ဆန်တပြည် ၁၀၀ ကျပ်၊ ကြက်ဥ ၁၀ လုံးတကတ် ၁၀၀ ကျပ်နဲ့ ရောင်းချပေးမှု လာရောက်တန်းစီသူများလို့ ခေတ္တ ရပ်ဆိုင်းခဲ့ရ

ဩဂုတ် ၂၇ – ၂၀၂၃ SN (VOM) ရန်ကုန်မြို့၊သင်္ဃန်းကျွန်းမြို့နယ်၊ ဘဝမြင့်မှတ်တိုင်အနီး၊ Aladdin Men Fashion ဆိုင်မှာ ဆန်တပြည် ၁၀၀ ကျပ်၊ ကြက်ဥ ၁၀ လုံးတကတ် ၁၀၀ ကျပ်နဲ့ ရောင်းချပေးမှု လာရောက်တန်းစီသူများလို့ ရောင်းချမှု ခေတ္တရပ်ဆိုင်းခဲ့ရတယ်လို့ Aladdin Men Fashion ဆိုင်ကနေ သိရပါတယ်။ ကြက်ဥအလုံးရေ ၂၀၀၀ နဲ့ ဆန် ၃၅၀ ပြည်ကို ဒီနေ့ ဩဂုတ် ၂၇ ရက်၊ မနက် ၁၁ နာရီမှာ ရောင်းချပေးခဲ့တာဖြစ်ပြီး လာရောက်တန်းစီသူ အလွန်များပြားတာကြောင့် ရောင်းချမှုကို အချိန် နာရီပိုင်းမျှ ခေတ္တ ရပ်ဆိုင်းခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ “ကျွန်တော်က လူဦးရေ ၅၅၀ စာပဲ သတ်မှတ်ထားတာပါ။ ဒါပေမယ့် ၆၀၀-၆၅၀ စာလောက် လုပ်ထားတယ်ဆိုပေမယ့်လည်း…

Read More

ထိုင်း အခွန်ကင်းလွတ်ခွင့်ကာလနဲ့ ကာလအလွန် မြန်မာ့ပြောင်း အခြေအနေ

ဩဂုတ် ၂၇ – ၂၀၂၃ GG (VOM) မြန်မာ့ ပြောင်းဆန်တွေ ထိုင်းကိုတင်ပို့မှု ကာလပြီးဆုံးဖို့ ၄ ရက်သာ ကျန်ရှိတော့တယ်လို့ ပြောင်းကုန်သည်တွေဆီကသိရပါတယ်။ ထိုင်းကို ပြောင်းတင်ပို့မှုကာလ ကုန်ဆုံးပါက မြန်မာ့ ပြောင်းဆန်စျေးက လက်ရှိစျေးနူန်းထက် စျေးတန်းပိုကျသွားနိုင်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။ ပြောင်းကို ထိုင်းနိုင်ငံ တစ်ခုတည်းကသာ စျေးကောင်းပေးဝယ်ယူပြီး ကျန်တဲ့ ပြည်ပနိုင်ငံတွေက စျေးနည်းတာကြောင့် စက်တင်ဘာလကစတင်ကာ ပြောင်းစျေးကျသွားနိုင်တာဖြစ်တယ်လို့ ကုန်သည်တွေက သုံးသပ်ပြောဆိုပါတယ်။ “မြန်မာနိုင်ငံပြောင်းကို ကမ္ဘာစျေးကွက်ထက် ပိုပေးဝယ်နိုင်တာ ထိုင်းနိုင်ငံပဲ ရှိပါတယ်။ ဒါကြောင့် ထိုင်းကို ပို့လို့ရရင် ပြောင်းစျေး တက်နိုင်ပါတယ်။ ပို့လို့မရရင် ပြောင်းစျေးကျနိုင်ပါတယ်။ ထိုင်းကပေးတဲ့စျေးကို ဘယ်သူမှ ပေးပြီးမဝယ်နိုင်ဘူး၊တခြားနိုင်ငံတွေက ဝယ်လည်း စျေးသက်သာမှဝယ်တယ်၊ စျေးကြီးနေရင်ဝယ်မှာမဟုတ်ဘူး”လို့ မြန်မာနိုင်ငံ ပြောင်းလုပ်ငန်းရှင်များအသင်း အတွင်းရေးမှူး ကိုဖြိုးကိုကိုနိုင်ကပြောပါတယ်။ ထိုင်းနိုင်ငံ အကောက်ခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းတင်သွင်းခွင့်ကာလဟာ ဖေဖော်ဝါရီလကစပြီး…

Read More

ဒဂုံမြို့သစ်(၄)မြို့နယ်မှာ အိမ်ခြံမြေအရောင်းအဝယ် ပြန်သွက်လာ

ဩဂုတ် ၂၇ – ၂၀၂၃ SN (VOM) အခု သီတင်းပတ်အတွင်း ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ဒဂုံမြို့သစ်ဆိပ်ကမ်း စတဲ့ ဒဂုံမြို့သစ်လေးမြို့နယ်မှာ အိမ်ခြံမြေစျေးတွေ ပြန်လည်လှုပ်ခတ်လာပြီး တန်ဖိုး ကျပ်သိန်းတစ်ထောင်ပတ်လည် မြေကွက်တချို့ အရောင်းအဝယ် ပြန်ဖြစ်လာတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။ ဒဂုံ(၄)မြို့နယ်ရဲ့ မြေကွက်ဈေးတန်းတွေဟာ တခြားသော မြို့နယ်တွေနဲ့ နှိုင်းယှဉ်ပါက တန်ဖိုးသင့်တင့်ပြီး အနာဂတ်အတွက် အလားအလာကောင်းတဲ့ အားသာချက်လည်းရှိသလို တောင်ဥက္ကလာ၊ မြောက်ဥက္ကလာ၊ မြို့ထဲနဲ့ တခြားမြို့သစ်တွေထက်စာရင် သွားရလာရ လွယ်ကူတာကြောင့် အရောင်းအဝယ်ဖြစ်နေတာလို့ သိရပါတယ်။ “ဒီရက်ပိုင်းမှာတော့ ဒဂုံ(၄)မြို့နယ်ကတော့ အရောင်းအဝယ်ပိုင်းမှာ ပိုပြီး သွက်လက်ဖြစ်ထွန်းနေပါတယ်။ ဈေးကွက်က အရမ်းလှုပ်ရှားသွက်လက်နေတယ်လို့ ပြောလို့ရတယ်။ နောက် မြို့ထဲမှာနေထိုင်တဲ့သူတွေက ဝိတ်လျှော့ပြီးတော့ ဒဂုံ လေးမြို့နယ်မှာ ပြောင်းရွှေ့အခြေချ နေထိုင်တာတွေလည်းရှိတယ်။ တိုင်းဒေသကြီး၊ ပြည်နယ်တွေကနေ ပြောင်းရွှေ့နေထိုင်တာတွေလည်း ရှိပါတယ်” လို့…

