၀ဂ္ဂနာအကြီးအကဲ ပရီဂိုဇင်သေဆုံးကြောင်း ရုရှားအာဏာပိုင်တွေ တရားဝင်အတည်ပြု

မော်စကို၊ သြဂုတ်-၂၈-၂၀၂၃
မျိုးဆက်(VOM)

ရုရှားကြေးစား ဝဂ္ဂနာအဖွဲ့ရဲ့အကြီးအကဲ ပရီဂိုဇင်ဟာ ဗုဒ္ဓဟူးနေ့က လေယာဉ်ပျက်ကျမှုအတွင်း သေဆုံးသွားကြောင်း ရုရှားအာဏာပိုင်တွေက အတည်ပြုထုတ်ပြန်လိုက်ပါတယ်။

လေယာဉ်ပေါ်လိုက်ပါသွားသူ စာရင်းနဲ့ တွေ့ရှိခဲ့တဲ့ ရုပ်အလောင်းတွေကို မျိုးရိုဗီဇခွဲခြမ်းစိတ်ဖြာစစ်ဆေးမှုတွေ ပြုလုပ်ပြီးနောက် ရုရှားအာဏာပိုင်တွေက အခုလိုအတည်ပြုလိုက်တာဖြစ်ပါတယ်။

ပရီဂိုဇင်ရဲ့ ဂျက်လေယာဉ်ဟာ သြဂုတ် ၂၃ ရက်က မော်စကိုမြို့အနောက်မြောက်ဘက်မှာ ပျက်ခဲ့တာဖြစ်ပါတယ်။ ဒီလေယာဉ်ဟာ ပစ်ချခံရတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ရုရှားဘက်က ငြင်းဆိုထားပါတယ်။

မော်လီကျူး-မျိုးရိုးဗီဇစမ်းသပ်မှုတွေ ပြီးဆုံးကြောင်း စုံးစမ်းစစ်ဆေးသူတွေက ထုတ်ပြန်ထားပြီး ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေကို ဆက်လက်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

သေဆုံးသူတွေထဲမှာ ပရီဂိုဇင်အပြင် ယူကရိန်း၊ ဆီးရီးယားနဲ့ အာဖရိကဒေသတွေမှာ စစ်ဆင်ရေးလုပ်နေကြတဲ့ ဝဂ္ဂနာအဖွဲ့ရဲ့ ထိပ်တန်းတာဝန်ရှိသူတွေလည်း ပါဝင်ခဲ့ပါတယ်။ အမေရိကန်ကတော့ ဒီကိစ္စရဲ့ဖြစ်နိုင်ခြေအမြင့်ဆုံးကတော့ လေယာဉ်ပေါ်မှာ ပေါက်ကွဲမှုဖြစ်ခဲ့ဖွယ်ရှိကြောင်း ထုတ်ဖော်ပြောဆိုထားပါတယ်။

Ref:BBC
Photo:Reuters
#voiceofmyanmar #VOM #၀ဂ္ဂနာအကြီးအကဲ #ပရီဂိုဇင် #သေဆုံးကြောင်း #ရုရှားတရားဝင် #အတည်ပြု

Related posts

Leave a Comment

VOM News

FREE
VIEW