လိုင်ဇာအနီး မဒီးယန်မှာ တပ်နဲ့ KIAတို့ တိုက်ပွဲ ပြင်းထန်ခဲ့

ဩဂုတ် ၂၇-၂၀၂၃
Shy V(VOM)

လိုင်ဇာအနီး မိုးမောက်မြို့နယ်၊ မဒီးယန်ရွာဘက် တကြော မနေ့ ဩဂုတ် ၂၆ ရက် မနက် ၉ နာရီခွဲခန့်ကစ တပ်နဲ့ KIA တို့ တနေကုန်နီးပါး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး မဒီးယန်နဲ့ နမ်ဆန်ယန်မှာ ညနေပိုင်းက လေကြောင်း အသုံးပြုတိုက်ခိုက်တာ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“တိုက်ပွဲ ဖြစ်တာက ၅ မိုင်လောက်ဝေးတဲ့ မဒီးယန်ဘက်။ ဗုံးလာကျဲတာက နမ့်ဆန်ယန်မှာ။ အိမ်တအိမ်က ရစရာကို မရှိတော့ဘူး၊ တိုက်ပွဲမှာ တပ်က အထိအခိုက်များတာကြောင့် ညနေ ၄ နာရီကျော်ခန့်က မြစ်ကြီးနားဘက်က ဂျက်ဖိုက်တာ ၂ စီးနဲ့ တိုက်ပွဲဖြစ်ရာ မဒီးယန်အနီးဝန်းကျင်မှာ ဗုံးလာကျဲသွားပြီးနောက် ၅ နာရီကျော်ခန့်ကလည်း လိုင်ဇာအနီး နမ်ဆန်ယန်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ၂ ကျော့ ဗုံး လာကျဲသွားတယ်”လို့ ဒေသခံ ၁ ဦးက ပြောပါတယ်။

ဒေသခံ အမျိုးသမီး ၁ ဦးက “မန္တလေးဘက်ကနေ ဗန်းမော်ဘက် ရေကြောင်းနဲ့ အင်အားဖြည့်ထားတဲ့အထဲက အင်အားအများအပြား မဒီယန်ဘက် စစ်ကြောင်းထိုးလာလို့ မီးယန် တကြော တနေကုန်နီးပါး တိုက်ပွဲပြင်းထန်နေတာ၊ မဒီးယန်၊ အောင်ဂျာ၊ ခါ့ဆန်၊ မန်ဂျယ်၊ ယိခူး၊ မံခမ်၊ ဂေါင်ဒိန်၊ မံဝိန်း၊ မံယွက် အဲဒီ တကြောဖြစ်နေတာ၊ လိုင်ဇာအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားမှုမရှိတာ ၁ လ နီးပါးရှိပြီ”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လ ၂၇ ရက်နေ့တုန်းကလည်း မဒီးယန်နဲ့ အောင်ဂျာရွာကြား တပ်နဲ့ KIA တို့ နာရီပေါင်းများစွာ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။

Photo Crd- CJ (ဩဂုတ်လ ၂၆ ရက်ညနေ ပိုင်း ဗုံးကျဲခံရတဲ့ နမ်ဆန်ယန်က နေအိမ်တစ်လုံး)
#voiceofmyanmar #VOM #လိုင်ဇာ #မဒီးယန် #တိုက်ပွဲသတင်း

Related posts

Leave a Comment

VOM News

FREE
VIEW