ပါကစ္စတန်ပါလီမန်ကို တရားဝင်ဖျက်သိမ်း၊ ရွေးကောက်ပွဲသစ်ကျင်းပဖို့ နှောင့်နှေးဖွယ်ရှိနေ

အစ္စလာမ္မစ်ဘတ်၊ သြဂုတ်-၁၀-၂၀၂၃
မျိုးဆက်(VOM)

ပါကစ္စတန်နိုင်ငံမှာ ပါလီမန်ကို တရားဝင်ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး ရက်ပေါင်း ၉၀ အတွင်းကျင်းပဖို့ ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲတွေ နှောင့်နှေးဖွယ်ရှိနေပါတယ်။

ပါကစ္စတန်သမ္မတ အာရစ်ဖ်အယ်လ်ဗီရဲ့ အမိန့်နဲ့ ပါလီမန်ကို သြဂုတ် ၉ ရက်မှာ ဖျက်သိမ်းခဲ့ပြီး အိမ်စောင့်အစိုးရက တာဝန်ယူသွားမှာဖြစ်ကာ ဝန်ကြီးချုပ် ရှာရစ်ဖ်နဲ့ အစိုးရအဖွဲ့ဟာ သုံးရက်အတွင်း ကြားဖြတ်အစိုးရခေါင်းဆောင် အမည်စာရင်းတင်သွင်းရမှာဖြစ်ပါတယ်။

သန်းကောင်စာရင်းကောက်ယူပြီးတာနဲ့ ရွေးကောက်ပွဲကျင်းပဖို့ လေးလအချိန်ယူရမှာဖြစ်ပြီး ရလဒ်အနေနဲ့ လာမယ့်နှစ်ထိ ရွေးကောက်ပွဲရွှေ့ဆိုင်းနိုင်ကြောင်း ပါကစ္စတန်ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။

အမျိုးသားစည်းလုံးညီညွတ်မှုမရှိဘဲ တိုင်းပြည်မတိုးတက်နိုင်ကြောင်း ဝန်ကြီးချုပ်မစ္စတာရှာရစ်ဖ်က သတိပေးထားပြီး ယခုနှစ်အတွင်း ရွေးကောက်ပွဲတွေ ကျင်းပနိုင်မည်မဟုတ်ကြောင်း သူကသတင်းထောက်တွေကို ပြောပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ်ဟောင်း မစ္စတာအီမရာခန်းကို လွန်ခဲ့တဲ့ သီတင်းပတ်က ဖမ်းဆီးခဲ့ပြီး နိုင်ငံရေးလုပ်ခွင့် ငါးနှစ်ပိတ်ပင်ကြောင်း ရွေးကောက်ပွဲတာဝန်ရှိသူတွေက ထုတ်ပြန်ထားပါတယ်။ မေလအတွင်းက သူ့ကို အကျင့်ပျက်ချစားမှုစွဲချက်တွေနဲ့ ဖမ်းဆီးခဲ့ရာ ထောက်ခံသူတွေရဲ့ဆန္ဒပြပွဲအတွင်း လူရှစ်ဦးသေဆုံးပြီး ၁၄၀၀ ကျော်ဖမ်းဆီးခံခဲ့ရပါတယ်။

Ref: BBC
Photo:Getty Images
#Voiceofmyanmar #VOM #ပါကစ္စတန်ပါလီမန် #တရားဝင်ဖျက်သိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW