အကျင့်ပျက်ခြစားမှုအရှုပ်တော်ပုံတွေနဲ့ ယူကရိန်းစစ်သားစုဆောင်းရေးစနစ် ဂယက်ရိုက်နေ

ကိယက်ဗ်၊ သြဂုတ် -၂၄-၂၀၂၃

ရုရှားရဲ့ အင်အားအလုံးအရင်းနဲ့ ကျူးကျော်မှုစတင်ခဲ့ပြီးနောက် ယူကရိန်းနိုင်ငံသား ထောင်နဲ့ချီပြီး တွန်းလှန်ဖို့ စစ်ထဲဝင်ခဲ့ကြပါတယ်။

မရေရာ မသေချာတဲ့အနာဂတ်တွေအကြား အန္တရာယ်ကြီးကြီးမားမားရှိနေပေမဲ့ အဲဒီလိုတွန်းလှန်နေခဲ့ကြတာ လပေါင်းများစွာ ကြာခဲ့ပြီဖြစ်သလို ချေမှုန်းရေးအတွက် စေတနာ့ဝန်ထမ်းဆိုတဲ့စကားလုံးကို မီဒီယာစာမျက်နှာတွေမှာ လွယ်လင့်တကူ ပြောဆိုသုံးနှုန်းလာကြတာ တွေ့ရပါတယ်။
စစ်ဖြစ်ပြီး ၁၈ လအကြာမှာတော့ ကိယက်ဗ်မြို့ရဲ့ လွတ်လပ်ရေးရင်ပြင်ရှိ ကျဆုံးသွားတဲ့ စစ်သည်တွေအတွက် အထိမ်းအမှတ်အလံတွေ စိုက်ထူထားတဲ့ဧရိယာဟာ ပိုကျယ်လာခဲ့ပါတယ်။

အခြားတဖက်မှာလည်း မဖြစ်မနေ စစ်မှုထမ်းရခြင်းကို ရှောင်ရှားခြင်း (draft dodger) ဆိုတဲ့အသုံးအနှုန်းကလည်း မကြာခဏကြားနေရပါတယ်။ ယူကရိန်းစစ်သားစုဆောင်းရေးစနစ်အပေါ် လူထုက အပြစ်တင်ရှုတ်ချကြသလို စစ်သားတွေအပေါ် ဖိနှိပ်မှုတွေကလည်း ထိတ်လန့်စရာကောင်းလာတယ်လို့ ဆိုကြပါတယ်။

ယူကရိန်းပြည်တွင်း အကျင့်ပျက်ခြစားတဲ့အထောက်အထားတွေဟာ အရှုပ်တော်ပုံတွေအဖြစ် ဆက်တိုက်ပေါ်ပေါက်လာခဲ့ပြီး သမ္မတ ဗိုလိုဒီမီယာဇာလန်းစကီးက နိုင်ငံတဝန်းရှိ အကြီးတန်းစစ်သားစုဆောင်းစနစ်တွေကို ပယ်ဖျက်လိုက်ပါတယ်။

လက်ရှိစစ်ပွဲမှာ ယူကရိန်းရဲ့တန်ပြန်ထိုးစစ်တွေကြောင့် စစ်သားတွေ ရင်ဆိုင်နေရတဲ့၊ ပြဿနာတွေကို ပြေလည်ဖို့ ကတိပြုကြောင်း ဇာလန်းစကီးက ကြေညာခဲ့ပါတယ်။
ဒါပေမဲ့ ယူကရိန်းမှာ စစ်ဖြစ်နေတုန်း အကန့်အသတ်နဲ့ စီမံနေရတာဖြစ်လို့ သမ္မတရဲ့ ပြုပြင်ပြောင်းလဲရေးတွေ တွန်းအားပေးဖို့ရာ အခက်အခဲက ရှိနေဦးမှာပါ။

စစ်ပွဲကို အဆုံးမသတ်နိုင်ဘဲ စနစ်ရဲ့ လှုပ်ခါမှုက ယူကရိန်းလူ့အဖွဲ့အစည်းအတွက် အတိအလင်း ဖိစီးစမ်းသပ်မှုအဖြစ် ပြောင်းလဲသွားနိုင်ပါတယ်။
သောင်းနဲ့ချီတဲ့ စစ်သားတွေ၊ အရပ်သားတွေ သေဆုံးစေခဲ့ရဲ့ ရုရှားကျူးကျော်စစ်အတွင်း စပိန်နိုင်ငံ၊ မာဘယ်လာမြို့ရှိ ဒေါ်လာ ၄ ဒသမ ၃၅ တန် ပင်လယ်ကမ်းစပ်ရှိ ဗီလာအဆင့် စံအိမ်ကြီးတလုံးကို အိုဒက်ဆာ ဒေသဆိုင်ရာ စစ်မှုထမ်းရေးရာရုံးရဲ့ အကြီးအကဲ ယူဟန်ဘိုရီဆော့ဗ်က ဝယ်ယူခဲ့ကြောင်း သတင်းထွက်ပေါ်လာခဲ့ပါတယ်။ သူဟာ စပိန်ရှိ ရုံးခန်းတစ်ခုနဲ့အတူ အပန်းဖြေမြို့မှာ စံအိမ်ကြီးတလုံးနဲ့ ယူကရိန်းအစိုးရက အရေးယူဖို့ ဆုံးဖြတ်ခဲ့ပုံရပါတယ်။

