ပြင်သစ်မှာ ဆန္ဒပြပွဲတွေပြင်းထန်လာတာကြောင့် ရဲတပ်ဖွဲ့၀င် (၄၅၀၀၀) ကျော် ဖြန့်ကြက်ထားရ

ပါရီ၊ ဇူလိုင်-၁-၂၀၂၃
မျိုးဆက်(VOM)

ပြင်သစ်နိုင်ငံမှာ ၁၇ နှစ်အရွယ် ဆယ်ကျော်သက်တဦး ရဲတပ်ဖွဲ့၀င်တယောက်ရဲ့ ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့အပေါ် လေးရက်မြောက်ညအဖြစ် ဆန္ဒပြမှုတွေအတွင်း လူ တစ်ထောင်ကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပါတယ်။

မာဆေး၊ လိုင်ယွန်၊ ဂရီနိုဘယ်နဲ့ ပဲရစ်မြို့တို့မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွားနေတာဖြစ်ပြီး အခြေအနေကို ထိန်းသိမ်းဖို့အတွက် ရဲတပ်ဖွဲ့၀င် ၄၅၀၀၀ ကျော်နဲ့ သံချပ်ကာယာဉ်အချို့ကို အာဏာပိုင်တွေက ဖြန့်ကြက်ချထားပါတယ်။

ဒါ့အပြင် တူးလော့၊ စထရာဘော့နဲ့ လိုင်လီအပါအ၀င် အခြားမြို့တွေမှာလည်း ဆန္ဒပြသူတွေက အဆောက်အအုံတွေနဲ့ ကားတွေကို မီးရှို့ပြီး စျေးဆိုင်တွေကို ဖျက်ဆီးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ဆန္ဒပြမှုတွေအတွင်း ရဲတပ်ဖွဲ့၀င် ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့တယ်လို့ ပြင်သစ်ပြည်ထဲရေး၀န်ကြီးဌာနက ထုတ်ပြန်ထားပြီး ဖမ်းဆီးခံရတဲ့ လူငယ်အများစုဟာ လူငယ်တွေဖြစ်တယ်လို့ ဆိုပါတယ်။

ကားရပ်မပေးတာကြောင့် ရဲတပ်ဖွဲ့၀င်တပ်ရဲ့ ပစ်ခတ်မှုမှာ သေဆုံးခဲ့တဲ့ အသက် ၁၇ နှစ်အရွယ် ဆယ်ကျော်သက်ရဲ့ စျာပနကို နန်တာရီဆင်ခြေဖုံးမှာ ဒီနေ့နှောင်းပိုင်းမှာ ပြုလုပ်သွားမှာဖြစ်ပါတယ်။

Ref: Reuters
Photo:Reuters
#voiceofmyanmar #VOM #ပါရီ

Related posts

Leave a Comment

VOM News

FREE
VIEW