စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းမှာ ဌာနဆိုင်ရာဝန်ထမ်း ၃၀ ရာခိုင်နူန်းသာ ရုံးတက်နိုင်

သြဂုတ် ၈ -၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်း ၊ ပခုက္ကူခရိုင်ထဲက မြို့နယ်တွေမှာ ဝန်ထမ်းတွေ ခြိမ်းခြောက်သတ်ဖြတ်ခံရတာကြောင့် ရုံးတက်ဖို့ ခက်ခဲနေပြီး တချို့ဝန်ထမ်းတွေဆိုရင် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဝန်ထမ်းအသိုင်းအဝိုင်းဆီက သိရပါတယ်။ “ဝန်ထမ်းတွေ CDM မလုပ်ရင် ၊ မလုပ်တဲ့ ဝန်ထမ်းနဲ့ သူ့ရဲ့မိသားစု အသက်အန္တရာယ် တာဝန်မယူဘူးလို့ ခြိမ်းခြောက်ခံရတယ် ၊ နောက်ပြီး ဌာနဆိုင်ရာရုံးတွေကိုလည်း ဒရုန်းနဲ့ ဗုံးကျဲချတာမျိုးလည်း ရှိတယ် ၊ အဲ့ဒီအပြင် သေနတ်နဲ့ လာရောက် ပစ်ခတ်တာတွေရှိတယ် ၊ နောက်ပြီး နေအိမ်မှာလာပြီး ဝင်ရောက်ဖမ်းဆီးတာတွေရှိတဲ့အတွက် ရုံးတက်ဖို့ အခက်အခဲရှိတယ် ၊ အဲ့ဒါကြောင့် ရုံးတက်နိုင်တဲ့ ဝန်ထမ်းက ၃၀ ရာခိုင်နူန်းလောက်ပဲရှိတယ်”လို့ မကွေးတိုင်း မြိုင်မြို့နယ်မှ ဝန်ထမ်းတယောက်က ပြောပါတယ်။ စစ်ကိုင်းတိုင်း ၊ မုံရွာမြို့မှာနေထိုင်တဲ့ ဝန်ထမ်းတယောက်က “စစ်ကိုင်းတိုင်း…

Read More

တပတ်အတွင်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးဇုန် ကုန်သွယ်မှုအခြေအနေ

ဩဂုတ် ၈၊ ၂၀၂၃ Shy V(VOM) မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ကုန်သွယ်ရာ လမ်းကြောင်းတစ်ခုဖြစ်တဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်အနေနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လ ၃၁ ရက် ကနေ ဩဂုတ်လ ၆ ရက်နေ့အထိ ရက်သတ္တပတ်အတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၂ သန်းကျော် ဖြစ်တယ်လို့ ကုန်သွယ်ရေးဇုန်က အချက်အလက်တွေအရ သိရပါတယ်။ မူဆယ်နယ်စပ် ကုန်သည်လုပ်ငန်းရှင်တွေအနေနဲ့ တပတ်အတွင်း တရုတ်ဘက်ကို အဓိက တင်ပို့တဲ့ ကုန်စည်တွေကတော့ ငါးရှဉ့်၊ ပဲတီစိမ်း၊ ကဏန်း၊ ကြက်သွန်နီ၊ ကြေးနီ၊ ရော်ဘာ၊ သီဟိုဠ်စေ့၊ ရေခဲပုစွန်၊ နနွင်းတက်၊ ငါးမှုန့် တို့ ဖြစ်တယ်လို့ သိရပါတယ်။ အဓိကထား သွင်းကုန်တွေကတော့ ယာဉ်နဲ့ယာဉ်ယန္တရားများ၊ စက်သုံးဆီ(ဒီဇယ်၊ဓာတ်ဆီ) Galvanized Iron Sheet In Coil၊ Brand New…

Read More

This Day in History: August-8

This Day in History: August-8 Voice of Myanmar ဝါးတားဂိတ်အရှုပ်တော်ပုံကြောင့် စွပ်စွဲပြစ်တင်ခံရမည့် အလားအလာနှင့်ရင်ဆိုင်နေရသော အမေရိကန်သမ္မတ ရစ်ချက်နစ်ဆင်သည် ၁၉၇၄ ခုနှစ် သြဂုတ် ၈ ရက်တွင် ရာထူးမှနှုတ်ထွက်ကြောင်း ကြေညာခဲ့သည်။ #Voiceofmyanmar#Thisday#inhistory#သမိုင်းထဲကဒီနေ့

Read More

မြဝတီ – ကော့ကရိတ် အာရှလမ်း ထပ်မံပြိုကျမှုဖြစ်ပွားခဲ့

ဩဂုတ် ၇၊ ၂၀၂၃ Shy V(VOM) ကရင်ပြည်နယ် မြဝတီ – ကော့ကရိတ် အာရှလမ်းမှာ ဒီနေ့ ဩဂုတ် ၇ ရက် ညနေပိုင်းက မြေထပ်မံ ပြိုကျမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေနဲ့ ကုန်သည်တွေဆီက သိရပါတယ်။ “ထပ်ပြိုတယ်ဆိုတာ အဲဒီ ပြိုတဲ့နေရာကိုပဲ ထပ်ပြိုဆင်းသွားတာကို ပြောတာဗျ။ ရေက တိုက်စားလာပြီးတော့ ထပ်ပြိုကျသွားတာပေါ့။ ၁၀ ပေ၊ ၁၂ ပေ လောက် ထပ်ပြိုဆင်းသွားတယ်။”လို့ ဘိုဘိုဝင်း အရေးပေါ် ကယ်ဆယ်ရေးနဲ့ လူမှုအထောက်အကူပြုအဖွဲ့ရဲ့ တာဝန်ရှိသူ ၁ ဦးက VOM ကို ပြောပါတယ်။ ဒီကနေ့ ဩဂုတ်လ ၇ ရက် မနက်အစောပိုင်းကစပြီး မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အာရှလမ်းကြီးရဲ့ ပေပေါင်း ၁၀၀ ကျော် ပြိုကျမှု ြဖစ်ပွားခဲ့တာလို့ သိရပါတယ်။ “ကားတစ်စီး လျှောပါသွားတာ အဲ့ဒါ…

Read More

စုန်းချောင်းရွာမှာ တပတ်အတွင်း လူ ၁၁ ယောက် သတ်ခံရတာကြောင့် ဒေသခံတွေ နေရပ်စွန့်ခွာ

သြဂုတ် ၊ ၇ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ယင်းမာပင်မြို့နယ် ၊ စုန်းချောင်းကျေးရွာမှာ ပြီးခဲ့တဲ့ တပတ်အတွင်း ဒေသခံ လူ ၁၁ ယောက် အသတ်ခံရတာကြောင့် ကျန်ဒေသခံတွေဟာ ရွာမှာမနေရဲတော့ဘဲ ဘေးလွတ်ရာကို ရှောင်းတိမ်းနေရတယ်လို့ စုန်းချောင်းရွာခံတွေဆီက သိရပါတယ်။ ” ပြီးခဲ့တဲ့ ဇူလိုင် ၂၁ ရက်က စုန်းချောင်းရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နယ်မြေရှင်းလင်းခံရတယ် ၊ မနက်အစောကြီး စစ်ကြောင်းဝင်လာတာဆိုတော့ ၊ ရွာကလူတွေ ထွက်ပြေးချိန်မရလိုက်ဘူး ၊ အဲ့ဒီမှာ စစ်ကြောင်းအဖွဲ့က ရှင်းလင်းလိုက်လို့ ရွာက လူ ၁၄ ယောက်သေတယ် ၊ အဲ့ဒီ သေတဲ့ လူတွေနဲ့ ပတ်သက်လို့ ရွာခံ သတင်းပေး (ဒလန်)၊ အတွင်းလူရှိတယ်ဆိုပြီး ရွာသားအချင်းချင်း စစ်ဆေးနေကြတာဖြစ်တယ်…

Read More

အိမ်နီးချင်းနိုင်ငံတွေရဲ့ စစ်ရေးကြားဝင်မယ်ခြိမ်းခြောက်မှုကြောင့် နိုင်ဂျာလေပိုင်နက်ကို အာဏာသိမ်း စစ်ခေါင်းဆောင်တွေ ပိတ်ပြီ

နီယာမေ၊ သြဂုတ်-၇-၂၀၂၃ မျိုးဆက်(VOM) အိမ်နီးချင်းနိုင်ငံတွေကနေ စစ်ရေးအရကြားဝင်မယ်လို့ ခြိမ်းခြောက်မှုတွေကြောင့် နိုင်ဂျာအာဏာသိမ်းစစ်ခေါင်းဆောင်တွေက နိုင်ငံလေပိုင်နက်ကို ပိတ်လိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ဒီအမိန့်ဟာ နောက်ထပ်အမိန့်တစုံတရာမထုတ်ပြန်မချင်း တည်မှာဖြစ်ပြီး လေယာဉ်ပျံသန်းမှုခြေရာခံဝက်ဆိုဒ် Flightradar24 ရဲ့အချက်အလက်တွေမှာလည်း နိုင်ဂျာလေပိုင်နက်မှာ လေယာဉ်ပျံသန်းမှုမရှိကြောင်း ပြသနေပါတယ်။ ရွေးကောက်ခံသမ္မတ မိုဟာမက်ဘာဇိုရမ်ကို သြဂုတ် ၆ ရက် ည ၁၁ နာရီတိတိမှာ ရာထူးအာဏာပြန်မအပ်ရင် စစ်ရေးအရကြားဝင်မယ်လို့ အနောက်အာဖရိက ဒေသတွင်းအဖွဲ့ဖြစ်တဲ့ အီကိုဝပ်စ်က အစောပိုင်းမှာ သတိပေးထားပါတယ်။ နိုင်ဂျာစစ်တပ်ဟာ နိုင်ငံကိုကာကွယ်ဖို့ အဆင်သင့်ရှိနေကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ မစ္စတာဘာဇိုရမ်ဟာ ဇူလိုင် ၂၆ က ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး သမ္မတရဲ့ကိုယ်ရံတော်တပ်မှူး ဗိုလ်ချုပ်ကြီး Abdourahmane Tchiani က သူ့ကိုယ်သူ နိုင်ငံခေါင်းဆောင်အဖြစ် ကြေညာခဲ့ပါတယ်။ နိုင်ဂျာစစ်တပ်ရဲ့ အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး နိုင်ဂျာကိုယခင်က ကိုလိုနီပြုခဲ့တဲ့ပြင်သစ်အပါအဝင် ကုလသမဂ္ဂ၊ အမေရိကန်၊ ဥရောပသမဂ္ဂနဲ့ အခြားနိုင်ငံတွေက…

Read More

ဟွန်ဆန်ရဲ့သားဖြစ်သူ ဟွန်မာနက်ကို ဝန်ကြီးချုပ်သစ်အဖြစ် ကမ္ဘောဒီးယားဘုရင် ခန့်အပ်

ဖနွမ်းပင်၊ သြဂုတ်-၇-၂၀၂၃ မျိုးဆက်(VOM) အာရှရဲ့ သက်တမ်းအရှည်ဆုံး အာဏာရှင်ဆန်တဲ့ခေါင်းဆောင်လို့ သမုတ်ခံထားရတဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်ဆန်ရဲ့သားဖြစ်သူ ဟွန်မာနက်ကို ကမ္ဘောဒီးယားဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း ကမ္ဘောဒီးယားဘုရင်က တော်ဝင်အမိန့်ပြန်တမ်း ထုတ်ပြန်လိုက်ပါတယ်။ ကမ္ဘောဒီးယားနိုင်ငံကို ဆယ်စုနှစ်လေးခုနီးပါးအုပ်ချုပ်ခဲ့တဲ့ ဖခင်ဖြစ်သူဝန်ကြီးချုပ်ဟွန်ဆန်ရဲ့နေရာကို ဆက်ခံမည့်သူအဖြစ် ဟွန်ဆန်ကသားဖြစ်သူဟွန်မာနက်အား ဝန်ကြီးချုပ်သစ်အဖြစ်အဆိုပြုခဲ့တာဖြစ်ပါတယ်။ ဇူလိုင်လမှာကျင်းပတဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိပြီးနောက် ရက်ပိုင်းအကြာမှာတော့ ကမ္ဘာ့သက်တမ်းအရှည်ဆုံးခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟွန်ဆန်က သူ့ရဲ့သားအကြီးဆုံးကို အာဏာလွှဲပြောင်းပေးမှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ ဟွန်ဆန်ရဲ့တောင်းဆိုချက်အရ ခုနှစ်ကြိမ်မြောက်ပါလီမန်သက်တမ်းအတွက် ဒေါက်တာဟွန်မာနက်ကို ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ကြောင်း ကမ္ဘောဒီးယားဘုရင် နိုရိုဒမ်ဆီဟာမိုနီက သြဂုတ် ၇ ရက်မှာ တော်ဝင်အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အသက် ၄၅ နှစ်အရွယ် ဟွန်မာနက်အနေနဲ့ ဝန်ကြီးချုပ် တရားဝင်ဖြစ်လာဖို့နံ့ သူ့အစိုးရသစ်အတွက် သြဂုတ် ၂၂ ရက်တွင်ကျင်းပမယ့် ပါလီမန်ရဲ့ အတည်ပြုချက်လိုအပ်နေသေးပါတယ်။ အာဏာရ ကမ္ဘောဒီးယားပြည်သူ့ပါတီဟာ အောက်လွှတ်တော်အမတ်နေရာ ၁၂၅ နေရာအနက် ငါးနေရာမှလွဲပြီး အနိုင်ရရှိခဲ့ကာ အတိုက်အခံအလင်းတိုင်ပါတီကို…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၇ ရက်)

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၇ ရက်) Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၄၀၀ ကျပ် ဝယ်ဈေး – ၃၃၅၀ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၅၂၀ ကျပ် ဝယ်ဈေး – ၂၄၅၀ ကျပ် -ယူရို ရောင်းဈေး – ၃၇၀၀ ကျပ် ဝယ်ဈေး – ၃၄၀၀ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၈.၀၅ ကျပ် ဝယ်ဈေး – ၉၅.၂၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၀၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၅ ကျပ် ဝယ်ဈေး –…

Read More

၂၀၂၀ ရွေးကောက်ပွဲရလဒ်အပေါ် လွှမ်းမိုးရန် ကြိုးစားသည့် စွဲချက် ၄ ခုနှင့် ဒေါ်နယ်ထရမ့် ရင်ဆိုင်ရ

ဝါရှင်တန်၊ သြဂုတ်-၈-၂၀၂၃ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲရလဒ်များအပေါ် လွှမ်းမိုး၍ အာဏာဆက်ရှိစေဖို့ အပူတပြင်း ကြိုးပမ်းခဲ့မှုစွပ်စွဲချက်များဖြင့် သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကို အမေရိကန် ဖက်ဒရယ်အစိုးရရှေ့နေများက တရားစွဲလိုက်ကြောင်း ဂါးဒီးယန်းသတင်းမှာ ဖော်ပြထားသည်။ သမ္မတဟောင်းထရမ့်အပေါ် နိုင်ငံ့ကာကွယ်ရေးအချက်အလက် သိမ်းဆည်းမှုဖြင့် တရားစွဲခဲ့ပြီး ရက်သတ္တပတ်အတန်ကြာမှာပဲ ရွေးကောက်ပွဲကိစ္စဖြင့် ယခု ထပ်မံစွဲဆိုလိုက်ခြင်းလည်းဖြစ်သည်။ ဝါရှင်တန်ရှိ ဖက်ဒရယ်ခရိုင်တရားရုံးမှာ စွဲဆိုထားသည့် အဆိုပါစွဲချက်များထဲမှာ ထရမ့်အနေနဲ့ အမေရိကန်ပြည်ထောင်စုအပေါ် လိမ်လည်လှည့်ဖြားဖို့ ပူးပေါင်းကြံစည်မှုစွဲချက်လည်း အပါအဝင်ဖြစ်သည်။ ထို့ပြင် ဥပဒေကြောင်းအရ တရားစွဲဆိုခြင်းအပေါ် ဟန့်တားရန် ပူးပေါင်းကြံစည်မှု၊ တားဆီးနှောင့်ယှက်မှုနှင့် တရားစီရင်ရေး အဟန့်အတားဖြစ်စေဖို့ အခွင့်အရေးများ ဆန့်ကျင်မှုတို့လည်း အကျုံးဝင်ကြောင်း သိရသည်။ အထူးအကြံပေးပုဂ္ဂိုလ် ဂျက်စမစ် ယူဆောင်လာသော စာမျက်နှာ ၄၅ မျက်နှာကျော်ပါ စွဲချက်များထဲတွင် ထရမ့်နှင့် ၎င်း၏မဟာမိတ်များအနေဖြင့် ရွေးကောက်ပွဲ လိမ်လည်မှု စွပ်စွဲချက်များကို သိလျက်နှင့် တမင် သတင်းဖြန့်ပုံဖြန့်နည်း အသေးစိတ်…

Read More

ယနေ့ ရွှေဈေး (သြဂုတ်-၇ ရက်)

ယနေ့ ရွှေဈေး (သြဂုတ်-၇ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၄၂ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၆၅၀၀၀ ကျပ် ဝယ်ဈေး ၃၅၆၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၂၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။

Read More
✕
VOM News

FREE
VIEW