သြဂုတ်၂၆ -၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့နယ် ၊ ဇီးကုန်းတိုက်နယ် ၊ ငါးမြောင်ကျေးရွာမှာ မနေ့ သြဂုတ် ၂၅ ရက် မနက် ၂ နာရီဝန်းကျင်က နေအိမ်ထဲမှာ အိပ်ပျော်နေတဲ့ လူ ၅ ဦး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ပစ်သတ်ခံရတဲ့ လူ ၅ ယောက်ကတော့ ဦးသန်းဝင်း ၆၅ နှစ်၊ မခင်စန်းဝင်း ၅၅ နှစ်၊ ဦးကျော်အေး ၆၅ နှစ်၊ ဒေါ်သန်းငွေ ၅၅ နှစ်၊ မကြိုင် ၄၆ နှစ် ၊ အမျိုးသား ၂ ဦးနဲ့ အမျိုးသား ၃ ဦး ပစ်သတ်ခံရတာဖြစ်တယ် “လို့ ငါးမြောင်ရွာနေ ဒေသခံ ပရဟိတသမား(၁)ယောက်က…
Read MoreMonth: August 2023
This Day in History(August26)
This Day in History(August26) Voice of Myanmar ၂၀၀၈ ခုနှစ် သြဂုတ် ၂၆ ရက်တွင် အမေရိကန် ကော်လိုရာဒို၌ပြုလုပ်သော ဒီမိုကရက်တစ်ပါတီညီလာခံတွင် ဒီမိုကရက်တစ်များသည် ဘားရက်ခ်အိုဘားမားကို ပါတီ၏ သမ္မတလောင်းအဖြစ် တရားဝင်အမည်စာရင်းတင်သွင်းခဲ့ပြီး ၎င်းသည် ပထမဆုံးသော အာဖရိကန်-အမေရိကန် သမ္မတလောင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #August26
Read Moreရေစကြိုနယ်မှာ ပြည်သူစစ် ၆ ဦး ပစ်သတ်ခံရ
သြဂုတ်၂၅-၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ဂွေးချိုကျေးရွာမှာရှိတဲ့ ပြည်သူ့စစ် ၆ ယောက်ဟာ ဒီကနေ့ မနက် ၅ နာရီခွဲဝန်းကျင်က လမ်းမှာ ပစ်သတ်ခံရပြီး လက်နက်ခဲယမ်းတွေ ပါသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ” ဒီမနက်က ဂွေးချိုရွာကနေ ၂ မိုင်လောက်ဝေးတဲ့ စည်သာရွာ စံပြစျေးကို စျေးဝယ်သွားတယ် ၊ စျေးက ၅ ရက် တစျေးဆိုတော့ ဒီနေ့က စျေးနေ့ဖြစ်တယ် ၊ စျေးဝယ်သွားတဲ့သူက အမျိုးသား ၇ ယောက်ဖြစ်တယ် ၊ စူပါကာစတန်ကားနဲ့ သွားတယ် ၊ ဂွေးချိုရွာထွက် လမ်း ၃ မိုင်လောက်နေရာမှာ ပစ်ခံရတာပါ “လို့ ဂွေးချို ဒေသခံတယောက်က ပြောပါတယ်။ အဲ့ဒီပစ်ခတ်မှုနဲ့ပတ်သက်လို့ ပခုက္ကူခရိုင် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူ(၁)ယောက်က…
Read MoreVOM ရဲ့ သိပ္ပံနဲ့နည်းပညာ ကဏ္ဍ
-လူ့ဦးနှောက်လို အလုပ်လုပ်နိုင်တဲ့ AI Chip ရဲ့စွမ်းဆောင်ရည် -စက်မှုလုပ်သား လူတူစက်ရုပ်က ဘာတွေစွမ်းဆောင်နိုင်မလဲ -လရဲ့တောင်ဝန်ရိုးစွန်းမှာ အိန္ဒိယလမစ်ရှင် ဘာတွေလေ့လာနေသလဲ မျိုးဆက်(VOM) သြဂုတ်-၂၅-၂၀၂၃ (၁) လူ့ဦးနှောက်လို အလုပ်လုပ်နိုင်စွမ်းရှိတဲ့ ဉာဏ်ရည်တုချစ်ပ်တမျိုး IBM တီထွင်နေ အမေရိကန်အခြေစိုက် နည်းပညာကုမ္ပဏီကြီးတခုဖြစ်တဲ့ IBM ဟာ လူ့ဦးနှောက်ကဲ့သို့ နက်နဲတဲ့အာရုံကြောကွန်ရက်တွေလို စနစ်တွေပါဝင်ပြီး ရှုပ်ထွေးတဲ့တွက်ချက်မှုတွေလုပ်ဆောင်နိုင်တဲ့ အန်နာလော့ ဉာဏ်ရည်တုချစ်ပ်( Analog AI Chip )တမျိုးရဲ့ ရှေ့ပြေးနမူနာကို ထုတ်ဖော်ကြေညာလိုက်ပါတယ်။ ခေတ်မီဆန်းသစ်ထားတဲ့ အဲဒီချစ်ပ်ဟာ ကွန်ပြူတာနဲ့စမတ်ဖုန်းတွေအတွက် သိသိသာသာထိရောက်ပြီး စွမ်းအင်သုံးစွဲမှုလျော့နည်းမယ်လို့ IBM ကဆိုထားပြီး ချစ်ပ်ထဲမှာ အပြန်အလှန်ချိတ်ဆက်ထားတဲ့ AIMC cores ၆၄ လုံးပါဝင်ပါတယ်။ အဲဒီချစ်ပ်ကို IBM ရဲ့ Albany NanoTech Complex မှာဖန်တီးထားတာဖြစ်ပြီး လူ့ဦးနှောက်ရဲ့ အာရုံကြောကွန်ရက်တွေ လည်ပတ်ပုံကိုအခြေခံထားပြီး လုပ်ဆောင်ချက်တခုချင်းစီအလိုက်အလွှာတွေအပြင် ကာလတိုမှတ်ဉာဏ်စနစ်တွေပါ…
Read Moreအီရန်အပေါ် အမေရိကန်ပိတ်ဆို့အရေးယူမှုတွေကို ဘယ်သောအခါမျှ အသိအမှတ်မပြုကြောင်း မလေးရှားပြော
တီဟီရန်၊ သြဂုတ်-၂၅-၂၀၂၃ Voice of Myanmar မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဇမ်ဘရီအဗ္ဗဒူကီဒါက “အီရန်အပေါ် အမေရိကန် ပိတ်ဆို့အရေးယူမှုတွေအပေါ် မိမိတို့အစိုးရရဲ့ ဆန့်ကျင်ကန့်ကွက်ကြောင်း” ထုတ်ဖော်ပြောကြားခဲ့ပြီး မလေးရှားအနေနဲ့ အဲဒီလို ပိတ်ဆို့အရေးယူမှုတွေကို ဘယ်သောအခါမျှ အသိအမှတ်မပြုမှာ မဟုတ်ဘူးလို့ အသိပေးခဲ့ပါတယ်။ အီရန်သမ္မတ အီဘရာဟင်ရိုင်စီနဲ့ ဩဂုတ် ၂၂ ရက်က တီဟီရန်မြို့တော်မှာ တွေ့ဆုံစဉ်အတွင်း ဇမ်ဘရီက “အစ္စလမ်မစ်သမ္မတနိုင်ငံဖြစ်တဲ့ အီရန်ဟာ ဒေသတွင်းနဲ့ မွတ်စလင်ကမ္ဘာအတွင်း မလေးရှားရဲ့ အင်မတန်အရေးကြီးတဲ့မိတ်ဖက်အဖြစ် ဆက်လက်ပြောကြားခဲ့ပါတယ်။ ဩဂုတ်လ ၂၀ ရက်မှ ၂၃ ရက်အထိ တီဟီရန်မြို့တော်သို့ ရောက်ရှိခဲ့တဲ့ သူ့ရဲ့ ခရီးစဉ်အတွင်း အီရန်အစိုးရအရာရှိတွေနဲ့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေကိုလည်း သူက အသိအမှတ်ပြုပြောကြားခဲ့ပါတယ်။ ဇမ်ဘရီက အထူးသဖြင့် စိုက်ပျိုးရေး၊ ဆေး၊ သိပ္ပံနဲ့ နည်းပညာနယ်ပယ်တွေမှာ နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်အောင် ပူးပေါင်းသွားကြဖို့ ထပ်မံတောင်းဆိုခဲ့ပါတယ်။ သမ္မတ…
Read Moreအိန္ဒိယ-တရုတ် အငြင်းပွားဖွယ်နယ်စပ်မှာ တင်းမာမှုများလျှော့ချဖို့ မိုဒီနဲ့ ရှီကျင်းပင် သဘောတူ
