နမ့်ဖတ်ကာမှာ လက်နက်ကြီးကျည်ကျပြီး လူ ၄ ဦး ဒဏ်ရာရ

ဇူလိုင် ၁၈-၂၀၂၃ Shy V(VOM) ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာရွာမှာ ဒီကနေ့ညနေ ၅ နာခွဲခန့်က လက်နက်ကြီးကျည်ကျရောက်ပြီး လူ၄ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ နမ့်ဖတ်ကာဘက်မှာ တိုက်ပွဲဖြစ်ပွားနေတယ်လို့သိရပြီး အဲ့ဒီဘက်က ပစ်လိုက်တယ်လို့ ယူဆရတဲ့လက်နက်ကြီးဟာ နမ့်ဖတ်ကာအကျော် ဇီးဒဘန်ရွာမှာ ကျရောက်ပေါက်ကွဲပြီး နေအိမ် တစ်အိမ်ထဲက လူ ၃ ဦးနဲ့ ဆရာမ တစ်ဦး ကျည်စထိမှန် ဒဏ်ရာရသွားတယ်လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။ “ကောင်လေး တစ်ယောက်က အသက်အန္တရာယ် စိုးရိမ်ရတယ်၊ ထိခိုက် ဒဏ်ရာရသူတွေက အသက် ၄၇ နှစ် အရွယ် ဒေါ်ခေါန်နန်၊ အသက် ၁၆ နှစ်အရွယ် ဘရန်စစ်၊ အသက် ၉ နှစ်အရွယ် ဘရန်ဆန်အောင်နဲ့ အသက် ၂၁ နှစ် အရွယ်ကျောင်းဆရာမ မေရီဆိုင်းနန် တို့…

Read More

ဝန်ဆောင်ခကြိုယူပြီး ပြည်ပ မပို့ပေးတဲ့ အေဂျင်စီ (၂) ခုကို လုပ်ငန်းလိုင်စင် ရာသက်ပန် ပိတ်သိမ်းပြီး အမှုဖွင့် အရေးယူ

ဇူလိုင် ၁၈ – ၂၀၂၃ SN (VOM) ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်ဖို့အတွက် ဝန်ဆောင်မှုပေးတဲ့ လိုင်စင်ရ အေဂျင်စီ (၂)ခုကို လုပ်ငန်းလိုင်စင် ရာသက်ပန် ပိတ်သိမ်းပြီး အမှုဖွင့် အရေးယူလိုက်တယ်လို့ အလုပ်သမားဝန်ကြီးဌာနကနေ သိရပါတယ်။ လိုင်စင်ပိတ်သိမ်းခံရတဲ့ ကုမ္ပဏီနှစ်ခုမှာ မြင့်မိုရ်ဖူးပွင့်ကုမ္ပဏီနဲ့ လူကျော်ကုမ္ပဏီတို့ဖြစ်ပြီး ဝန်ဆောင်ခ ကြိုတင်ရယူကာ ပြည်ပ မပို့ပေးနိုင်ကြောင်း အလုပ်သမားတွေဆီက တိုင်ကြားတာတွေ ရှိလာဝာာကြောင့် အခုလို လုပ်ငန်းလိုင်စင်တွေ ရာသက်ပန် ပိတ်သိမ်းလိုက်တာဖြစ်တယ်လို့ သိရပါတယ်။ မြင့်မိုရ်ဖူးပွင့် အေဂျင်စီဟာ အလုပ်သမား ၁၆ ဦးရဲ့ တိုင်ကြားချက်အရ စစ်ဆေးခံရပြီး လိုင်စင်ပိတ်သိမ်းခံရခြင်းအပါအဝင် ၁၉၉၉ ခုနှစ် ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေပုဒ်မ ၂၇ ၊ ပုဒ်မ ၂၉ တို့နဲ့လည်း အမှုဖွင့်အရေးယူခြင်း ခံထားရဝာာဖြစ်တယ်လို့ သိရပါတယ်။ လူကျော် အေဂျင်စီကိုတော့ ဇူလိုင် ၁၁ ရက်မှာ…

Read More

တောင်ငူထောင် အကျဥ်းသားထွက်ပြေးခဲ့တဲ့ကိစ္စ ထောင်ပိုင်နဲ့ထောင်မှူးအပါ ဝန်ထမ်း၇ ယောက် ထောင်ချခံရ

ဇူလိုင် ၁၈ – ၂၀၂၃ GG(VOM) ပဲခူးတိုင်း ၊တောင်ငူအကျဥ်းထောင်ကနေ မေလတုန်းက အကျဥ်းသားအချို့ထွက်ပြေးလွတ်မြောက်သွားခဲ့တဲ့ဖြစ်စဥ်နဲ့ပတ်သက်ပြီး တောင်ငူထောင်က ထောင်ပိုင်အပါအဝင် ၇ ယောက်ကို ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တယ်လို့ သိရပါတယ်။ ” သတင်းကတော့ အခုနေ့မှကြားရတာပဲ။ ကျနော်တို့ကြားတာက ထောင်ပိုင်အပါ ၇ ယောက်ပေါ့ ။ တစ်ယောက်ကို ထောင် ၃ လနဲ့ ၆ လစီချလိုက်တာလို့ ကြားပါတယ်။ ကျန်တာတော့ မသိဘူး ၊အခုက သတင်းတွေက ချက်ခြင်းသိရတာမျိုးမဟုတ်တာရယ် အတည်ပြုဖို့ကလည်း ခက်တာပါတာပေါ့။”လို့ တောင်ငူ အကျဥ်းထောင် အနီးတစ်ဝိုက် နေထိုင်သူတစ်ဦးကပြောပါတယ်။ ထောင်ဒဏ်ချမှတ်ခံလိုက်ရသူတွေက တောင်ငူအကျဥ်းထောင်က ထောင်ပိုင် ဦးကြည်ဦး၊ ထောင်မှူးဖြစ်သူ ဦးသန်းထွန်း နဲ့ ဦးထွန်းထွန်းဦး ၊ ဒုတပ်ကြပ်သန့်ဇင်ဝင်း ၊ဒုတပ်ကြပ် ဦးတိုး၊ ထောင်ဝန်ထမ်း ခန့်စည်သူဆိုသူနဲ့ ဖိုးကောက်ဆိုသူတို့ ၇ ယောက်ဖြစ်တယ်လို့ ကနဦး…

Read More

ကရိုင်းမီးယားတံတား တိုက်ခိုက်ခံရမှု လက်တုံ့ပြန်မယ်လို့ ရှုရှားသမ္မတပူတင် သတိပေး

မော်စကို၊ ဇူလိုင်-၁၈-၂၀၂၃ မျိုးဆက်(VOM) ကရိုင်းမီးယားဒေသရှိ ရုရှားစစ်တပ်အသုံးပြုနေတဲ့ တံတားတစင်းကို တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး လက်တုံ့ပြန်သွားမယ်လို့ ရုရှားသမ္မတပူတင်က သတိပေးပြောဆိုလိုက်ပါတယ်။ အဲဒီတံတားဟာ ကရိုင်းမီးယားဒေသနဲ့ ကမ်းလွန်ပိုင်းကို ဆက်သွယ်ထားပြီး ရုရှားစစ်သားတွေ ထောက်ပံ့ပို့ဆောင်ရေးပစ္စည်းတွေ သယ်ယူရာမှာ အသုံးပြုနေတဲ့ တံတားလည်းဖြစ်ပါတယ်။ ယူကရိန်းစစ်တပ်ဟာ တံတားကိုတိုက်ခိုက်ဖို့အတွက် ရေတပ်ဒရုန်းတွေကို စေလွှတ်ခဲ့ပြီး တိုက်ခိုက်မှုကြောင့် လူနှစ်ဦးသေဆုံးခဲ့ကြောင်း ရုရှားတာ၀န်ရှိသူတွေက ပြောပါတယ်။ ယူကရိန်းရဲ့တိုက်ခိုက်မှုကြောင့် ဆိုးဆိုးရွားရွားပျက်စီးခဲ့ပြီး အပြစ်မဲ့အရပ်သားများသေဆုံးခဲ့တာဟာ ရက်စက်တဲ့ ရာဇ၀တ်မှုဖြစ်ပြီး လက်တုံ့ပြန်သွားမှာဖြစ်ကြောင်း ရုရှားသမ္မတ ပူတင်ကပြောပါတယ်။ ရုရှားစစ်တပ်ဟာ ယူကရိန်းနိုင်ငံတ၀န်းရှိ နေအိမ်တွေ၊ စွမ်းအင်အခြေခံအဆောက်အအုံတွေနဲ့ အခြားနေရာတွေကို ပစ်မှတ်ထားပြီး လေကြောင်းကနေ တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ ကရိုင်းမီးယားရှိ တံတားတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီး ယူကရိန်းဘက်ကတော့ လူသိရှင်ကြား မှတ်ချက်ပြုပြောဆိုခြင်းမရှိပါဘူး။ ဒါပေမယ့် စစ်ပွဲအပြီးမှာတော့ အသေးစိတ်အချက်အလက်တွေကို ထုတ်ပြန်သွားမယ်လို့ ယူကရိန်းစစ်တပ်တာ၀န်ရှိသူအချို့က ပြောပါတယ်။ Ref: NHK Photo:AFP #voiceofmyanmar #VOM…

Read More

မွန်ပြည်နယ်ထဲက မြို့နယ်အချို့မှာ ရေကြီးရေလျှံဖြစ်ပြီး ကားလမ်းတွေလည်းရေကျော်လို့သွားလာရေး ခက်ခဲနေ

ဇူလိုင် ၁၈ – ၂၀၂၃ GG (VOM) မွန်ပြည်နယ်ထဲက မုဒုံမြို့နယ်၊ ရေးမြို့နယ်၊ သံဖြူဇရပ်မြို့နယ်တွေမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့လို့ ရပ်ကွက်ကျေးရွာအချိူ့မှာ ရေကြီးရေလျှံမှုတွေဖြစ်ပွားနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ရေးမြို့နယ်က ဟံဂံကျေးရွာ၊ မုဒုံမြို့နယ် နှီးပဒေါကျေးရွာနဲ့ အနိမ့်ပိုင်းနေရာတွေ၊ သံဖြူဇရပ်မြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ ဖောင်စိန်၊ ကျောင်းပိုင်း၊ စက်သစ်ပိုင်း၊ အောင်မင်္ဂလာရပ်ကွက်၊ အောင်ကုသိုလ်ရပ်ကွက်တွေမှာ ရေကြီးရေလျှံမှုဖြစ်ပွားနေတာဖြစ်တယ်လို့သိရပါတယ်။ ဒါ့အပြင့် မုဒုံ -သံဖြူဇရပ် ကားလမ်းမပေါ်လည်း ရေကျော်နေတာကြောင့် ကားတွေဖြတ်သန်း သွားလာရေး ခက်ခဲနေတယ်သိရပါတယ်။ ” ဒီနေ့မနက်ကစပြီး မိုးကတအားသည်းတော့ ရေကြီးရေလျှံတာပါ။လမ်းတွေလည်းရေကျော်နေတယ်။ မနက်အစောပိုင်းတုန်းကဆိုရင် ဖောင်းစိန်တံတား ဖြတ်ဖို့ခက်တယ်။အခုတော့ကားလေးတွေ ဖြည်းဖြည်းချင်း ဖြတ်နေတယ်။ ရပ်ကွက်တွေကတော့ အနိမ့်ပိုင်းတွေအများဆုံးဝင်တာပေါ့။မိုးများတော့ တောင်ကျရေကြောင့်ပေါ့ ။ရေးဘက်က ဟံဂံကတော့ နှစ်တိုင်း အခုလိုမိုးကြီးရင် ရေကြီးနေကြပါ”လို့ ရေးဒေသခံတစ်ဦးကပြောပါတယ်။ ဒီနေ့ ဇူလိုင်လ ၁၈ ရက်နေ့ မနက်အစောပိုင်း ၃…

Read More

တရုတ်နဲ့ ဖိလစ်ပိုင်မှာ အင်အားပြင်းတိုင်ဖွန်းမုန်တိုင်းကြောင့် လူသိန်းချီ ဘေးလွတ်ရာရွှေ့ပြောင်း

ပေကျင်း၊ ဇူလိုင်-၁၈-၂၀၂၃ မျိုးဆက်(VOM) တရုတ်နိုင်ငံ ဂွမ်ဒေါင်းပြည်နယ်မှာ အင်အားပြင်းတိုင်ဖွန်းမုန်တိုင်း ၀င်ရောက်တိုက်ခတ်မှုကြောင့် ဒေသခံနှစ်သိန်းသုံးသောင်းနီးပါး ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ရကြောင်း တာ၀န်ရှိသူတွေက ပြောပါတယ်။ ယခုနှစ်အတွင်း စတုတ္ထမြောက်မုန်တိုင်းဖြစ်တဲ့ တိုင်ဖွန်းမုန်တိုင်း တာလင်ဟာ တရုတ်နိုင်ငံတောင်ပိုင်း ကမ်းရိုးတန်းကို လေတိုက်နှုန်းတနာရီ ၁၄၀ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်ခဲ့ပါတယ်။ မုန်တိုင်းကြောင့် လေပြင်းတိုက်ခတ်ခြင်းနဲ့ မိုးသည်းထန်စွာရွာသွန်းမှုတို့ဖြစ်ပွားခဲ့ပြီး လေယာဉ်နဲ့ ရထားခရီးစဉ်များစွာကို ဖျက်သိမ်းခဲ့ရကာ ကမ်းရိုးတန်းခရီးသွားနေရာဒါဇင်များစွာကို ပိတ်ထားဖို့ တာ၀န်ရှိသူတွေက အမိန့်ထုတ်ထားပါတယ်။ မုန်တိုင်းဟာ တောင်တရုတ်ပင်လယ်ရှိ ဘိုင်ဘူပင်လယ်ကွေ့သို့ ဆက်လက်ရွေ့လျားမှာဖြစ်ပြီး ဟိုင်နန်းကျွန်းမှာ ပေ ၂၀ ထိလှိုင်းကြီးနိုင်ကြောင်း ဒေသဆိုင်ရာ တာ၀န်ရှိသူတွေက သတိပေးထုတ်ပြန်ထားပါတယ်။ ဗီယက်နမ်နိုင်ငံမှာလည်း အဲဒီမုန်တိုင်းဒဏ်ကို ကွမ်နင်းနဲ့ ဟိုင်ဖန်းတို့မှာ အဆိုးရွားဆုံးထိခိုက်မယ်လို့ တာ၀န်ရှိသူတွေက ခန့်မှန်းထားပြီး ဒေသခံသုံးသောင်းကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရပါတယ်။ မုန်တိုင်းဟာ ဇူလိုင် ၁၈ ရက်မှာတော့ အားလျော့သွားကာ ဗီယက်နမ်နိုင်ငံမြောက်ပိုင်းကို ဦးတည်ပျက်ပျယ်သွားဖွယ်ရှိကြောင်း…

Read More

ဘုတလင်မှာ ကျောင်းဝန်းထဲ သစ်ပင်စိုက်ပွဲတော်လုပ်နေချိန် ပေါက်ကွဲမှုဖြစ်လို့ ကျောင်းသား ၁ ဦး သေဆုံး ၊ ၁၁ ဦး ဒဏ်ရာရ

ဇူလိုင် ၊ ၁၈ – ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့၊ ခုံမင်းကြီးရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှာ မနေ့ ဇူလိုင် ၁၇ ရက် မနက်ပိုင်းက ၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပပြုလုပ်နေတဲ့နေရာကို လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲတာကြောင့် ကျောင်းသားတယောက် သေဆုံးပြီး ၁၀ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဘုတလင်ဒေသခံ ကျောင်းသားမိဘတွေဆီက သိရပါတယ်။ ” မိုးရာသီ သစ်ပင်စိုက်ပွဲတော်လုပ်နေတဲ့ နေရာကို မနက် ၉ နာရီခွဲဝန်းကျင်မှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတယ် ၊ အသက် ၁၀ နှစ်အောက် ကျောင်းသား တယောက် ဗုံးစထိမှန် သေဆုံးတယ် ၊ နောက်ပြီး ကလေး ၃ ယောက် အပါအဝင် လူ ၁၁ ယောက်လည်း ထိခိုက်ဒဏ်ရာရတယ် ၊ ဒါ့အပြင်…

Read More

မြန်မာ့ပြောင်းစျေးကွက် အခြေအနေ

ဇူလိုင် ၁၈ – ၂၀၂၃ GG (VOM) ၂၀၂၃ခုနှစ်မှာ ထိုင်းကို အခွန်ကင်းလွတ်ခွင့်နဲ့ မြန်မာ့ပြောင်းတင်ပို့မှု ပြောင်းကုန်သည်တွေ ၊ လှောင်သမားတွေအနေနဲ့ ဆုံးရှုံးမှုများတဲ့ နှစ်တစ်နှစ်ဖြစ်ခဲ့တယ်လို့ ပြောင်းကုန်သည်တွေဆီကသိရပါတယ်။ ဒါ့အပြင် လက်ရှိမှာလည်း ထိုင်းဘက်က ပပြောင်းစျေးကွက်အခြေအနေဟာ စံချိန်တင် ထပ်မံကျဆင်းနေပြီး ပြည်တွင်းပြောင်းစျေးကွက် အခြေအနေကလည်း တစ်ပိဿာကို ၁၀၀ ကျော်လောက်အထိ ကျဆင်းနေတယ်လို့ သိရပါတယ်။ “ထိုင်းပြောင်းစျေး ထပ်မံစံချိန်တင် ကျဆင်းပါတယ်။ မြဝတီ တကီလိုစျေး ၁၀.၃ ဘတ်သာ ရှိပါတော့တယ်။ လွန်ခဲ့တဲ့ တစ်လတုန်းက မြဝတီ ပြောင်း တကီလိုစျေး ၁၁.၉ ဘတ် ရှိပါတယ်။ တလအတွင်း ၁၃ ရာခိုင်နှုန်းအထိ ထိုးဆင်းသွားတာပါ။ ဒီနှစ် ထိုင်းစျေးကွက်က မူမမှန်ဘူး။ မြန်မာ့ပြောင်းတင်ပို့မှုကို လျော့ချနိုင်ဖို့ဆိုပြီး ထိုင်းက အစားထိုး ဂျုံ တင်သွင်းတယ်၊ကမ္ဘောဒီးယားကနေလည်း အခွန်လွတ် ပြောင်းဆန်တွေ…

Read More

ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမား ၃ ဦးနဲ့ ထိုင်းနိုင်ငံသား ၁ ဦးတို့ ပစ်သတ်မီးရှို့ခံရ

