မြိုင်မှာ အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားပြီး ဆရာ/ဆရာမ ၁၁ ယောက် ဖမ်းခံရ

စက်တင်ဘာ ၊ ၂ ၊ ၂၀၂၃ SP (VOM) မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ မြိုင်မြို့ ပေါ်မှာရှိတဲ့ မြို့နယ် ထွေ/ အုပ်ရုံးနဲ့ မြို့မရဲစခန်းနေရာမှာ ဒီကနေ့ မနက် ၈ နာရီဝန်းကျင်က တစ်နာရီ နီးပါး အပြန်အလှန် ပစ်ခတ်မှုတွေဖြစ်ပွားပြီးနောက် ကျောင်းဆရာ/ဆရာမ ၁၁ ယောက် ဖမ်းဆီးခံရတယ်လို့ မြိုင်မြို့ခံတွေဆီက သိရပါတယ်။ ” ဒီမနက် ၈ နာရီ ဝန်းကျင်မှာ ကိုင်းတောမရွာဘက်ကနေ အမည်မသိ လက်နက်ကိုင်အဖွဲ့တွေက မြိုင်မြို့ ၊ အမှတ် ၃ ရပ်ကွက်ထဲကို ကား ၃ စီးနဲ့ ဝင်ရောက်လာပြီး အမှတ် ၃ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင်မောင်သန်းရဲ့နေအိမ်ကို မီးရှို့ဖျက်ဆီးသွားတယ် ၊ အဲ့ဒီအပြင် ရွာခံ ဦးမြဝင်းနဲ့ ကိုမျိုးဆိုသူ ၂…

Read More

မန္တလေးမြို့မှာ ဆိုင်ကယ်ပွဲစားတန်းဥက္ကဌ ပစ်သတ်ခံရမှုဖြစ်ပွား

စက်တင်ဘာ၊ ၂ -၂၀၂၃ MM(VOM) မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ ၅၉လမ်း နဲ့ ၁၁၀ အေလမ်းထောင့်မှာ အမျိုးသား(၁)ဦး ပစ်သတ်ခံရပြီး လမ်းဘေး ဈေးရောင်းနဲ့တဲ့ အမျိုးသမီး (၁)ဦးလည်း ကျည်ဆန်မှန် ဒဏ်ရာတွေ ရခဲ့တဲ့ဖြစ်စဉ် ဒီကနေ့ မနက်ပိုင်းကဖြစ်ပွားခဲ့တယ်လို့ ရဲနဲ့နီးစပ်သူတွေဆီကနေ သိရပါတယ်။ သေနတ်နဲ့ ပစ်သတ်ခံရပြီး သေဆုံးသူဟာ ၅၉လမ်း ဆိုင်ကယ်ပွဲစားတန်း ဥက္ကဌ အသက်(၆၂)နှစ်အရွယ် ဦးမော်ကြီးဆိုသူဖြစ်ပြီး ဒဏ်ရာရသူကတော့ ဝက်သားရောင်းနေတဲ့ အမျိုးသမီးဖြစ်တယ်လို့ သိရပါတယ်။ ” ၅၉လမ်းပေါ်ကနေ လူနှစ်ယောက်စီးလာတဲ့ ဆိုင်ကယ်ပေါ်ကနေ ပစ်သွားတာ၊ ဦးမော်ကြီးကတော့ နေရာတင် ဆုံးသွားပါတယ်၊ အဲ့ဒီနားမှာ ဝက်သားရောင်းတဲ့ အမျိုးသမီးလည်း ကျည်မှန်တဲ့ ဒဏ်ရာတွေရတယ်၊ သူ့ကိုတော့ ဆေးရုံပို့ပြီး ဆေးကုနေရပါတယ်၊ ဘာကြောင့်အပစ်ခံရတာလဲဆိုတာတော့ သက်ဆိုင်ရာက စုံစမ်းနေဆဲပါ”လို့ ရဲနဲ့နီးစပ်သူ(၁)ဦးကပြောပါတယ်။ ‘အနီးရှိ ဒေသခံ တစ်ဦးကလည်း “ဦးမော်ကြီးကဆိုင်ကယ် အရောင်းအဝယ်လုပ်နေတဲ့လူလေ၊…

