စားသုံးဆီစျေးမြင့်တက်လာလို့ အကြော်လုပ်ငန်းတွေ ရပ်နားလာရ

ဩဂုတ် ၁ – ၂၀၂၃
GG( VOM)

စားသုံးဆီ စျေးနူန်း မြင့်တက်လာလို့ ပြည်တွင်းက အကြော်စုံလုပ်ငန်းတချို့ဟာ အကြော်စုံလုပ်ငန်းစက်ရုံတွေမှာ အသုံးပြုပြီးသား ဆီအကျတွေကို ဝယ်ယူအသုံးပြုတာတွေရှိလာ တယ်လို့ သိရပါတယ်။

အခုလို အသေးစား၊အလတ်စား အကြော်စုံလုပ်ငန်းတချို့ဟာ စက်ရုံအကျ ဆီတွေကို ဝယ်ယူပြီး စားသုံးဆီနဲ့ရောနှောအသုံးပြုနေကြတာကြောင့် တစ်ပတ်ရစ် ဆီအကျ စျေးကွက်တစ်ခုပင် ရှိလာတယ်လို့ သိရပါတယ်။

အဓိက အာလူးကြော် ၊ငါးမုန့်ကြော်အပါအဝင် မုန့်အကြော်စုံလုပ်ငန်း ၊ ပဲမျိုးစုံအကြော်လုပ်ငန်း စတဲ့ စားသုံးဆီကို အဓိကသုံးပြီး ကြော်ရတဲ့ အကြော်မျိုးစုံလုပ်ငန်းတွေဖြစ်တယ်လို့ သိရပါတယ်။

” စားဆီ နဲ့ကြော်တယ်၊ ဒါပေမယ့် အကုန်လုံး စားဆီတော့မဟုတ်တော့ဘူး၊ စက်ရုံကြော် ဆီအကျတွေဝယ်ပြီး ရောကြော်ရတာပေါ့၊လမ်းဘေးက အကြော်သယ်လေးတွေလိုပေါ့ ၊အရင်နေ့ကကြော်ပြီးသား ဆီအကျကို စားဆီအသန့်နဲ့ရောကြော်သလိုမျိုးပေါ့၊ အာလူးစက်ရုံကြီးတွေက သူတို့ ဆီကို သုံးရက်လောက်သုံးပြီး ပြန်ထုတ်တယ်၊အဲ့ဒါကို အကြော်လုပ်ငန်းအတွက် စားဆီပဲဆီအကျနဲ့ အကြော်ဆီသန့်တွေ ဝယ်တာပါ။ စားဆီစျေး အဆမတန်ဖောင်းပွလာတော့ အကြော်လုပ်ငန်းအတွက် တပတ်ရစ် ဆီတွေကို အသုံးပြုလာကြတယ်။ ဒါကြောင့် ပြန်လည်ရောင်းချတဲ့ ကျွန်တော်တို့လို ပွဲစားတွေပေါ်လာရတာပေါ့။ကျနော်တို့က စားဆီအကျ ပဲဆီအကျနဲ့ ဝက်ဆီအကြော်မျိုးစုံ ဆီတွေကို ဝယ်ပါတယ် ” လို့ စားဆီ၊ပဲဆီ၊ ဆီအကျတွေ ဝယ်ယူနေသူတစ်ဦးကပြောပါတယ်။

ဒါ့အပြင် တချို့အကြော်စုံလုပ်ငန်းတွေဆိုရင် စားသုံးဆီစျေးမြင့်တက်မှု၊ ငွေကြေးဖောင်းပွလာမှုတွေကြောင့် အရင်းအနှီးမတတ်နိုင်တော့ဘဲ လုပ်ငန်းတွေယာယီ ရပ်နားလိုက်ရတဲ့အထိ ဖြစ်လာနေတယ်လို့လည်း သိရပါတယ်။