ဇူလိုင်၊၁၇-၂၀၂၃ MM(VOM) ထိုင်းနိုင်ငံတောင်ပိုင်းရှိ ရော်ဘာခြံတစ်ခုထဲမှာ ထိုင်းလူမျိုး ၁ ဦးနဲ့ မြန်မာအလုပ်သမား ၃ ဦးတို့ မနေ့ ဇူလိုင် ၁၆ ရက်က သေနတ်နဲ့ ပစ်သတ်ခံရပြီး ရုပ်အလောင်းတွေကို မီးရှို့ခံထားရတယ်လို့ ထိုင်းနိုင်ငံရဲတပ်ဖွဲ့ သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။ ရော်ဘာခြံပိုင်ရှင်ဆိုသူ ထိုင်းလူမျိုးနဲ့ ရော်ဘာခြံလုပ်သား မြန်မာအမျိုးသား ၃ဦးကို မနေ့ ဇူလိုင် ၁၆ ရက်က ထိုင်းနိုင်ငံ တောင်ပိုင်း၊ ချွန်ဖွန်ပြည်နယ်၊ ဆဝီမြို့နယ်၊ ဘန်တလတ် ကျေးရွာကရော်ဘာခြံထဲမှာ သေနတ်နဲ့ အပစ်ခံရပြီး မီးရှို့ဖျက်ဆီးခံထားရတဲ့အလောင်းတွေကို ရော်ဘာခြံထဲက အလုပ်သမားအဆောင်တစ်ခုရဲ့ အနီးမှာ ရော်ဘာခြံပိုင်ရှင်ရဲ့သားဖြစ်သူကတွေ့ရှိပြီး အာဏာပိုင်တွေဆီ ဖုန်းဆက်အကြောင်းကြားခဲ့တာလို့ သိရပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ မြန်မာ အလုပ်သမားအရေး ဆောင်ရွက်နေသူတစ်ဦးကို ဆက်သွယ်မေးပြန်ကြည့်ရာ”ပစ်သတ်ခံရတဲ့အထဲပါတာက မြန်မာ အလုပ်သမားတွေဆိုတာတော့ သေချာတယ်၊ မီးပါထပ်ရှို့ခံထားရတာ၊ ဘယ်ကလာလဲ ဘယ်မှာနေလဲ နာမည်တွေစသဖြင့် ဘာမှမသိရသေးဘူး ၊…

Read More

ကြာအင်းဆိပ်ကြီးရှိ ထွေ/အုပ်ရုံးနဲ့ ရဲစခန်းတို့ ဗုံးကြဲခံရပြီး ရဲ ၁ ဦး သေဆုံး

ဇူလိုင် ၁၇ – ၂၀၂၃ SN (VOM) ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ထွေ/အုပ်ရုံးနဲ့ ရဲစခန်းတို့အပေါ်ကို မနေ့ ဇူလိုင် ၁၆ ရက် ညပိုင်းက Drop Bombတွေ ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ရဲ (၁) ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “ရဲစခန်းပေါ် ကို ဗုံးကျလို့ ရဲတစ်ယောက် သေသွားတယ်။ ထွေ/အုပ်ရုံးပေါ်ကိုလည်း ကျတယ်။ ရဲစခန်းနဲ့ ထွေ/အုပ်ရုံး မျက်နှာကျက်တွေ စားပွဲခုံတွေ၊ ထိုင်ခုံတွေနဲ့ စာရွက်စာတမ်းတွေအကုန် ထိခိုက် ပျက်စီးသွားတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ဒရုန်းတွေနဲ့ ဗုံးကြဲခံရမှုကြောင့် ရဲစခန်းရုံးအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးခဲ့သလို ထွေ/အုပ်ရုံးအတွင်း ကျရောက် ပေါက်ကွဲခဲ့တာကြောင့်လည်း စားဖိုဆောင်နဲ့ မြေစာရင်းရုံးတို့ ထိမှန်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ကြာအင်းဆိပ်ကြီးမြို့၊မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံး တို့အပြင် ခုတ်ခွါးရှေ့တန်းစစ်စခန်းနှင့် စစ်ကူလာတဲ့…

Read More
VOM News

FREE
VIEW