နိုင်ဂျာမှာ သမ္မတကိုဖမ်းပြီး စစ်တပ်ကအာဏာသိမ်းကြောင်း ကြေညာ

နီယာမေ၊ ဇူလိုင်-၂၇-၂၀၂၃
မျိုးဆက်(VOM)

အနောက်အာဖရိကရှိ နိုင်ဂျာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ကြောင်း စစ်တပ်တာ၀န်ရှိသူတွေက နိုင်ငံပိုင် ရုပ်မြင်သံကြားကနေ ကြေညာလိုက်ပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းပြီး အဖွဲ့အစည်းအားလုံးကိုလည်း ဆိုင်းငံ့ထားကာ နိုင်ငံနယ်နိမိတ်တွေကို ပိတ်ထားကြောင်း စစ်တပ်တာ၀န်ရှိသူတွေရဲ့ ကြေညာချက်မှာ ပြောပါတယ်။

နိုင်ဂျာသမ္မတ မိုဟာမက်ဘက်ဇွမ်းကို ဇူလိုင် ၂၆ ရက်အစောပိုင်းမှာ စစ်တပ်က ဖမ်းဆီးထိန်းသိမ်းပါတယ်။

စစ်တပ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေက နိုင်ဂျာအစိုးရရဲ့ အုပ်ချုပ်မှုကို အဆုံးသတ်လိုက်ပြီလို့ ဗိုလ်မှူးကြီး အမာဒူအက်ဒရာမာနေးက ပြောပါတယ်။

နိုင်ငံရဲ့လုံခြုံရေးဆက်တိုက်ယိုယွင်းနေပြီး စီးပွားရေးနဲ့ အုပ်ချုပ်မှု ညံ့ဖျင်းတာကြောင့် အာဏာသိမ်းခြင်းဖြစ်တယ်လို့ သူကဆိုပါတယ်။

ပြည်ပနိုင်ငံတွေအနေနဲ့ အနှောက်အယှက်မပေးဖို့နဲ့အခြေအနေ မတည်မငြိမ်မချင်း လေကြောင်းကြောင်းနဲ့ နိုင်ငံနယ်နိမိတ်တွေကို ပိတ်ထားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ညမထွက်ရအမိန့်ကို ည ၁၀ နာရီကနေ မနက် ၅ နာရီထိ ထုတ်ပြန်ထားပါတယ်။အိမ်နီးချင်းနိုင်ငံနှစ်နိုင်ငံဖြစ်တဲ့ မာလီနဲ့ဘာကီနာဖာဆိုတို့မှာလည်း မကြာသေးမီနှစ်တွေအတွင်း စစ်တပ်က အာဏာသိမ်းခဲ့ပါတယ်။

Ref: BBC
#voiceofmyanmar #VOM #နီယာမေ

Related posts

Leave a Comment

VOM News

FREE
VIEW