ဒေလီ၊ သြဂုတ်-၂၅-၂၀၂၃ မျိုးဆက်(VOM) အငြင်းပွားဖွယ်နယ်စပ်ဒေသတလျှောက်မှာ တင်းမာမှုတွေကို လျှော့ချဖို့ တရုတ်သမ္မတရှီကျင်းပင်နဲ့ အိန္ဒိယဝန်ကြီးချုပ်မိုဒီတို့ သဘောတူခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ အိန္ဒိယဝန်ကြီးချုပ် မိုဒီနဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ဟာ တောင်အာဖရိကမှာ ကျင်းပနေတဲ့ ဘရစ်အုပ်စု ထိပ်သီးဆွေးနွေးပွဲပြင်ပမှ သြဂုတ် ၂၄ ရက်က ဆွေးနွေးခဲ့ပြီး သဘောတူခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အင်အားကြီး အိန္ဒိယနဲ့တရုတ်နိုင်ငံတို့ဟာ ဟိမဝန္တာဒေသမှာ အရှည် ၂၁၀၀မိုင်အရှည်ရှိ နယ်စပ်ချင်းထိစပ်နေကြပြီး နှစ်ဘက်တပ်ဖွဲ့ဝင်တွေအကြား လူသေဆုံးစေတဲ့ထိ ပဋိပက္ခတွေဖြစ်ပွားခဲ့ဖူးပါတယ်။ အိန္ဒိယ-တရုတ်ဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရေးအတွက် နယ်စပ်ဒေသမှာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့နဲ့ ပိုင်းခြားထားတဲ့နယ်စပ်မျဉ်းကို လေးစားလိုက်နာဖို့ မဖြစ်မနေလိုအပ်ကြောင်း ဝန်ကြီးချုပ်မိုဒီက တရုတ်သမ္မတကို ပြောကြားခဲ့ောကာင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ထုြတ်ပန်ပါတယ်။ မိုဒီရဲ့တောင်းဆိုချက်အရ တွေ့ဆုံဆွေးနွေးခဲ့ခြင်းဖြစ်ကြောင်း တရုတ်နိုင်ငံက ထုတ်ပြန်ထားပါတယ်။ အိန္ဒိယနဲ့ တရုတ်နိုင်ငံတို့အကြားဆက်ဆံရေးဟာ ဆယ်စုနှစ်သုံးခုကျော်ကြာဆိုးရွားနေခဲ့ပါတယ်။ Ref: BBC #voiceofmyanmar #VOM #IndiaAndChinaAgree #ToDe-escalate’…
Read Moreဝမ်ပေါင်ကုမ္မဏီဆီ အလုပ်လျှောက်ဖို့လာတယ်ဆိုတဲ့ လူ ၁၄ ယောက်ကို ဒေသတွင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့က ဖမ်းဆီးစစ်ဆေးနေ
သြဂုတ် ၊ ၂၅ ၊ ၂၀၂၃ SP ( VOM) စစ်ကိုင်းတိုင်း ၊ ယင်းမာပင်ခရိုင် ၊ ဆားလင်းကြီးမြို့နယ်မှာရှိတဲ့ တရုတ် ကြေးနီထုတ်လုပ်ရေး ဝမ်ပေါင်ကုမ္မဏီဆီ အလုပ်လျှောက်ထားဖို့ သွားရောက်တယ်ဆိုတဲ့ လူ ၁၄ ယောက်ကို ဆားလင်းကြီးမြို့နယ်အတွင်းရှိ ချင်းတွင်းဂဠုန်ရာဇာ(CGYDF)အဖွဲ့က မနေ့ သြဂုတ် ၂၄ ရက် ညပိုင်းမှာ ဖမ်းဆီးထားတယ်လို့ လူမှုကွန်ယက်မှာ သတင်းထုတ်ပြန်ထားတာကို တွေ့ရပါတယ်။ ” အဖမ်းခံရတယ်ဆိုတဲ့ လူ ၁၄ ယောက်စလုံးက ကုမ္မဏီဝန်ထမ်းတွေ မဟုတ်ဘူး ၊ အလုပ်လျှောက်ဖို့ လာတဲ့ လူသစ်တွေဖြစ်တယ် ၊ အဆက်အသွယ် ရတာမျိုး မရှိပါဘူး”လို့ ဝမ်ပေါင်ကုမ္မဏီနဲ့ နီးစပ်သူတယောက်က ပြောပါတယ်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ဆားလင်းကြီးမြို့ခံ(၁)ယောက်က “အဖမ်းခံရတဲ့ လူ ၁၄ ယောက်က ဧရာဝတီတိုင်း ၊ သာပေါင်းမြို့နယ်က လူတွေဖြစ်တယ်လို့…
