အမေရိကန်စစ်သား ထရာဗစ်ကင်း မြောက်ကိုရီးယားမှာ ခိုလှုံဖို့ဆန္ဒရှိနေတယ်လို့ဆို

ပြုံးယမ်း၊ သြဂုတ်-၁၆-၂၀၂၃
မျိုးဆက်(VOM)

အမေရိကန်စစ်သား ထရာဗစ်ကင်းဟာ စစ်တပ်အတွင်း လူမဆန်စွာနှိပ်စက်ညှဉ်းပန်းမှုနဲ့ လူမျိုးရေးခွဲခြားမှုတို့ကြောင့် မြောက်ကိုရီးယားပိုင်နက်အတွင်းကို လွန်ခဲ့တဲ့လကဖြတ်ကျော်ဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားတာဝန်ရှိသူတွေက ပြောပါတယ်။

အသက် ၂၃ နှစ်အရွယ် အမေရိကန်စစ်သား ထရာဗစ်ကင်းဟာ ခရီးသွားအဖွဲ့တဖွဲ့နဲ့အတူ ကိုရီးယားနှစ်နိုင်ငံနယ်စပ်ကို သွားရောက်စဉ် မြောက်ကိုရီးယားပိုင်နက်ထဲကို ဇူလိုင် ၁၈ ရက်က ဖြတ်ကျော်ဝင်ရောက်သွားခဲ့တာဖြစ်ပါတယ်။

သူဟာ မြောက်ကိုရီးယားမှာ ခိုလှုံဖို့ဆန္ဒရှိနေကြောင်း ထုတ်ဖော်ပြောကြားခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်သတင်းဌာနက ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ထရာဗစ်ကင်းကိစ္စနဲ့ပတ်သက်ပြီး မြောက်ကိုရီးယားရဲ့ ပထမဆုံးအကြိမ် လူသိရှင်ကြား ထုတ်ဖော်ပြောဆိုမှုအပေါ် အတည်မပြုနိုင်သေးကြောင်း အမေရိကန်တာဝန်ရှိသူတဦးကပြောပါတယ်။

အမေရိကန်ရဲ့ ဦးစားပေးတော့ ထရာဗစ်ကင်းကို ရရှိနိုင်သမျှလမ်းကြောင်းတွေကတဆင့် အမေရိကန်ကို ပြန်ခေါ်ဖို့ဖြစ်တယ်လို့ ဆိုပါတယ်။ ထရာဗစ်ကင်းဟာ မြောက်ကိုရီးယားဘက်ကို ဖြတ်ကျော်မသွားမီ ကျူးလွန်ထားတဲ့ ပြစ်မှုတွေကြောင့် တောင်ကိုရီးယားမှာ နှစ်လထိန်းသိမ်းခံခဲ့ရပြီး ဇူလိုင် ၁၀ ရက်တမှာ ပြန်လည်လွတ်မြောက်ခဲ့တာဖြစ်ပါတယ်။

Ref:BBC
#voiceofmyanmar #VOM #TravisKing #USsoldierfled

Related posts

Leave a Comment

VOM News

FREE
VIEW