ရန်ကုန်မှာ အိမ်ငှားခနဲ့ အဆောင်ခတွေ ဈေးတက်လာလို့ အခက်အခဲတွေ ဖြစ်နေ

ဩဂုတ် ၉ – ၂၀၂၃ SN (VOM) ရန်ကုန်မှာ အိမ်ငှားခနဲ့ အဆောင်ခတွေ ဈေးထပ်တက်လာလို့ ငှားရမ်းနေထိုင်သူတွေအနေနဲ့ အခက်အခဲတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။ ကုန်ဈေးနှုန်း မတည်ငြိမ်မှုတွေကြောင့် ရန်ကုန်မြို့အတွင်းရှိ မြို့နယ်အချို့မှ အိမ်ပိုင်ရှင်တွေနဲ့ အဆောင်ငှားရမ်းသူတွေက လွန်ခဲ့တဲ့ နှစ်လကျော်လောက်မှ စတင်ကာ ငှားရမ်းခတွေ တိုးမြှင့် ကောက်ခံလာခဲ့ခြင်း ဖြစ်တယ်လို့ သိရပါတယ်။ “အရင်ကတော့ အဆောင်ငှားခက ၃၀၀၀၀၊ ၃၅၀၀၀ ဝန်းကျင်ပဲ ရှိတာ။ အခုဆိုရင် ၅ သောင်း ၆ သောင်းလောက်ရှိတယ်။ အလုပ်ကရတဲ့လစာက ၂၂၀၀၀၀၊ ရတဲ့ လစာနဲ့ စားစရိတ် နေဖို့အဆောင်ခတွေက မကိုက်တော့တာပေါ့။ ချွေတာမယ်ဆိုရင် ဘယ်အပိုင်းကို ချွေတာရမလဲ ဆိုတာ တွေးလို့မရဘူး။ နယ်ကအိမ်ကို ပိုက်ဆံပြန်ပို့ဖို့တောင် အနိုင်နိုင်”လို့ ဗိုလ်တထောင်မြို့နယ်မှာ အဆောင်ငှားရမ်းနေထိုင်သူတစ်ဦးက ပြောပါတယ်။ နိုင်ငံရေးအပြောင်းအလဲဖြစ်ပြီးချိန်ကစလို့ နယ်မြို့တွေမှာ နေထိုင်သူတွေအနေနဲ့…

Read More

လုံခြုံရေး တည်ငြိမ်မှုမရှိတာကြောင့် မုံရွာ – ခန္တီး ရေယာဥ်ပြေးဆွဲမှု ရက်အကန့်သတ်မရှိ ပိတ်

သြဂုတ် ၊ ၉ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ မုံရွာဆိပ်ကမ်းကနေ ခန္တီးဆိပ်ကမ်းကို နေ့စဥ်ပြေးဆွဲပေးနေတဲ့ ကုန်တင်ရေယာဥ်တွေဟာ လမ်းကြောင်းလုံခြုံမှုမရှိတာကြောင့် အခုရက်ပိုင်းအတွင်း ယာယီပြေးဆွဲတာကို ပိတ်ထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ရေယာဥ်များ စနစ်တကျပြေးဆွဲရေး ကော်မတီ (ရစက)ရုံးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ ” ဒီကနေ့ကစပြီး ယာယီပိတ်ထားတယ် အကန့်အသတ်မရှိဘူး ၊ ကုန်တင်ထားပြီး ရေယာဥ်တွေပေါ်က ကုန်ပစ္စည်းတွေကို ကားပေါ်ကို ပြောင်းတင်ပေးတယ် ၊ အလုပ်သမားခကိုတော့ ကုန်သည်ဘက်က ကျခံရမယ်ဖြစ်တယ် ၊ ဒါပေမယ့် ကုန်းလမ်းလည်း လုံခြုံရေး အခြေအနေက မကောင်းဘူး”လို့ မုံရွာ – ခန္တီး ကုန်တင်အမြန်ရေးယာဥ် ပြေးဆွဲရေး လုပ်ငန်းရှင် တယောက်က ပြောပါတယ်။ ခန္တီးခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က ခန္တီးခရိုင်…

Read More

This Day in History: August-9

This Day in History: August-9 Voice of Myanmar အမေရိကန်သည် ဂျပန်နိုင်ငံ ဟီရိုရှီးမားမြို့ကို အဏုမြူဗုံးကြဲချပြီးနောက် သုံးရက်အကြာ ၁၉၄၅ ခုနှစ် သြဂုတ် ၉ ရက်တွင် နာဂါဆာကီမြို့ပေါ်သို့ ဒုတိယမြောက် အဏုမြူဗုံးကြဲချခဲ့သည် ။ထိုသို့ဗုံးကြဲခံရပြီးနောက် ခြောက်ရက်အကြာ သြဂုတ် ၁၅ ရက်တွင် ဂျပန်သည် ဒုတိယကမ္ဘာစစ်တွင် လက်နက်ချကြောင်း ကြေညာခဲ့ပြီး လက်နက်ချရေးစာချုပ်ကို စက်တင်ဘာ ၂ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။ #Voiceofmyanmar# VOM # Thisdayinhistory# သမိုင်းထဲကဒီနေ့

Read More

ဗိုလ်တထောင်က ဓားပြတိုက်မှု ငွေနဲ့အတူ ကျူးလွန်သူတွေကို ၁နာရီအတွင်း ဖမ်းမိ

သြဂုတ် ၈ – ၂၀၂၃ GG (VOM) ရန်ကုန်မြို့၊ဗိုလ်တထောင်မြို့နယ်၊ (၅)ရပ်ကွက်၊ ၅၃ လမ်း၊ အမှတ်(၂၉) မြေညီထပ်က Best Century Travel and Tour လုပ်ငန်းကို ဒီနေ့ ဩဂုတ်လ ၈ ရက် ညနေပိုင်းက သေနတ်ပစ်ဖောက်ပြီး ဓားပြတိုက်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ အမည်မသိ လူ၃ ယောက်က ဓားပြတိုက်သွားတာဖြစ်ပြီး ငွေကျပ်သိန်း ၁၅၀၀ ပါသွားပေမယ့် ဓားပြတိုက်သူတွေကို ငွေသားနဲ့အတူ ၁နာရီကျော်အတွင်း ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ် ။ ” မရမ်းကုန်း မီးပွိုင့်မှာ စစ်ဆေးနေချိန် မိတာပါ။ ဟိုကလုပြီး ပြေးလာချိန်မှာ မိတဲ့သဘော၊ မိတာ ၃ ယောက်၊ ငွေထုတ်ရော ပါတယ်။ မိန်းကလေးတစ်ယောက်ပါတယ်။ သေနတ်အတိုနဲ့ ကျည်တွေလည်းပါတယ်”လို့ ဗိုလ်တစ်ထောင်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။ ဖမ်းဆီးရမိတဲ့ ၃…

Read More

ဘုတလင်မြို့က သန္ဓေမီးသတ် ၁၀ ဦးနဲ့ မိသားစုဝင် ၁၀ ဦး ဖမ်းဆီးခေါ်ဆောင်းခြင်း ခံရ

သြဂုတ် ၊ ၈ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ မုံရွာခရိုင် ၊ ဘုတလင်မြို့ ၊ ဘုတလင်မြို့နယ် မီးသတ်ဦးစီးဌာနမှာ တာဝန်ထမ်းဆောင်နေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သူတို့ရဲ့ မိသားစုတွေကို မနေ့ သြဂုတ် ၇ ရက် ညနေပိုင်းက အမည်မသိအဖွဲ့ကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဘုတလင်မြို့ခံတွေဆီက သိရပါတယ်။ ” မနေ့က ညနေ ၃ နာရီဝန်းကျင်လောက်မှာ ရုံးထဲက မီးသတ်ကား ၂ စီးထွက်သွားတာကို မြင်ရတယ် ၊ ကားပေါ်မှာလည်း လူတွေပါသွားတာကိုတွေ့ရတယ် ၊ ဒီမနက်ကြားရတာကတော့ မီးသတ်တွေနဲ့ သူတို့မိသားစုတွေ အဖမ်းခံရတယ်”လို့ ဘုတလင်မြို့ခံတယောက်က ပြောပါတယ်။ အဲ့ဒီ ဖြစ်စဥ်နဲ့ပတ်သက်လို့ မုံရွာခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က ” မနေ့က ဘုတလင်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ မိသားစုတွေကို အမည်မသိအဖွဲ့က ဝင်ရောက်…

Read More

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၈ ရက်)

ယနေ့ နိုင်ငံခြားငွေလဲလှယ်နှုန်း (သြဂုတ်-၈ ရက်) Voice of Myanmar -အမေရိကန် ဒေါ်လာ ရောင်းဈေး – ၃၄၂၀ ကျပ် ဝယ်ဈေး – ၃၃၅၀ ကျပ် -စင်္ကာပူ ရောင်းဈေး – ၂၅၂၀ ကျပ် ဝယ်ဈေး – ၂၄၅၀ ကျပ် -ယူရို ရောင်းဈေး – ၃၆၈၅ ကျပ် ဝယ်ဈေး – ၃၅၃၅ ကျပ် -ထိုင်းဘတ် ရောင်းဈေး – ၉၈.၂၅ ကျပ် ဝယ်ဈေး – ၉၇.၂၅ ကျပ် -မလေးရှားရင်းဂစ် ရောင်းဈေး – ၇၅၀ ကျပ် ဝယ်ဈေး – ၇၁၀ ကျပ် -တရုတ်ယွမ် ရောင်းဈေး – ၄၇၀ ကျပ် ဝယ်ဈေး –…

Read More

မြဝတီ ကော့ကရိတ် အာရှလမ်း မြေပြိုမှုကြောင့် ထိုင်းနယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေ

ဩဂုတ် ၈ – ၂၀၂၃ GG (VOM) မြဝတီ ကော့ကရိတ် အာရှလမ်းပိုင်းမှာ ဒီနေ့ ဩဂုတ်လ ၈ ရက်နေ့မှာလည်း မြေပြိုကျမှုတွေ ထပ်မံဖြစ်ပွားနေလို့ ခုဆိုရင် ၃ နေရာလောက်အထိ ပျက်စီး၊မြေပြိုတာတွေရှိနေတယ်လို့ သိရပါတယ် ။ ” အာရှလမ်းက လက်ရှိက ကား ဆိုင်ကယ်လုံးဝဖြတ်လို့မရတော့ဘူး။ မနေ့က ဖြစ်တဲ့ နေရာ ၂ နေရာရဲ့ အကျော်လေးမှာ မြေထပ်ပြိုတာပါ၊ကျနော်တို့ရောက်တော့ မြေသားက အိပြီးပြိုကျတုန်းပဲ ။ ခုဆို အာရှလမ်းမှာ မနေ့က လမ်းပြတ်ကျတာ ၁ နေရာ၊ပြိုကျတာ ၁ နေရာ၊ဒီနေ့က မြိုပြိုကျတာ ၊ မနေ့ကပြိုကျတဲ့နေရာမှာဘေလီတံတားထိုးတယ်ဆိုတာမဖြစ်နိုင်ဘူး၊မကြားမိဘူး။ဘာလို့ဆိုခုတက်နေတဲ့ပုံတွေက လမ်းပြိုတဲ့နေရာက အလယ်ဖြစ်နေတယ်။သူ့ဆီ ရောက်ဖို့က မြေပြိုထားတဲ့နေရာဖြတ်ရမယ်၊သွားဖို့ကမလွယ်ဘူး၊ခုမနက်တောင် တိုက်ပွဲတွေဖြစ်လို့ ” လို့ ဒေသခံ တစ်ဦးကပြောပါတယ် ။ အလားတူ ထို့ကော်ကိုးလမ်းမှာလည်း တောင်ကျရေကြောင့်…

Read More

နိုင်ဂျာအာဏာသိမ်းမှု စစ်ရေးအရကြားဝင်၊မဝင် အီကိုဝပ်စ်အဖွဲ့ ဆွေးနွေးဖွယ်ရှိ

ဝါရှင်တန်၊ သြဂုတ်-၈-၂၀၂၃ မျိုးဆက်(VOM) နိုင်ဂျာမှာ ပြီးခဲ့တဲ့လက အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီးနောက် အာဏာသိမ်းစစ်ခေါင်းဆောင်တွေနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးခဲ့ကြောင်း အမေရိကန်ထိပ်တန်းသံတမန်တဦးက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ နိုင်ဂျာအာဏာသိမ်းမှုကို သံတမန်နည်းအရ အဆုံးသတ်နိုင်ဆဲဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ခေတ္တလက်ထောက်နိုင်ငံခြားရေးဝန်ကြီး ဗစ်တိုးရီးယားနူလန်းက ပြောပါတယ်။ အနောက်အာဖရိကနိုင်ငံ ၁၅ နိုင်ငံပါဝင်တဲ့ အီကိုဝပ်စ်အဖွဲ့ကတော့ ဖမ်းဆီးခံထားရတဲ့ နိုင်ဂျာသမ္မတကို အာဏာပြန်လွှဲပေးဖို့ တနင်္ဂနွေနေ့နောက်ဆုံး ရာဇသံပေးပြီးနောက် နိုင်ဂျာအာဏာပိုင်တွေဟာ လေပိုင်နက်တွေကို ပိတ်ထားလိုက်ပါတယ်။ ပြသနာပြေလည်မှုမရှိရင် နောက်ဆုံးမှာ စစ်ရေးအရကြားဝင်ဖို့နဲ့ပတ်သက်ပြီး ပြင်ဆင်စရာရှိတာအားလုံး ပြင်ဆင်ပြီးဖြစ်ကြောင်း အီကိုဝပ်စ်အဖွဲ့ ထုတ်ပြန်ကြေညာထားပါတယ်။ နိုင်ဂျာနိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်ပြီး လာမယ့် သြဂုတ် ၁၀ ရက်မှာ အဖွဲ့ဝင်နိုင်ငံတွေတွေ့ဆုံဆွေးနွေးဖို့ အီကိုဝပ်စ်အဖွဲ့က စီစဉ်ထားပါတယ်။ နိုင်ငံတဖြည်းဖြည်းနဲ့ မလွဲမသွေကျဆုံးတာမျိုးကို ရှောင်ရှားလိုတာကြောင့် အာဏာသိမ်းတာလို့ စစ်ခေါင်းဆောင်တွေက ပြောပါတယ်။ နိုင်ဂျာအာဏာသိမ်းခေါင်းဆောင်တွေဟာ ပြည်တွင်းအခြေအနေကို ထိန်းသိမ်းဖို့ ရုရှားရဲ့ ဝဂ္ဂနာကြေးစားအဖွဲ့ကို အကူအညီတောင်းထားတယ်ဆိုတဲ့ ကိစ္စအပေါ် စိုးရိမ်ပူပန်ကြောင်း အမေရိကန်ထိပ်တန်းသံတမန် နူလန်းက…

Read More

ယနေ့ ရွှေဈေး (သြဂုတ်-၈ ရက်)

ယနေ့ ရွှေဈေး (သြဂုတ်-၈ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၃၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၅၅၅၀၀၀ ကျပ် ဝယ်ဈေး ၃၅၅၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၃၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၃၂၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #ယနေ့ရွှေဈေး

Read More

ယူကရိန်းသမ္မတ ဇီလန်စကီးကို လုပ်ကြံသတ်ဖြတ်ဖို့ကြံစည်သူအမျိုးသမီး ဖမ်းဆီးထိန်းသိမ်းခံရ

ကိဗ်ယက်၊ သြဂုတ်-၈-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းသမ္မတ ဇီလန်စကီးကို ရုရှားကသတ်ဖြတ်ဖို့ကြံစည်မှုမှာ အမျိုးတဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ယူကရိန်းလုံခြုံရေးတာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဇွန်လအတွင်းမှာ ရေကာတာကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံဖြစ်ပွားခဲ့တဲ့ မိုင်ကိုလိုင်ဗ်ကို သမ္မတဇီလန်စကီး မသွားရောက်မီ အဲဒီခရီးစဉ်ကို သိရှိဖို့ အဲဒီအမျိုးသမီးက အားထုတ်ကြိုးပမ်းခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီလို ဖမ်းဆီးမှုနဲ့ပတ်သက်ပြီး ရုရှားဘက်ကတော့ မှတ်ချက်ပြုပြောဆိုခြင်းမရှိသေးပါဘူး။ ယူကရိန်းထောက်လှမ်းရေးအဖွဲ့ အက်စ်ဘီယူကတော့ အဲဒီအမျိုးသမီးဟာ ရုရှားဘက်ကို ထောက်လှမ်းရေးသတင်းတွေပို့ဖို့ ကြိုးစားစဉ် ဖမ်းဆီးနိုင်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။ သမ္မတဇီလန်စကီးရဲ့ ခရီးစဉ်မတိုင်မီ အဆိုပါအမျိုးသမီးဟာ သမ္မတရဲ့ အစီအစဉ်တွေကို သိရှိနိုင်ဖို့ ထောက်လှမ်းရေးအချက်အလက်တွေ စုဆောင်းခဲ့ကြောင်း ယူကရိန်းတာဝန်ရှိသူတွေက စွပ်စွဲထားပါတယ်။ သံသယရှိသူသည် ဇူလိုင်လမှာ မစ္စတာဇီလန်စကီးသွားရောက်ခဲ့တဲ့ အိုချာကိဗ်အမည်ရ မြို့ငယ်တွင် နေထိုင်ခဲ့ပြီး စစ်အခြေစိုက်စခန်းတခုရှိ ဆိုင်တဆိုင်မှာ အလုပ်လုပ်ကိုင်ခဲ့ကြောင်း ယူကရိန်းတာဝန်ရှိသူတွေက ထုတ်ဖော်ပြောဆိုပါတယ်။ Ref: BBC Photo:Reuters #voiceofmyanmar #VOM…

Read More
✕
VOM News

FREE
VIEW