Read Moreယနေ့ ရွှေဈေး (သြဂုတ်-၂၅ ရက်)
ယနေ့ ရွှေဈေး (သြဂုတ်-၂၅ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၁၄ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၈၃၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၇၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၆၀၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၆၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #August25th
Read Moreရုရှားနိုင်ငံ မော်စကိုနဲ့ ကရိုင်းမီးယားဒေသကို ယူကရိန်းက ဒုံးကျည်၊ မောင်းသူမဲ့လေယာဉ် ၄၂ စင်းနဲ့တိုက်ခိုက်
မော်စကို၊ သြဂုတ်-၂၅-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းဟာ ရုရှားနိုင်ငံ မြို့တော်မော်စကိုသို့ ဒုံးကျည်တစင်းနဲ့ ပစ်ခတ်ခဲ့ပြီး ကရိုင်းမီးယားကျွန်းဆွယ်မှာလည်း ဒရုန်း ၄၂ စင်းနဲ့တိုက်ခိုက်ခဲ့ကြောင်း ရုရှားက သြဂုတ် ၂၅ ရက်မှာ ပြောဆိုလိုက်ပါတယ်။ မော်စကိုဒေသနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ကလူဂါဒေသကို ဖြတ်ကျော်ပံျသန်းလာတဲ့ ပြုပြင်ထားတဲ့ အက်စ်-၄၀၀ ဒုံးကျည်ကို ပစ်ချနိုင်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ ကလူဂါဒေသဟာ မော်စကိုကနေ ကီလိုမီတာ ၂၀၀ သာကွာဝေးပါတယ်။ အဲဒီဒုံးကျည်ကို ရုရှားလေကြောင်းရန် ကာကွယ်ရေးစနစ်က ထောက်လှမ်းမိပြီး ပစ်ချခဲ့တာလို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။ အဲဒီဖြစ်စဉ်ကြောင့် ထိခိုက်သေဆုံးမှုမရှိကြောင်း ရုရှားတာဝန်ရှိသူတွေက ပြောပါတယ်။ ဒါ့အပြင် ရုရှားက ၂၀၁၄ ခုနှစ်မှာ သိမ်းပိုက်ခဲ့တဲ့ ကရိုင်းမီးယားဒေသကိုလည်း ယူကရိန်းက မောင်းသူမဲ့လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့ပြီး လေယာဉ်ကိုစင်းကို လေကြောင်းရန်ကာကွယ်ရေးစနစ်က ပစ်ချခဲ့ပြီး ကျန် ၃၃ စင်းကတော့ အီလက်ထရွန်းနစ်စနစ်နဲ့ ဖျက်ဆီးခဲ့တာကြောင့်…
Read MoreThis Day in History(August25)
This Day in History(August25) Voice of Myanmar လကမ္ဘာပေါ်သို့ ပထမဆုံးခြေချနိုင်ခဲ့သော အမေရိကန်အာကာသယာဉ်မှူး နေးလ်အမ်းစထရောင်းသည် အသက် ၈၂ နှစ်အရွယ် ၂၀၁၂ ခုနှစ် သြဂုတ် ၂၅ ရက်တွင် ကွယ်လွန်ခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory # August25
Read More