ဇူလိုင် ၂၈ ရက်၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးက လုပ်ငန်းရှင် ၃ ဦးနဲ့ ကားဆရာကို ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်နေ့က လားရှိုးကနေ မန္တလေးဘက်အသွားလမ်းမှာ အမည်မသိ လက်နက်ကိုင်အဖွဲ့ ၁ ဖွဲ့က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ဟုတ်တယ် ၂ ရက်ရှိပြီ။ ကားသမားပါ အဲ့ဒီလိုမျိုး ခေါ်လိုက်တာ။ ပြန်ပြေးဆွဲတဲ့ ပုံစံမျိုးပေါ့။ ငွေညှစ်တောင်းတပေါ့။ များတော့ များတယ်လို့ ပြောတယ်၊ ဒေါ်လာ သောင်းချီ တောင်းတာလို့ သိရတယ်၊ အဆင်ပြေသလောက် ညှိယူရမှာ။ ဒေါ်လာနဲ့တောင်းတာလို့ ပြောတာပဲ။ ဇွဲထက်တုန်းကလည်း ဒေါ်လာနဲ့ပဲတောင်းတာ၊ အမည်မသိ လက်နက်ကိုင်အဖွဲ့အစည်းတွေဖြစ်ပြီး တဖွဲ့တည်းတော့ မဟုတ်ဘူး”လို့ ပြန်ပြေးဆွဲခံရသူတွေနဲ့ ရင်းနှီးသူ အမျိုးသမီးတဦးကပြောပါတယ်။ ဒေသခံ အမျိုးသား တဦးကလည်း”၄ ယောက်လို့ ပြောတယ်။ အခု…
Read MoreMonth: July 2023
တောင်ကုတ်က ရွှေဆိုင်ဓားပြတိုက်သူထဲက တဦးကို ရွှေတွေနဲ့အတူ ညတွင်းချင်းဖမ်းမိ
ဇူလိုင် ၂၈ – ၂၀၂၃ GG (VOM) ရခိုင်ပြည်၊ တောင်ကုတ်မြို့က “ရွေပွင့်အိမ် ရွေဆိုင် ” ဓားပြတိုက်ခဲ့သူတဦးကို ရွှေထည်ပစ္စည်းတွေနဲ့ အတူ မနေ့ ဇူလိုင် ၂၇ ရက် ညပိုင်းမှာပဲ ချက်ခြင်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။ ရွှေဆိုင် ဓားပြတိုက်ခံရပြီး အချိန် ၈ နာရီအတွင်း မှာ ရွှေထည်ပစ္စည်းတွေနဲ့အတူ လုယက်သူတစ်ဦးကို ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ “ညက ၁၀ နာရီလောက်မှာ တစ်ယောက်ဖမ်းမိတယ်လို့သိရတယ်။ရွှေတွေလည်း အကုန်ပြန်ရတယ်၊အခုမိတဲ့သူကတော့ ကမ်းထောင်းကြီးဇာတိ၊ နေပြည်တော်မှာနေတဲ့သူလို့ သိရတယ်။သူ့ကို လမူးရွာမှာမိတာပါ၊ လောလောဆယ် တစ်ယောက်ပဲမိသေးတယ် “လို့ တောင်ကုတ်ဒေသခံတစ်ဦးကပြောပါတယ်။ ရွှေပွင့်အိမ် ရွှေဆိုင်ဟာ မနေ့ ဇူလိုင်၂၇ ရက် နေ့လယ် ၂ နာရီကျော်လောက်မှာ ဓားပြတိုက်ခံရ ပြီး၊ ဆိုင်ကယ်အုပ်ထုပ်ဆောင်းထားတဲ့ အမျိုးသားနှစ်ယောက်က သေနတ်ပြခြိမ်းခြောက်ကာ သိန်း ၆၀၀…
Read Moreတောင်ကုတ်မြို့နယ်ခန်းမနားက ရွှေဆိုင် သိန်း ၆၀၀ ကျော် ရွှေထည်ပစ္စည်းတွေ ဓားပြတိုက်ခံရ
ဇူလိုင် ၂၇ – ၂၀၂၃ GG (VOM) ရခိုင်ပြည်၊ တောင်ကုတ်မြို့၊ မြို့နယ်ခန်းမအနီး ဖွင့်ထားတဲ့ ” ရွှေပွင့်အိမ် ရွှေဆိုင် “ဟာ ဒီနေ့ ဇူလိုင် ၂၇ ရက် ညနေပိုင်းက ဓားပြတိုက်ခံရပြီး သိန်း ၆၀၀ ကျော်တန်ဖိုးရှိတဲ့ ရွှေထည်ပစ္စည်း တွေ ပါသွားတယ်လို့ သိရပါတယ်။ ဖြစ်စဥ်မှာ အခုညနေ ၂ နာရီ ကျော်ခန့်မှာ အမည်မသိအမျိုးသား ၂ ယောက်ဟာ ဆိုင်ကိုရောက်လာပြီး ဆိုင်ရှင်ကို သေနတ်ပြခြိမ်းခြောက်ကာ ဆိုင်မှာပြသထားတဲ့ ရွှေထည်ပစ္စည်းတွေကို လုယက်သွားတာဖြစ်တယ်လို့သိရပါတယ်။ ” ဆိုင်ကယ်အုပ်ထုပ်ဆောင်းထားတဲ့ ၂ ယောက်ရောက်လာတယ်၊ဆိုင်ရှင်ကလည်း ဝယ်သူပဲထင်တာပေါ့၊ပြီးမှ သေနတ်ထုတ်ပြီး ချိန်တယ် မှန်ကောင်တာရိုက်ခွဲပြီး ရွှေတွေယူသွားတယ်။ ဘယက်အတွဲပါသွားတယ်။ ဖြစ်တဲ့ဆိုင်က မြို့နယ်ခန်းမဘေးမှာဖွင့်ထားတာ၊ မြို့လယ်ပဲပေါ့။လူစည်ကားတဲ့နေရာပါ။ကားဝန်းတွေလည်းရှိတယ် ၊ဆိုင်က cctv လည်းရှိတယ် “လို့ တောင်ကုတ်မြို့ခံတစ်ဦးကပြောပါတယ်။ ဓားပြတိုက်ခံရပြီး…
Read Moreသြစတြေးလျအနောက်ပိုင်းကမ်းခြေမှာ ဝေလငါးအကောင် (၁၀၀)နီးပါး သောင်တင်သေဆုံး
ဆစ်ဒနီ၊ ဇူလိုင်-၂၇-၂၀၂၃ မျိုးဆက်(VOM) သြစတြေးလျနိုင်ငံအနောက်ပိုင်းမှာ ကယ်ဆယ်ဖို့ အပူတပြင်းကြိုးစားခဲ့ပေမယ့် ဝေလငါးအကောင်ရေ ၁၀၀ နီးပါးသေဆုံးခဲ့ကြောင်း တောရိုင်းတိရိစ္ဆာန်တာ၀န်ရှိသူတွေက ဇူလိုင် ၂၇ ရက်မှာ ပြောပါတယ်။ ပါ့သ်မြို့ရဲ့ အရှေ့တောင်ဘက် ကီလိုမီတာ ၄၀၀ အကွာမှာရှိတဲ့ ချေနက်စ်ကမ်းခြေရှိ ကမ်းဦးရေတိမ်ပိုင်းမှာ စုဝေးရောက်ရှိနေတဲ့ ဝေလငါး ၉၇ ကောင်ဟာ အင်္ဂါနေ့မှာ သောင်တင်နေခဲ့ပါတယ်။ ဒါပေမယ့် နောက်နေ့မနက်မှာတော့ ဝေလငါး ၅၁ ကောင်သေဆုံးခဲ့ပါတယ်။ စေတနာ့၀န်ထမ်း ၂၅၀ ဦးဟာ တောရိုင်းတိရိစ္ဆာန်ကျွမ်းကျင်သူတွေနဲ့ ပူးပေါင်းပြီး ဝေလငါးတွေကို ကယ်တင်ဖို့ ဗုဒ္ဓဟူးနေ့တနေ့ကုန် ကယ်တင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ဒေသခံတွေအပါအ၀င် ကယ်ဆယ်ရေးသမားတွေကတော့ ကျန်ရှိနေသေးတဲ့ ဝေလငါးတွေကို ရေနက်ထဲကို ပြန်ပို့နိုင်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း ဝေလငါးတွေကိုယ်တိုင် ကမ်းခြေဘက်ကို ပြန်လာကြကြောင်း သြစတြေးလျ ပန်းခြံနဲ့ တောရိုင်းတိရိစ္ဆာန်ဌာန တာ၀န်ရှိသူကပြောပါတယ်။ ဝေလငါးတွေ ဘာကြောင့် အစုလိုက်အပြုံလိုက်သောင်တင်မှုတွေ…
Read Moreနိုင်ဂျာမှာ သမ္မတကိုဖမ်းပြီး စစ်တပ်ကအာဏာသိမ်းကြောင်း ကြေညာ
နီယာမေ၊ ဇူလိုင်-၂၇-၂၀၂၃ မျိုးဆက်(VOM) အနောက်အာဖရိကရှိ နိုင်ဂျာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ကြောင်း စစ်တပ်တာ၀န်ရှိသူတွေက နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ကြေညာလိုက်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး အဖွဲ့အစည်းအားလုံးကိုလည်း ဆိုင်းငံ့ထားကာ နိုင်ငံနယ်နိမိတ်တွေကို ပိတ်ထားကြောင်း စစ်တပ်တာ၀န်ရှိသူတွေရဲ့ ကြေညာချက်မှာ ပြောပါတယ်။ နိုင်ဂျာသမ္မတ မိုဟာမက်ဘက်ဇွမ်းကို ဇူလိုင် ၂၆ ရက်အစောပိုင်းမှာ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းပါတယ်။ စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက နိုင်ဂျာအစိုးရရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်လိုက်ပြီလို့ ဗိုလ်မှူးကြီး အမာဒူအက်ဒရာမာနေးက ပြောပါတယ်။ နိုင်ငံရဲ့လုံခြုံရေးဆက်တိုက်ယိုယွင်းနေပြီး စီးပွားရေးနဲ့ အုပ်ချုပ်မှု ညံ့ဖျင်းတာကြောင့် အာဏာသိမ်းခြင်းဖြစ်တယ်လို့ သူကဆိုပါတယ်။ ပြည်ပနိုင်ငံတွေအနေနဲ့ အနှောက်အယှက်မပေးဖို့နဲ့အခြေအနေ မတည်မငြိမ်မချင်း လေကြောင်းကြောင်းနဲ့ နိုင်ငံနယ်နိမိတ်တွေကို ပိတ်ထားမယ်လို့ ထုတ်ပြန်ထားပါတယ်။ ညမထွက်ရအမိန့်ကို ည ၁၀ နာရီကနေ မနက် ၅ နာရီထိ ထုတ်ပြန်ထားပါတယ်။အိမ်နီးချင်းနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ မာလီနဲ့ဘာကီနာဖာဆိုတို့မှာလည်း မကြာသေးမီနှစ်တွေအတွင်း စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။…
Read MoreTik Tok ဆယ်လီ ဇော်ဝင်းမောင် ဖမ်းဆီးခံရ
ဇူလိုင် ၂၇ – ၂၀၂၃ SN (VOM) မန္တလေးမြို့က Tik Tokဆယ်လီ ဇော်ဝင်းမောင်ဟာ မနေ့ ဇူလိုင် ၂၆ ရက်၊ ညနေပိုင်းက မန္တလေးမြို့မှာရှိတဲ့ သူ့ရဲ့တက်တူးဆိုင်မှာရှိနေချိန် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ကိုဇော်ဝင်းမောင်ဟာ စစ်တပ်အကြီးအကဲ တစ်ယောက်ရဲ့နာမည်နဲ့ လူငယ်တစ်ဦးကို ဆဲဆို ရိုက်နှက်နေတဲ့ ရုပ်သံကို ရိုက်ကူးခဲ့တာဖြစ်ပြီး လူမှုကွန်ယက်ပေါ် အဲ့ဒီရုပ်သံ ပျံ့နှံ့လာပြီးနောက် အခုလိုမျိုး ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ “မနေ့ညနေကပဲ သူ့ဆိုင်ကို စစ်တပ်အင်အားအလုံးအရင်းနဲ့ ရောက်လာကြပြီး ဖမ်းသွားကြတာ။ အခုချိန်ထိတော့ ဘာ့ကြောင့် အဖမ်းခံရတယ်ဆိုတာ အတိအကျ စုံစမ်းလို့မရသေးဘူး။ ဘာပုဒ်မတပ်မယ်ဆိုတာလည်း မသိသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ကိုဇော်ဝင်းမောင်ကို မန္တလေးမြို့ လမ်း ၄၀ နဲ့ ၈၂ လမ်းထောင့်မှာရှိတဲ့ တက်တူးဆိုင်မှာ မနေ့ ညနေပိုင်းက ဝင်ရောက်…
Read Moreလုပ်ငန်းလည်ပတ်မှုမရှိလို့ဆိုပြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ၃၀၀ ကျော် မှတ်ပုံတင် ဖျက်သိမ်းခံရ
ဇူလိုင် ၂၇ – ၂၀၂၃ GG (VOM) လုပ်ငန်း လည်ပတ်ခြင်းမရှိလို့ဆိုပြီး ပြည်တွင်းက အသေးစား စက်မှုလက်မှုလုပ်ငန်း ၃၀၀ ကျော်ကို သက်ဆိုင်ရာဝန်ကြီးဌာနက မှတ်ပုံတင်စာရင်းကနေ ပယ်ဖျက်လိုက်တယ်လို့ သိရပါတယ်။ အဲ့ဒီ လုပ်ငန်း ၃၀၀ ကျော်ဟာ အခုနှစ် ဧပြီလ ကနေ ဇွန်လအထိ အချိန် ၃ လအတွင်းမှာ လုပ်ငန်းလည်ပတ်တာမရှိလို့ ပယ်ဖျက်ခံရတာဖြစ်တယ်လို့ သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန လက်အောက်ရှိ အသေစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက အသိပေးချက်အရသိရပါတယ်။ ” ပယ်ဖျက်ခံရတဲ့ အသေးစားစက်မှုလက်မှုလုပ်ငန်း ၃၃၈ ခုရှိတယ်လို့ သိရတယ် ။လုပ်ငန်းဘာလို့မလည်ပတ်နိုင်တာလဲဆိုတာကို မစဥ်းစားဘဲ ပေးပြီးသားကို ပယ်ဖျက်တာ တော်တော်အဆင်မပြေပါဘူး။အသေးစားလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့လိုအပ်ပါတယ်။အခုတော့ ထောက်ပံ့ရမယ့်အစား ပိုဆိုးအောင်လုပ်သလိုဖြစ်နေပါတယ် ၊ အခုက ငွေကြေး ၊ ပစ္စည်းကုန်ကြမ်းဝယ်ရ အရမ်းခက်ခဲတော့ လုပ်ငန်းတွေတော်တော်များများ မလည်ပတ်နိုင်ကြဘူးဖြစ်နေတာ “လို့ SME လုပ်ငန်းရှင်တစ်ဦးက…
Read MoreEV ကား လက်ထဲမရှိဘဲ သတ်မှတ်နူန်းထက်အမြတ်ပိုရောင်းတာတွေကို ရှောင်တခင်စစ်၊ မှတ်ပုံတင်ပိတ်တာအထိ အရေးယူမယ်လို့သတိပေး
ဇူလိုင် ၂၇ – ၂၀၂၃ GG(VOM) EV လျှပ်စစ်ကားတွေ လက်ဝယ်မရှိဘဲ Pre Order ကြိုတင်မှာယူစနစ်နဲ့ ရောင်းနေတာတွေ၊ အမြတ် ၂၀ ရာခိုင်နူန်းထက် ပိုယူတဲ့ ကုမ္ပဏီတွေကို အရေးယူမယ်လို့ လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုနှင့် တင်သွင်း၊ တင်ပို့ တပ်ဆင်ထုတ်လုပ်မှုမြှင့်တင်ရေး လုပ်ငန်းကော်မတီက သတိပေးလိုက်ပါတယ်။ တားမြစ်ချက်အပေါ် လိုက်နာခြင်းမရှိပါက စီမံခန့်ခွဲမှုနည်းလမ်းအရ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ပိတ်သိမ်းတာ ၊ စားသုံးသူရေးရာဥပဒေအရ အရေးယူတာကိုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ ” သတိပေးချက်ကို မလိုက်နာတဲ့ အရောင်းပြခန်းတွေကို ပါမစ်အရေအတွက် လျော့ချတာ ၊အရောင်းရပ်ဆိုင်းတာ ၊ ကား တင်သွင်းခွင့် လိုင်စင်ပိတ်သိမ်းတာလုပ်မယ်လို့ ပြောပါတယ်။ ရှောင်တခင်စစ်ဆေးတာတွေလည်းလုပ်ဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ် “လို့ EV ကား ရောင်းချနေတဲ့ ကုမ္ပဏီဝန်ထမ်းတစ်ဦးကပြောပါတယ်။ EVကား တင်သွင်းရောင်းချနေသူအချို့ဟာ ကားတွေလက်ဝယ်မရောက်ရှိသေးဘဲ ငွေတစ်ဝက်ချေစနစ်နဲ့ ကားတွေကြိုရောင်းချတာ တွေရှိနေတဲ့အပြင်…
Read Moreဖြူးနယ်၊ အင်ပင်သာရွာမှာ ပေါက်ကွဲမှုဖြစ်လို့ ကလေး ၄ ယောက်သေပြီး ၂ ယောက် ဒဏ်ရာရ
ဇူလိုင် ၂၆ – ၂၀၂၃ GG (VOM) ပဲခူးတိုင်း၊ ဖြူးမြို့နယ်က အင်ပင်သာရွာမှာ ဗုံးပေါက်ကွဲလို့ ကျေးရွာက ကျောင်းနေအရွယ် ကလေးငယ် ၄ ယောက် သေဆုံးခဲ့ပြီး နောက်ထပ် ၂ ယောက်လည်း ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ မနေ့ ဇူလိုင် ၂၅ ရက်နေ့ ညနေ ၄ နာရီ ကျော်ခန့်မှာ အင်ပင်သာရွာက စာကြည့်တိုက်အနီး ဗုံးပေါက်ကွဲခဲ့တာဖြစ်ပြီး အဲ့ဒီပေါက်ကွဲမှုကြောင့် အသက် ၅ နှစ်ကနေ ၁၀ နှစ်အရွယ် ယောကျ်ားလေး ၄ ယောက် သေဆုံးခဲ့ရပြီး ၊ နောက်ထပ် ကလေးငယ်တစ်ယောက်နဲ့ အသက်ကြီးပိုင်းလူကြီး တစ်ယောက်ပါ ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ” မနေ့ကညနေ ၄ နာရီ ၁၅ လောက်မှာ ဗုံးပေါက်တာ၊ ပေါက်တော့ ကားဘီးပေါက်တယ်ထင်ကြတာ ၊ မသိကြဘူးလေ။ပြီးမှ…
Read Moreအီကွေဒေါ အကျဉ်းထောင်၀န်ထမ်းတွေ ထောင်ထဲမှာ ဓါးစာခံအဖြစ် ဖမ်းဆီးခံထားရ
ကီတို၊ ဇူလိုင်-၂၆-၂၀၂၃ မျိုးဆက်(VOM) အီကွေဒေါနိုင်ငံရှိ အကျဉ်းထောင်တွေမှာ အကျဉ်းသားတွေက ဓါးစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားတဲ့ အကျဉ်းထောင်၀န်ထမ်းတွေကို ကယ်တင်နိုင်ရေးအတွက် အကြီးစားစစ်ဆင်ရေးတရပ်ပြုလုပ်နေကြောင်း ပြည်ထဲရေး၀န်ကြီးဌာနက ဇူလိုင် ၂၅ ရက်မှာ ထုတ်ပြန်ပါတယ်။ ဂိုင်ယာကွေးဆိပ်ကမ်းမြို့ရှိ အကျဉ်းထောင်မှာ ပြိုင်ဘက်ဂိုဏ်းတွေပဋိပက္ခဖြစ်ပွားမှုကြောင့် လူခြောက်ဦးသေဆုံးပြီး ၁၁ ဦးဒဏ်ရာရရှိသွားတဲ့ အကြမ်းဖက်မှုတွေအပြီး ရက်အနည်းငယ်အကြာမှာ အကျဉ်းထောင်တွေမှာ လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေးပြုလုပ်နေတာဖြစ်ပါတယ်။ အကျဉ်းထောင်(၅)ခုထက်မနည်းမှာ အကျဉ်းထောင်၀န်ထမ်းအများအပြား ဖမ်းဆီးခံထားရကြောင်း အီကွေဒေါအကျဉ်းဦးစီးဌာနက ထုတ်ပြန်ထားပြီး ဖမ်းဆီးခံထားရတဲ့ ဓါးစာခံအရေအတွက်ကို တိကျစွာထုတ်ပြန်ခြင်းမရှိပါဘူး။ အီကွေဒေါသမ္မတ ဂူလာမိုလက်ဆိုက အကျဉ်းထောင်တွေမှာ အရေးပေါ်အခြေအနေကို အစောပိုင်းမှာ ကြေညာထားခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့၀င် ထောင်ပေါင်းများစွာကို ဖြန့်ကြက်ချထားပြီးဖြစ်ကြောင်း တာ၀န်ရှိသူတွေကပြောပါတယ်။ လုံခြုံရေးတပ်ဖွဲ့၀င်တွေဟာ အကျဉ်းထောင်ကို ထိန်းချုပ်ထားကြောင်း ပြည်ထဲရေး၀န်ကြီးဇာပါတာက ထုတ်ဖော်ပြောကြားထားပေမယ့် ဓါးစာခံအဖြစ်ဖမ်းဆီးခံထားရတံ့ အကျဉ်းထောင်၀န်ထမ်းတွေ လွတ်မြောက်ခြင်းရှိမရှိ မသိရသေးပါဘူး။ Ref: BBC #voiceofmyanmar #VOM #ကီတို
Read More