လာမယ့်နှစ် ထိုင်ဝမ်ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၁၉ ဘီလီယံထိ စံချိန်တင်သုံးစွဲဖို့ သမ္မတဆိုင်အင်းဝမ် အဆိုပြု

တိုင်ပေ၊ သြဂုတ်-၂၃-၂၀၂၃
မျိုးဆက်(VOM)

တရုတ်နိုင်ငံရဲ့ စစ်ရေးဖိအားတွေ တိုးမြင့်လာတာကြောင့် လာမယ့်နှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ထိုင်ဝမ်ဒေါ်လာ ၆၀၀ ဘီလီယံ သို့မဟုတ် အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံထိ စံချိန်တင်တိုးမြှင့်ဖို့ ထိုင်ဝမ်သမ္မတဆိုင်အင်းဝမ်က အဆိုပါပြုလိုက်ပါတယ်။

အဆိုပြုချက်အရ လာမယ့်နှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ဟာ လက်ရှိကာလထက် ၄ ဒသမ ၅ ရာခိုင်နှုန်းတိုးလာပြီး အသုံးစရိတ်ထဲမှာ အက်ဖ်-၁၆ဗွီ တိုက်လေယာဉ်တွေ၊ ဒုံးကျည်တွေနဲ့ အခြားစစ်လက်တွေဝယ်ယူဖွယ်ရှိတဲ့ အထူးအစီအစဉ်တရပ်ပါဝင်ဖွယ်ရှိပါတယ်။

တကယ်လို့ အတည်ပြုခဲ့မယ်ဆိုရင် ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၆၀၀ ဘီလီယံထိ ပထမဆုံးအကြိမ် သုံးစွဲခြင်းဖြစ်ပြီး ထိုင်ဝမ်ဂျီဒီပီရဲ့ ၂ ဒသမ ၅ ရာခိုင်နှုန်းရှိကြောင်း ထိုင်ဝမ်သမ္မတဆိုင်အင်းဝမ်က ပြောပါတယ်။

ထိုင်ဝမ်ရဲ့လုံခြုံရေးနဲ့အကျိုးစီးပွားသေချာခိုင်မာစေဖို့နဲ့ နိုင်ငံတကာရဲ့ ထောက်ခံမှုရရှိစေဖို့အတွက် ကိုယ်ပိုင်ကာကွယ်ရေးစွမ်းရည်ကို အားကောင်းစေဖို့ လုပ်ဆောင်ရမယ်လို့ သမ္မတဆိုင်အင်းဝမ်က ပြောပါတယ်။

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်းကို ပိုင်ဆိုင်တယ်လို့ အခိုင်အမာဆိုထားပြီး လိုအပ်ပါက စစ်ရေးအင်အားသုံးမယ်လို့ ပြောဆိုထားကာ လက်ရှိမှာလည်း ထိုင်ဝမ်အနီးမှာ လေတပ်နဲ့ ရေတပ်လှုပ်ရှားမှုတွေကို အရှိန်မြှင့်လုပ်ဆောင်နေပါတယ်။

Ref: NHK
#voiceofmyanmar #vom #ထိုင်ဝမ်# ကာကွယ်ရေးအသုံးစရိတ်#စံချိန်တင်အဆိုပြု

Related posts

Leave a Comment

VOM News

FREE
VIEW