁၇ နှစ်အရွယ်…

Read More

မြေဩဇာကို ပြင်ပပေါက်စျေးထက်‌လျှော့ရောင်းပေးမယ်ဆိုတဲ့အပေါ် တိကျတဲ့အချက်အလက် မသိရတာကြောင့် တောင်သူတွေ အဆင်မပြေဖြစ်

ဇွန် ၃၀ – ၂၀၂၃ GG (VOM) ရန်ကုန်တိုင်းအပါအဝင် တိုင်းဒေသကြီး ၄ ခုက မိုးစပါး စိုက်ဧက ၅.၃ သိန်းဧကအတွက် မြေဩဇာတွေကို ပြင်ပပေါက်စျေးထက်လျှော့ပြီး ရောင်းချပေးသွားမှာဖြစ်တယ်လို့ သမဝါယမနဲ့ ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကသိရပါတယ်။ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်းမှာ မိုးစပါး စီမံကိန်းကို အကောင်အထည်ဖော်မှာဖြစ်ပြီး အဲ့ဒီ စိုက်ဧကတွေ အတွက်က မြေဩဇာ တန်ချိန်ပေါင်း ၇၉၅ဝဝ လိုအပ်မှာဖြစ်တယ်လို့ သိရပါတယ်။ ” အခုမှ အစည်းအဝေးလုပ်ကြတုန်းပဲ။သေသေချာချာ မသိရသေးဘူး။မြေဩဇာရောင်းပေးမှာတော့ ဟုတ်ပါတယ် “လို့ သမဝါယမဦးစီးဌာနက အမည်မဖော်လိုတဲ့ ဝန်ထမ်းတစ်ဦးကပြောပါတယ်။ သမဝါယမဦးစီးဌာနအနေနဲ့ မြေဩဇာတွေကို တိုင်းဒေသကြီးအလိုက် ရောင်းချပေးမယ့်ပုံစံ ၊တောင်သူတွေ ဝယ်ယူနိုင်မယ့် အစီအစဥ်​တွေကို ကြေညာအသိပေးခြင်းမရှိသေးတာကြောင့် ဝယ်ယူလိုတဲ့ တောင်သူတွေအတွက် အဆင်မပြဖြစ်နေရတယ်လို့ သိရပါတယ်။ ” ရောင်းပေးမယ်လို့တော့ ကြားတယ်။ဒါပေမယ့် ဘယ်လိုဝယ်ရမယ်၊ဘယ်မှာဝယ်ရမယ်၊ဘယ်သူ့ကို…

Read More

စီးပွားရေးအကျပ်ရိုက်နေတဲ့ ပါကစ္စတန်အတွက် ဒေါ်လာသုံးဘီလီယံ အိုင်အမ်အက်ဖ် ကူညီမယ်

အစ္စလာမ္မာဘတ်၊ ဇူလိုင်-၁-၂၀၂၃ မျိုးဆက်(VOM) စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ပါကစ္စတန်နိုင်ငံအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)က ဒေါ်လာ သုံးဘီလီယံ အကူအညီပေးဖို့ အကြိုသဘောတူညီမှုကို ဇွန် ၃၀ ရက်မှာ ရရှိခဲ့ပါတယ်။ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ဘုတ်အဖွဲ့ကအတည်ပြုဖို့ လိုအပ်နေသေးတဲ့ အဲဒီသဘောတူညီချက်ဟာ ရှစ်လကြာ ဆွေးနွေးမှုများအပြီး ထွက်ပေါ်လာတာဖြစ်ပါတယ်။ ရုံးအဖွဲ့အဆင့် သဘောတူပြီးနောက်မှာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ဘုတ်အဖွဲ့က ခွင့်ပြုပေးလေ့ရှိပြီး ဘုတ်အဖွဲ့ဟာ လာမယ့်သီတင်းပတ်တွေအတွင်း ပါကစ္စတန်အတွက် သဘောတူညီချက်ကို ထည့်သွင်းဆွေးနွေးဖွယ်ရှိနေပါတယ်။ တောင်အာရှရှိ ပါကစ္စတန်နိုင်ငံဟာ ၁၉၄၇ ခုနှစ် ဗြတိန်ထံကနေ လွတ်လပ်ရေးရပြီးနောက် အဆိုးရွားဆုံးစီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။ သဘောတူညီချက် သေချာစေရေး အထောက်အကူဖြစ်စေဖို့ ဗဟိုဘဏ်ဟာ သူ့ရဲ့အဓိကအတိုးနှုန်းကို ၂၂ ရာခိုင်နှုန်းထိ စံချိန်တင် မြှင့်တင်ခဲ့ပါတယ်။ နှစ်ပေါင်းများစွာ ငွေကြေးစီမံခန့်ခွဲမှုအလွဲတွေနဲ့အတူ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်း၊ ယမန်နှစ်ကရေလွှမ်းမိုးမှုများကြုံတွေ့ခဲ့ရပြီးနောက် ပါကစ္စတန်စီးပွားရေးဟာ ဆိုးရွားစွာကျဆင်းခဲ့ပါတယ်။ Ref: BBC…

Read More

မိုင်းခွဲခံရတဲ့ ကျုံအိတ်တံတားဖြစ်စဉ်ကနေ လူ ၄ ဦး ထပ်မံ သေဆုံးခဲ့တယ်လို့ သိရ

ဇူလိုင် ၁ – ၂၀၂၃ SN (VOM) မွန်ပြည်နယ်၊ သထုံမြို့နယ်နဲ့ ဘီးလင်းမြို့နယ်ကြားရှိ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံရမှုကို သွားရောက်စစ်ဆေးစဉ် တိုက်ခိုက်ခံရတဲ့အဖွဲ့ထဲက လူ ၄ ဦး ဆေးရုံမှာ ထပ်မံသေဆုံးခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းတွေဆီက သိရပါတယ်။ ကျုံအိတ်တံတားဟာ ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်၊ မနက် ၄ နာရီခွဲဝန်းကျင်က မိုင်းခွဲဖျက်ဆီးခံရတာဖြစ်ပြီး အဲ့ဒီဖြစ်စဉ် ဖြစ်ပွားချိန် တံတားပေါ်မှာ ဖြတ်သန်းမောင်းနှင်နေတဲ့ မော်တော်ယာဉ် ၃ စီးပြုတ်ကျ ပျက်စီးခဲ့ကာ ယာဉ်တစ်စီးပေါ် လိုက်ပါလာတဲ့ ဥပဒေအရာရှိတစ်ဦး သေဆုံးပြီး ရဲတစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ့နောက် မနက် ၈ နာရီလောက်မှာ မိုင်းခွဲဖျက်ဆီးခံခဲ့ရတဲ့ တံတားကို စစ်ဆေးဖို့အတွက် သထုံခရိုင်အတွင်းက ဌာနဆိုင်ရာတာဝန်ရှိသူတွေ လာရောက်ကြချိန် Drop Bomb နဲ့ ထပ်မံတိုက်ခိုက်ခံရတာကြောင့် သထုံခရိုင်လမ်းဦးစီးမှူး…

Read More

ရုပ်ရှင်အစည်းအရုံးအဖွဲ့ဝင်ဟောင်း အသံဖမ်းပညာရှင်မဉ္ဇူ ရုပ်ရှင်(အသံ) ဦးချစ်ဆွေကွယ်လွန်

ဇူလိုင်၊၁-၂၀၂၃ MM(VOM) မြန်မာ့ရုပ်ရှင်အစည်းအရုံး(ဗဟို)ရဲ့အသံဖမ်းအကဲဖြတ်ဒိုင်အဖြစ်ဆောင်ရွက်ခဲ့တဲ့ အသံဖမ်းပညာရှင် မဉ္ဇူ ရုပ်ရှင်အသံ ဦးချစ်ဆွေဟာ မနေ့ ဇွန်လ ၃၀ ရက်က ကွယ်လွန်သွားတယ်လို့ ရုပ်ရှင်အသိုင်းအဝိုင်းကနေ သိရပါတယ်။ ”မဉ္ဇူရုပ်ရှင်အသံ ဦးချစ်ဆွေက ဇွန် ၃၀ ည ၇နာရီ ၄၀ က ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်၊သေနတ်ပစ်ကွင်း နေအိမ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားတာ ဟုတ်ပါ တယ်၊ ဆရာ ချစ်ဆွေက အရင်က အစည်းအရုံးဗဟိုရဲ့ အသံဖမ်းပိုင်းမှာ ရုပ်ရှင်ထူးချွန်ဆု အကဲဖြတ်အဖွဲ့ဝင် ဟောင်းဖြစ်ပါတယ်၊ ဆရာက ကျန်းမာရေးမကောင်း ဖြစ်နေတာ ကြာပါပြီ၊ ဆရာက အသံဖမ်းလောကမှာ ၂ ယောက်မရှိဘူး စိတ်ထဲမကောင်းဘူးပေါ့။”လို့ ရုပ်ရှင်လောကမှ အသံဖမ်းပညာရှင်တစ်ဦးကပြောပါတယ်။ အကယ်ဒမီ ရုပ်ရှင်သရုပ်ဆောင်တစ်ဦးက” ဦးချစ်ဆွေ က ၂၀၁၆၊ ၂၀၁၇၊ ၂၀၁၈ ခုနှစ်အထိ မြန်မာ့ရုပ်ရှင် အစည်းအရုံး(ဗဟို)ရဲ့ မြန်မာ့ ရုပ်ရှင်ထူး…

Read More

ယူနက်စကိုအဖွဲ့ထဲကို အမေရိကန် ပြန်လည်၀င်ရောက်မှု အဖွဲ့၀င်နိုင်ငံတွေအတည်ပြု

ပါရီ ၊ ဇူလိုင်-၁-၂၀၂၃ မျိုးဆက်(VOM) ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) အဖွဲ့ကို ပြန်လည်၀င်ရောက်ဖို့ အမေရိကန်ရဲ့ လျှောက်ထားမှုကို ယူနက်စကိုက ဇွန် ၃၀ ရက်မှာ တရား၀င်လက်ခံလိုက်ပါတယ်။ အမေရိကန်ရဲ့ အဆိုပါလျှောက်ထားမှုနဲ့ပတ်သက်ပြီး ပါရီမှာ ဇွန် ၃၀ ရက်က ပြုလုပ်သောအစည်းအဝေးအတွင်း အဖွဲ့၀င်နိုင်ငံတွေက မဲခွဲဆုံးဖြတ်ခဲ့ကြပြီးနောက် ပြန်လည်၀င်ရောက်ခွင့် ပြုခဲ့ခြင်းဖြစ်ပါတယ်။ ယူနက်စကိုအဖွဲ့ဟာ အစ္စရေးကို ဘက်လိုက်တယ်ဆိုကာ အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်လက်ထက် ၂၀၁၈ ခုနှစ်မှာ ယူနက်စကိုအဖွဲ့ကနေ အမေရိကန် နှုတ်ထွက်ခဲ့ပါတယ်။ ဒါပေမယ့် သမ္မတဂျိုးဘိုင်ဒင်ရဲ့ အမေရိကန်အစိုးရလက်ထက်မှာတော့ အဖွဲ့သို့ ပြန်လည်၀င်ရောက်ဖို့ ကြိုးစားခဲ့ပါတယ်။ ယူနက်စကိုအဖွဲ့အတွက် ရန်ပုံငွေသန်းပေါင်းများစွာ ပံ့ပိုးဖို့ အမေရိကန်နိုင်ငံခြားရေး၀န်ကြီး ဘလင်ကင်က ကွန်ဂရက်ကို မတ်လမှာ တောင်းဆိုခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ယူနက်စကိုအဖွဲ့အတွက် အကြီးမားဆုံးပံ့ပိုးပေးတဲ့ နိုင်ငံဖြစ်ပြီး ဥာဏ်ရည်တုနည်းပညာလိုမျိုး နယ်ပယ်တွေမှာ ယူနက်စကိုအတွက်…

Read More

စားသုံးဆီ အခြေခံရည်ညွန်းစျေးက ၄၀၁၀ သာရှိပေမယ့် ပြင်ပမှာ ၉၀၀၀ ကျပ်အထိ ပြန်မြင့်တက်လာ

ဇူလိူင် ၁ – ၂၀၂၃ GG (VOM) ပြည်တွင်းစားသုံးဆီစျေးဟာ တစ်ပိသာကို အမြင့်ဆုံး ၉၀၀၀ ကျပ်ထိ ပြန်လည်မြင့်တက်လာပြီး အစိုးရထုတ်ပြန်တဲ့ စားသုံးဆီရည်ညွန်းစျေးနဲ့ ယှဥ်ရင် ထက်ဝက်ကျော် စျေးနူန်းကွာဟနေတယ်လို့ သိရပါတယ်။ စားသုံးဆီ တင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ထုတ်ပြန်ထားတဲ့ ရည်ညွန်းစျေးကတော့ စားသုံးဆီ တစ်ပိဿာကို ၄၀၁၀ ကျပ်သာရှိပေမယ့် ပြင်ပလက်လီစျေးကွက်မှာက စားသုံးဆီတစ်ပိဿာကို ၉၀၀၀ ကျပ်အထိ ပြန်လည်မြင့်တက်လာတာကြောင့် တစ်ပိဿကို ၅၀၀၀ လောက် ကွာဟနေတာဖြစ်ပါတယ်။ ဒါ့ကြောင့် အခြေခံ လက်လုပ်လက်စား မိသားစုတွေ စားဝတ်နေရေးအတွက် ဒုက္ခရောက်နေကြသလို လူလတ်တန်းစားတွေအတွက် အဆင်မပြေတဲ့အခြေအနေတွေ ​ကြုံနေရတယ်လို့သိရပါတယ်။ ” စျေးကလည်း တက်ချင်ရင် ချက်ခြင်းကို ခုန်တက်တာ၊ကျဖို့ ဆိုရင်တော့ ၁၀၀ ကျ ၂၀၀ ကျပဲ၊ အရင်ရက်ကမှ ၇၅၀၀ ရှိတာ ၊ မနေ့ကဝယ်တော့…

Read More
VOM News

FREE
VIEW