အစ္စလာမ္မာဘတ်၊ ဇူလိုင်-၁-၂၀၂၃
မျိုးဆက်(VOM)
စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ ပါကစ္စတန်နိုင်ငံအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ (အိုင်အမ်အက်ဖ်)က ဒေါ်လာ သုံးဘီလီယံ အကူအညီပေးဖို့ အကြိုသဘောတူညီမှုကို ဇွန် ၃၀ ရက်မှာ ရရှိခဲ့ပါတယ်။
နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ဘုတ်အဖွဲ့ကအတည်ပြုဖို့ လိုအပ်နေသေးတဲ့ အဲဒီသဘောတူညီချက်ဟာ ရှစ်လကြာ ဆွေးနွေးမှုများအပြီး ထွက်ပေါ်လာတာဖြစ်ပါတယ်။
ရုံးအဖွဲ့အဆင့် သဘောတူပြီးနောက်မှာ နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ ဘုတ်အဖွဲ့က ခွင့်ပြုပေးလေ့ရှိပြီး ဘုတ်အဖွဲ့ဟာ လာမယ့်သီတင်းပတ်တွေအတွင်း ပါကစ္စတန်အတွက် သဘောတူညီချက်ကို ထည့်သွင်းဆွေးနွေးဖွယ်ရှိနေပါတယ်။
တောင်အာရှရှိ ပါကစ္စတန်နိုင်ငံဟာ ၁၉၄၇ ခုနှစ် ဗြတိန်ထံကနေ လွတ်လပ်ရေးရပြီးနောက် အဆိုးရွားဆုံးစီးပွားရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရပါတယ်။
သဘောတူညီချက် သေချာစေရေး အထောက်အကူဖြစ်စေဖို့ ဗဟိုဘဏ်ဟာ သူ့ရဲ့အဓိကအတိုးနှုန်းကို ၂၂ ရာခိုင်နှုန်းထိ စံချိန်တင် မြှင့်တင်ခဲ့ပါတယ်။
နှစ်ပေါင်းများစွာ ငွေကြေးစီမံခန့်ခွဲမှုအလွဲတွေနဲ့အတူ ကမ္ဘာလုံးဆိုင်ရာ စွမ်းအင်အကျပ်အတည်း၊ ယမန်နှစ်ကရေလွှမ်းမိုးမှုများကြုံတွေ့ခဲ့ရပြီးနောက် ပါကစ္စတန်စီးပွားရေးဟာ ဆိုးရွားစွာကျဆင်းခဲ့ပါတယ်။
Ref: BBC
Photo:Getty Images
#voiceofmyanmar #VOM အစ္စလာမ္မာဘတ်