Tik Tok ဆယ်လီ ဇော်ဝင်းမောင် ဖမ်းဆီးခံရ

ဇူလိုင် ၂၇ – ၂၀၂၃
SN (VOM)

မန္တလေးမြို့က Tik Tokဆယ်လီ ဇော်ဝင်းမောင်ဟာ မနေ့ ဇူလိုင် ၂၆ ရက်၊ ညနေပိုင်းက မန္တလေးမြို့မှာရှိတဲ့ သူ့ရဲ့တက်တူးဆိုင်မှာရှိနေချိန် ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကိုဇော်ဝင်းမောင်ဟာ စစ်တပ်အကြီးအကဲ တစ်ယောက်ရဲ့နာမည်နဲ့ လူငယ်တစ်ဦးကို ဆဲဆို ရိုက်နှက်နေတဲ့ ရုပ်သံကို ရိုက်ကူးခဲ့တာဖြစ်ပြီး လူမှုကွန်ယက်ပေါ် အဲ့ဒီရုပ်သံ ပျံ့နှံ့လာပြီးနောက် အခုလိုမျိုး ဖမ်းဆီးခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။

“မနေ့ညနေကပဲ သူ့ဆိုင်ကို စစ်တပ်အင်အားအလုံးအရင်းနဲ့ ရောက်လာကြပြီး ဖမ်းသွားကြတာ။ အခုချိန်ထိတော့ ဘာ့ကြောင့် အဖမ်းခံရတယ်ဆိုတာ အတိအကျ စုံစမ်းလို့မရသေးဘူး။ ဘာပုဒ်မတပ်မယ်ဆိုတာလည်း မသိသေးဘူး” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ကိုဇော်ဝင်းမောင်ကို မ‌န္တလေးမြို့ လမ်း ၄၀ နဲ့ ၈၂ လမ်းထောင့်မှာရှိတဲ့ တက်တူးဆိုင်မှာ မနေ့ ညနေပိုင်းက ဝင်ရောက် ဖမ်းဆီးသွားတာဖြစ်တယ်လို့ မန္တလေးမြို့‌ခံတွေက ပြောပါတယ်။

လူမှုကွန်ယက်ပေါ် ပျံ့နှံ့နေတဲ့ရုပ်သံဟာ လက်တလောကာလမှာ ရိုက်ကူးထားတာမဟုတ်ဘဲ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီး မကြာမီက ရိုက်ကူးထားခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

ကိုဇော်ဝင်းမောင်ဟာ Tik Tok မှာ ဟာသတွေကို ရိုက်ကူးတင်ဆက်ရာကနေ လူသိများလာခဲ့သူဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ ပညာပေး ဇာတ်လမ်းတိုတွေကိုလည်း ရိုက်ကူးလာကာ အနုပညာရှင်အချို့နဲ့လည်း ဇာတ်လမ်းတွေ ရိုက်ကူးဖို့ စီစဥ်နေတယ်လို့ သူရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ အသိပေးရေးသားထားပါတယ်။

Photo Crd -Original Uploader
#voiceofmyanmar #VOM #တစ်တေယါဆယ်လီဇော်ဝင်းမောင် #ဖမ်းဆီးခံရ

Related posts

Leave a Comment

VOM News

FREE
VIEW