ထိုင်းရောက် မြန်မာတွေ ပတ်စ်ပို့စာအုပ်အသစ်လုပ်ဖို့ ရက်ချိန်းတိုကင်ယူတဲ့စနစ်ကို ဖျက်သိမ်း

ဩဂုတ် ၃၁ – ၂၀၂၃
GG (VOM)

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေ ပတ်စ်ပို့စ်စာအုပ်အသစ်လုပ်ဖို့အတွက် ရက်ချိန်းတိုကင်ယူရတဲ့စနစ်ကို စက်တင်ဘာ ၁ ရက်က စပြီး ဖျက်သိမ်းလိုက်ပြီလို့ ဘန်ကောက်၊ မြန်မာနိုင်ငံဆိုင်ရာသံရုံးက ဒီနေ့ ဩဂုတ်လ ၃၁ ရက်နေ့မှာ အသိပေးလိုက်ပါတယ်။

ရက်ချိန်း ကြိုတင်ရယူတဲ့စနစ် ပယ်ဖျက်လိုက်တာကြောင့် PJ နိုင်ငံကူးလက်မှတ်ကိုင်ဆောင်ထားသူတွေအနေနဲ့ လူကိုယ်တိုင် လာရောက်ပြီး စာအုပ်အသစ် လုပ်ဆောင်ရမှာဖြစ်လို့ အဝေးမှာအလုပ်လုပ်သူတွေအတွက် အခက်အခဲဖြစ်ရတယ်လို့ အလုပ်သမားတွေကပြောပါတယ်။

” ဝေးတဲ့သူတွေက ရက်ချိန်းယူပြီးလုပ်ရတာ ပိုအဆင်ပြေတယ်၊ အဲ့ဒါထက်ပိုကောင်းတာက အွန်လိုင်းစနစ်ကနေ လုပ်ပေးရင်ပေါ့။ ကျနော်တို့ အဝေးကြီးမှာနေတဲ့လူတွေဆို ဘယ်လိုလုပ်မလဲ ဖားတိုင်းရနောင်းတို့ စူလပ်ဌာနီတို့ဆိုရင်ပေါ့။ မလေးရှားဆို အွန်လိုင်းစနစ်လုပ်မယ်ကြေညာတာတွေ့တယ်။ အဲ့ဒီလိုလုပ်စေချင်တယ်၊ဖုန်းဆက်ရင်လည်း သံရုံးက ခေါ်မရတာနဲ့မကိုင်တာနဲ့၊အွန်လိုင်းကဆိုရင် ဆက်စရာကိုမလိုဘူး “လို့ ထိုင်းရောက် မြန်မာလုပ်သားတစ်ဦးကပြောပါတယ်။

ရက်ချိန်းတိုကင်ယူတဲ့စနစ်ကို ဇူလိူင် ၂၉ ရက်က စပြီး အပတ်စဥ် စနေနေ့တိုင်းမှာ လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း ၊လက်ရှိမှာ ရက်ချိန်းတိုကင် ရယူသူနည်းတဲ့အတွက် အဲ့ဒီစနစ်ကို ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့ သံရုံးကထုတ်ပြန်ထားပါတယ်။

PJ နိုင်ငံကူးလက်မှတ်အသစ် ပြုလုပ်လိုသူတွေအနေနဲ့ ရုံးဖွင့်ရက်မှာ မြန်မာသံရုံး၊ ကောင်စစ်ဌာနကို ကိုယ်တိုင်လာရောက်ပြုလုပ်နိုင်ပါကြောင်း အသိပေးထားပါတယ်။

ထိုင်းနိုင်ငံမှာ MoU စနစ်နဲ့ လုပ်ကိုင်နေတဲ့ ၄ နှစ်ပြည့် မြန်မာအလုပ်သမားတွေနဲ့ PJ နိုင်ငံကူးလက်မှတ်စာအုပ် ကိုင်ဆောင်တဲ့ မြန်မာအလုပ်သမားတွေကို နိုင်ငံကူးလက်မှတ်သက်တမ်းတိုး ဆောင်ရွက်မှုအတွက် OWIC ကတ်တန်ဖိုး ဘတ်၂၅၀ကို ကောက်ခံခြင်းမပြု တော့ဘဲ နိုင်ငံကူးလက်မှတ်စာအုပ်ဖိုး ဘတ် ၁,၂၅၀ သာကောက်ခံနေတယ်လို့ သိရပါတယ်။

#voiceofmtanmar #VOM #ထိုင်း #မြန်မာလုပ်သား #ပတ်စ်ပို့အသစ် #ရက်ချိန်းတိုကင်စနစ်ဖျက်သိမ်း

Related posts

Leave a Comment

VOM News

FREE
VIEW