လက်ပံတန်း တိုက်နယ်ရဲစခန်း တိုက်ခိုက်ခံရပြီး ရဲ၂ ယောက်နဲ့ဒေသခံ ၂ ယောက်သေဆုံး၊၂ယောက်ဒဏ်ရာရ

ဇူလိူင် ၂ – ၂၀၂၃
GG(VOM)

ပဲခူးတိုင်းအနောက်ပိုင်း၊ လက်ပံတန်းမြို့နယ်၊ ဇီးဖြူကုန်းတိုက်နယ်ရဲစခန်းဟာ မနေ့ ဇူလိူင် ၁ ရက် ညပိုင်းက ပစ်ခတ်တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၂ ယောက်အပါအဝင် ၄ ယောက်သေဆုံးကာ ၂ ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

သေဆုံးတဲ့ ရဲတပ်ဖွဲ့ဝင်၂ယောက်ဟာ ဇီးဖြူကုန်းတိုက်နယ်ရဲစခန်းက တပ်ကြပ်ကျော်ကျော်မြင့် ဆိုသူနဲ့ တပ်ကြပ်ကြီး အောင်ခိုင်တို့ဖြစ်ပြီး နောက်ထပ်သေဆုံးသူ၂ယောက်နဲ့ ဒဏ်ရာရသူ ၂ယောက်ဟာလည်း ဇီးဖြူကုန်းဒေသခံတွေဖြစ်တယ်လို့ သိရပါတယ်။

” မနေ့ကည ၈ နာရီကျော် ၉ နာရီလောက်မှာ ဖြစ်တာပါ၊ ရဲတပ်ဖွဲ့ဝင် ၂ယောက်သေတယ်၊ဒေသခံ၂ယောက်လည်းသေတယ်၊နောက်ထပ် ၂ယောက်ဒဏ်ရာရတယ်။ဒဏ်ရာရတဲ့အထဲက တစ်ယောက်ကစိုးရိမ်ရလို့ ရန်ကုန်ဆေးရုံပို့လိုက်တယ်၊ကျန်တာက ဆီးဖြူကုန်းဆေးရုံမှာပါ။ ” လို့ လက်ပံတန်းမြို့က အုပ်ချုပ်ရေးအသိုင်းအဝိုင်းနဲ့ နီးစပ်သူ တစ်ဦးကပြောပါတယ်။

အဆိုပါ တိုက်နယ်ရဲစခန်းကို လက်နက်ကြီးနဲ့ပစ်ခတ်တာမျိုးမဟုတ်ဘဲ လာရောက်တိုက်ခိုက်ပစ်ခတ်သွားတာဖြစ်ကြောင်း ၊ ဖြစ်စဥ်ကို တာဝန်ရှိသူတွေနဲ့လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လာရောက်စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်တိုက်ခိုက်မှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့ကလုပ်ဆောင်ခဲ့သလဲဆိုတာကိုတော့ အခုချိန်ထိ ထုတ်ပြန်တာမျိုးတွေ မရှိသေးပါဘူး။

အခုပစ်ခတ်တိုက်ခိုက်ခံရတဲ့ ဇီးဖြူကုန်းတိုက်နယ်ရဲစခန်းဟာ လက်ပံတန်းမြို့နဲ့ ၁၅ မိုင်လောက်ကွာဝေးကြောင်း၊ အဲ့ဒီဘက်မှာ အစစ်ဆေးရှိပေမယ့် လက်ပံတန်းမြို့ပေါ်မှာတော့ စစ်ဆေးမှုတင်းကျပ်တာမျိုး မရှိသေးဘူးလို့ သိရပါတယ်။

အလားတူ ဇွန်လ ၂၆ ရက်နေ့ မနက်ပိုင်းကလည်း ပဲခူးတိုင်း၊ ပြည်ခရိုင် ၊ သဲကုန်းမြို့နယ်၊ ဆင်မြီးဆွဲမြို့မှာ နယ်ထိန်းခေါင်းဆောင်ဆိုသူနဲ့ အငြိမ်းစား ရဲအရာရှိတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးမှုရှိခဲ့ပါတယ်။

ဇွန်လ ၃၀ ရက်နေ့ကလည်း လက်ပံတန်းနဲ့အနီးက မင်းလှမြို့နယ်မှာလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးနဲ့ ရာအိမ်မှူး တစ်ဦး သေနတ်နဲ့ပစ်သတ်ခံခဲ့ရပသေးတယ်။

#voiceofmyanmar #VOM #လက်ပံတန်း #ဇီးဖြူကုန်းတိုက်နယ်ရဲစခန်း #တိုက်ခိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW