မော်စကို၊ သြဂုတ်-၂၆-၂၀၂၃
မျိုးဆက်(VOM)
ဝဂ္ဂနာအကြီးအကဲ ပရီဂိုဇင်သေဆုံးခဲ့တယ်လို့ ယူရဆတဲ့ လေယာဉ်ပျက်ကျမှုမှာ ရုပ်အလောင်း ၁၀ လောင်းနဲ့ လေယာဉ်ပျံသန်းမှု မှတ်တမ်းတင်ကိရိယာတွေကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ရုရှားတာဝန်ရှိသူတွေက သြဂုတ် ၂၅ ရက်မှာပြောပါတယ်။
လက်ရှိမှာတော့ အလောင်းတွေနဲ့ပတ်သက်ပြီး မျျိုးရိုးဗီဇစစ်ဆေးမှုတွေကို လုပ်ဆောင်နေကြောင်း စုံစမ်းစစ်ဆေးသူတွေက ပြောပါတယ်။ မော်စကိုမြို့အနီးမှာ သြဂုတ် ၂၃ ရက်က ပျက်ကျခဲ့တဲ့လေယာဉ်ဟာ ဗုံး ဒါမှမဟုတ် ဒုံးကျည်ကြောင့်ဖြစ်ကြောင်း သုံးသပ်ချက်တွေ ထွက်ပေါ်နေပါတယ်။
ပရီဂိုဇင်ကိုသတ်ဖြတ်ဖို့ ရုရှားအစိုးရက အမိန့်ပေးခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ လုံးဝအလိမ်အညာတွေဖြစ်ကြောင်း ရုရှားသမ္မတပူတင်ရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ပူတင်ရဲ့ သစ္စာခံတဦးဖြစ်သူ ပရီဂိုဇင်ဟာ ဇွန်လအတွင်းက ဝဂ္ဂနာအဖွဲ့ရဲ့ ရုရှားစစ်တပ်ကို ပုန်ကန်မှုကို ဦဆောင်ခဲ့ပါတယ်။ ဒါဟာသစ္စာဖောက်မှုဖြစ်ကြောင်း ပူတင်က အဲဒီအချိန်က ပြောခဲ့ပေမယ့် နောက်ပိုင်းမှာတော့ ဝဂ္ဂနာစစ်သားတွေကို ရုရှားစစ်တပ် ပါဝင်ခြင်း သို့မဟုတ် မဟာမိတ်ဘီလာရုစ်မှာ နေထိုင်ဖို့ သဘောတူခဲ့ပါတယ်။
လေယာဉ်ပျက်ကျမှုမှာ ပရီဂိုဇင်၊ သူ့ရဲ့ညလက်ရုံးဖြစ်သူ ဒီမီထရီအက်ကင်၊ အခြားလူငါးဦးနဲ့ လေယာဉ်အမှုထမ်းသုံးဦးတို့ ပါဝင်ခဲ့ကြောင်း လေကြောင်းအာဏာပိုင်တွေထုတ်ပြန်တဲ့ ခရီးသည်စာရင်းမှာ ဖော်ပြထားပါတယ်။
Ref: BBC
#voiceofmyanmar #VOM #BodiesandflightRecorders #recoveredAt Wagnerboss #Prigozhin’sjetcrash site