Read More

လိုင်ဇာအနီး မဒီးယန်မှာ တပ်နဲ့ KIAတို့ တိုက်ပွဲ ပြင်းထန်ခဲ့

ဩဂုတ် ၂၇-၂၀၂၃ Shy V(VOM) လိုင်ဇာအနီး မိုးမောက်မြို့နယ်၊ မဒီးယန်ရွာဘက် တကြော မနေ့ ဩဂုတ် ၂၆ ရက် မနက် ၉ နာရီခွဲခန့်ကစ တပ်နဲ့ KIA တို့ တနေကုန်နီးပါး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး မဒီးယန်နဲ့ နမ်ဆန်ယန်မှာ ညနေပိုင်းက လေကြောင်း အသုံးပြုတိုက်ခိုက်တာ ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ “တိုက်ပွဲ ဖြစ်တာက ၅ မိုင်လောက်ဝေးတဲ့ မဒီးယန်ဘက်။ ဗုံးလာကျဲတာက နမ့်ဆန်ယန်မှာ။ အိမ်တအိမ်က ရစရာကို မရှိတော့ဘူး၊ တိုက်ပွဲမှာ တပ်က အထိအခိုက်များတာကြောင့် ညနေ ၄ နာရီကျော်ခန့်က မြစ်ကြီးနားဘက်က ဂျက်ဖိုက်တာ ၂ စီးနဲ့ တိုက်ပွဲဖြစ်ရာ မဒီးယန်အနီးဝန်းကျင်မှာ ဗုံးလာကျဲသွားပြီးနောက် ၅ နာရီကျော်ခန့်ကလည်း လိုင်ဇာအနီး နမ်ဆန်ယန်မှာ ဂျက်ဖိုက်တာ ၂ စီးနဲ့ ၂…

Read More

This Day in History(August27)

This Day in History(August27) Voice of Myanmar ဂင်းနစ် ကမ္ဘာ့စံချိန်မှတ်တမ်းစာအုပ်ကို ၁၉၉၅ ခုနှစ် သြဂုတ် ၂၇ ရက်တွင် ပထမဆုံးအကြိမ် ထုတ်ဝေခဲ့ပြီး ရောင်းအားအကောင်းဆုံး မှတ်တမ်းစာအုပ်ဖြစ်လာခဲ့သည်။ #voiceofmyanmar #vom #ThisDayInHistory #August27

Read More

အပျိုလူပျို နီးစပ်နိုင်သနော် ရတနာ့ဂူပွဲတော်

ဆူးငှက်   “ဝနာတစ်ခွင်မှာလေ …. ရာဇပလ္လင်တွေ ဝိုင်းပြီးတော့ တစ်ပိုင်းတစ်စစီသာကျန်၊ ပစ္စင်ကျုံးမြောင်းတို့သဏ္ဌာန်၊ မန္တလေးလုံချည်၊ ပိုးလုံချည်တွေထွက်တဲ့ ၎င်းအချက်ကျနေရာပေါ့။ တဘောင်ချို့တဲ့ တောင်မြို့လို့ ဆိုပါတော့ …. စခန်းမြေသာတယ်၊ လွမ်းဖွယ်ရာအမှန် နှစ်ပေါင်းတစ်ရာကျော်ပြန်၊ အင်းကြီးတောင်သမန် ….” (နန်းတော်ရှေ့ဆရာတင် – တောင်သမန်သီချင်း)   အမရပူရမြို့သည် ကုန်းဘောင်ခေတ်၏ မင်းနေပြည်တော်အဖြစ် ထင်ရှားခဲ့ရုံသာမက သဘာဝပတ်ဝန်းကျင် သာယာမှုကြောင့်လည်း ထင်ရှားသည်။ အနောက်ဘက်တွင် မင်းဝံတောင်ရိုးနှင့် ဧရာဝတီမြစ်ရှိသည်။ မြို့နှင့်မြစ်ကြားမှာလည်း တက်သိမ်းအင်းရှိသည်။ မြို့အရှေ့မြောက် မျက်နှာမှာ ပုဂံခေတ်ကတည်းက ဆည်ဖို့ထားသေအောင်ပင်လယ် ကန်တော်ရှိသည်။ မြို့အရှေ့ဘက်မှာ ဇောင်းကလောအင်းရှိသည်။ မြို့အရှေ့တောင်အရပ်မှာက ဒုဋ္ဌဝတီမြစ်ရှိသည်။ မြို့တော်၏ အနောက်တောင်ဘက်မှာ တောင်သမန်အင်းရှိသည်။   တကယ်တော့ တောင်သမန်အင်းသည် အမရပူရ မြို့၏ အမှတ်အသားဖြစ်သည်။ တောင်သမန်အင်းဟု ဆိုသော်ငြား ထိုစဉ်က ၁၂ ရာသီ ရေပြည့်ဝပ်သည်မဟုတ်အခါ၌…

Read More
VOM News

FREE
VIEW