” အခုလက်ရှိတော့ ဆီစျေးက တက်၊ငွေကြေးကဖောင်းပွတော့ တချို့အကြော်စုံလုပ်ငန်းတွေ အလုပ်ရပ်နားလာကြတယ်၊ဆီစျေးက အခုဆို ၈၈၀၀ ပေါက်နေတယ်၊ဒါလက်ကားစျေးပေါ့။ဒီတော့ တပိုင်တနိုင် အသေးစားလုပ်ငန်းတွေက မရပ်တည်နိုင်ကြတော့ဘူး။စျေးက တက်ရောင်း တော့လည်း အရောင်းအဝယ်က နည်းသွားတယ်။ဒီတော့ တဖြည်းဖြည်ယ အရင်းမနိုင်တော့ဘဲ ရပ်လိုက်ရတာတွေရှိလာတာပေါ့။ စျေးတွေကတော့ တခုနဲ့တခုချိတ်နေတာ ဆီတက်တော့ ဆီနဲ့ကြော်တဲ့ ပစ္စည်းအကုန်လုံးတက်တယ်။အခုထိ ကျမတို့ကတော့ စားဆီသုံးနေတုန်းပဲ။အကျကို ပြန်ရောင်းတယ်”လို့ အကြော်စုံလုပ်ငန်းလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

မနေ့ ဇူလိုင်၃၁ရက် စားသုံးဆီစျေးက လက်ကားစျေးကွက်မှာတင် တစ်ပိဿာကို ၈၄၀၀ ကျပ်ကနေ ၈၈၀၀ ကျပ်အထိ စျေးနူန်းရှိနေပြီး လက်လီစျေးကွက်မှာတော့ အဆင့်ဆင့်ဝယ်ယူရခြင်း၊ သယ်ယူစရိတ် စတာတွေအပေါ်လိုက်ပြီး ကျေးရွာတွေမှာဆိုရင် စားသုံးဆီ တစ်ပိဿာကို ၁၀၀၀၀ ကျပ်အထိ ဖြစ်နေတယ်လို့သိရပါတယ်။

” အမတို့ ဝယ်ရတာကိုက ဒိုင်မှာ ၈၇၀၀ ပေးရတယ်။သူတို့ဆီအသင်းက ၄၀၀၀ကျော်နဲ့ ရောင်းတာ အမတို့ဆီမရောက်ပါဘူး။ရောက်ရင် သူတို့ပြောတဲ့နူန်းနဲ့ ရောင်းပေးနေကြပါ။အခုတော့ ၈၇၀၀ ဝယ်ရလို့ ၉၀၀၀ ရောင်းပါတယ်။ ပဲဆီအရောက ၉၅၀၀ ပါ”လို့ ပြည်မြို့ ဆီအမျိုးမျိုးလက်လီလက်ကားဖြန့်ချိရေးလုပ်ကိုင်သူတစ်ဦးကပြောပါတယ်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေး ကော်မတီကတော့ ရန်ကုန်အထိုင်ဈေး အခြေခံလက်ကား ရည်ညွှန်းဈေးနှုန်းက စားအုန်းဆီ တစ်ပိဿာကို ၄၂၉၅ ကျပ်သာဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံ ဆီကုန်သည်နဲ့ ဆီလုပ်ငန်းရှင်များအသင်းကလည်း ရန်ကုန်မှာ နေ့စဥ် စားသုံးဆီတွေကို တစ်ပိသာာ ၄၀၀၀ ကျပ်ကျော်နဲ့ရောင်းချပေးနေပြီး မနေ့ ဇူလိုင် ၃၁ရက်မှာလည်း တစ်ပိသာာကို ၄၅၀၀ ကျပ်နဲ့ရောင်းချပေးနေတယ်လို့သိရပါတယ်။

အခုလို ပြင်ပပေါက်စျေးထက် ထက်ဝက်ကျော် လျှော့ချပြီး စားသုံးဆီတွေထုတ်ရောင်းပေးနေပေမယ့်လည်း စားသုံးဆီက ကျဆင်းလာခြင်းမရှိဘဲ မြင့်တက်လာနေတာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #စားသုံးဆီဈေးကဏ္ဍ

Related posts

Leave a Comment

VOM News

FREE
VIEW