ဒီသတင်းက ယူကရိန်းပြည်တွင်းမှာ လူထုဒေါသကို ဆွပေးခဲ့ပါတယ်။ ဘိုရီဆော့ဗ်ကို ဖမ်းဆီးခဲ့ပြီး ရာထူးမှ ထုတ်ပယ်၊ ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ခဲ့ပါတယ်။
စစ်အတွင်းကာလ ဘိုရီဆော့ဗ်ရဲ့ ကြီးကျယ်ခမ်းနားမှုအတွက် အသုံးစရိတ်တွေနဲ့ပတ်သက်တဲ့ အထောက်အထားများကို Battalion Spain အမည်ရှိ စုံစမ်းစစ်ဆေးရေးအစီရင်ခံစာထဲမှာ သတင်းထောက် မီခေလိုတာကစ်က ဖွင့်ချခဲ့တာပါ။

သူဟာ ဒေါ်လာ ၅ဇိမ်ခံကားတစင်းရှိနေပြီဆိုပြီး သန်းအထိ ပိုင်ဆိုင်ခဲ့ပြီး သူ့ကိုယ်သူ တရားမဝင် ကြွယ်ဝချမ်းသာစေခဲ့ပါတယ်။
အိုဒက်ဆာဒေသရှိ လူပေါင်း ၅၀,၀၀၀ လောက်ဟာ စစ်မှုထမ်းရခြင်းကနေမှ ရှောင်ရှားဖို့ အဲဒီဒေသတာဝန်ယူထားတဲ့ စစ်သားစုဆောင်းရေးကို ငွေကြေး ပေးခဲ့ရကြောင်း လွတ်လပ်တဲ့ မီဒီယာ Intent ရဲ့ အယ်ဒီတာချုပ် ဘယ်လာရီဘိုဟန်နဲ့ အိုဒက်ဆာဒေသရှိ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေး NGO တခုဖြစ်တဲ့ ပြည်သူ့ရေးရာစုံစမ်းဖော်ထုတ်ရေးဌာန တွဲဖက်အရာရှိတို့ရဲ့အဆိုအရ သိရပါတယ်။

“အဲဒီလူအရေအတွက်ကို ဒေါ်လာ ၅ ထောင်နဲ့ မြှောက်လိုက်ရင် စစ်မှုထမ်းဖို့ ကြံ့ခိုင်သန်စွမ်းမှု မရှိကြောင်း အတည်ပြုပေးဖို့ ပျမ်းမျှစျေးနှုန်းပါပဲ” လို့ ဘယ်လာရီဘိုဟန်က ရေဒီယိုဖရီးယူရုတ်သို့ ပြောကြားခဲ့ပါတယ်။

အဲဒီအရှုပ်တော်ပုံကြောင့် ဇာလန်းစကီးဟာ ယူကရိန်းပိုင်နက်နယ်မြေအတွင်း လူသစ်စုဆောင်းရေးနဲ့ ထောက်ပံ့ရေးဌာနတွေကို စစ်ဆေးဖို့ ညွှန်ကြားခဲ့ပါတယ်။ စစ်သားအဖြစ် လူသစ်စုဆောင်းရေးအရာရှိတွေကို ရာဇ၀တ်မှု ၁၁၂ မှုနဲ့ အမှုဖွင့်စစ်ဆေးခဲ့ပြီး မသင်္ကာကြောင်း သတိပေးစာ ၃၃ စောင်၊ တရားရုံးသို့ စွဲချက် ၁၅ ချက် တင်သွင်းခဲ့ကြောင်း ပြည်နယ် စုံစမ်းစစ်ဆေးရေးဗျူရိုက သတင်းထုတ်ပြန်ခဲ့ပါတယ်။
အခုဩဂုတ်လ ၁၁ ရက်မှာ ဇာလန်းစကီးက “ယူကရိန်း ဒေသတစ်ခုချင်းစီမှာရှိတဲ့ စစ်သားစုဆောင်းရေးဌာနအကြီးအကဲတွေကို ရာထူးမှ ထုတ်ပယ်မယ်လို့ ကြေညာခဲ့ပါတယ်။ ရာထူးမှ ထုတ်ပယ်ခံရတဲ့ အရာရှိတွေကို ဒဏ်ရာရပြီး တိုက်ပွဲမဝင်နိုင်တော့တဲ့ စစ်သည်တွေနေရာ အစားထိုးမယ်ဆိုပြီး ဇာလန်းစကီးက ကတိပြုထားကြောင်း ရေဒီယိုဖရီးယူရုတ်ဝက်ဘ်ဆိုက်က ရေးသားဖော်ပြထားပါတယ်။

https://www.rferl.org/a/ukraine-scandals-problems-military-enlistment-reforms/32554383.html

#voiceofmyanmar #vom #ယူကရိန်း #စစ်သားစုဆောင်း​​ရေး

Related posts

Leave a Comment

VOM News

FREE
VIEW