Read More

ယူကရိန်းသမ္မတဇီလန်စကီး ကုလအထွေထွေညီလာခံ လူကိုယ်တိုင်တက်ရောက်ဖွယ်ရှိနေ

ကိယက်ဗ်၊ စက်တင်ဘာ-၂-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းသမ္မတ ဇီလန်စကီးဟာ ယခုလနှောင်းပိုင်းမှာကျင်းပမယ့် ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးတွေကို လူကိုယ်တိုင်တက်ရောက်ဖို့ နယူးယောက်ကို သွားဖွယ်ရှိနေပါတယ်။ ယူကရိန်းအခြေအနေတွေကို ဆွေးနွေးဖို့အတွက် ထိပ်သီးအဆင့်ဆွေးနွေးပွဲကို စက်တင်ဘာ ၂၀ ရက်မှာပြုလုပ်မယ်လို့ အယ်လ်ဘေးနီးယားဆိုင်ရာ ကုလသမဂ္ဂသံအမတ်ကြီး ဖီရစ်ဟော့စ်ဟာက ပြောပါတယ်။ အယ်လ်ဘေးနီးယားဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့ အလှည့်ကျဥက္ကဌအဖြစ် ယခုလအတွက် တာဝန်ယူထားပါတယ်။ ကုလသမဂ္ဂအစည်းအဝေးတွေကို ယူကရိန်းသမ္မတ ဇီလန်စကီးတက်ရောက်ဖို့ သေချာသလောက်ဖြစ်ကြောင်း ဖီရစ်ဟော့စ်ဟာကပြောပါတယ်။ ယူကရိန်းသမ္မတဇီလန်စကီးဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဂူတာရက်စ်နဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ အယ်လ်ဘေးနီးယားသံအမတ်ကြီးကပြောပါတယ်။ ဇီလန်စကီးဟာ ကုလသမဂ္ဂအထွေထွေညီလာခံမှာ မိန့်ခွန်းပြောမှာဖြစ်ပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလမှာ ယူကရိန်းကို ရုရှားကကျူးကျော်တိုက်ခိုက်ပြီးနောက်ပိုင်း ကုလသမဂ္ဂအထွေထွေညီလာခံနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးတွေကို ယူကရိန်းသမ္မတဇီလန်စကီး ပထမဆုံးအကြိမ် တက်ရောက်မှာလည်းဖြစ်ပါတယ်။ Ref: NHK Photo:Bloomberg #voiceofmyanmar #VOM #ZelenskyyExpected #toAttendUN meetings #inNewYork #inperson

Read More

အိန္ဒိယအာကာသအေဂျင်စီရဲ့ ပထမဆုံးနေလေ့လာရေးမစ်ရှင် အောင်မြင်စွာလွှတ်တင်

ဒေလီ၊ စက်တင်ဘာ-၂-၂၀၂၃ မျိုးဆက်(VOM) အိန္ဒိယနိုင်ငံဟာ လကမ္ဘာရဲ့တောင်ဝန်ရိုးစွန်းကို ကမ္ဘာ့ပထမဆုံးဆင်းသက်နိုင်ပြီးနောက် ရက်အနည်းငယ်အကြာမှာတော့ ပထမဆုံးသော နေစူးစမ်းလေ့လာရေးမစ်ရှင်ကို စက်တင်ဘာ ၂ ရက်မှာ အောင်မြင်စွာ လွှတ်တင်လိုက်ပါတယ်။ အဒစ်ယာ-အယ်လ်၁ စူးစမ်းလေ့လာရေးယာဉ်ကို စက်တင်ဘာ ၂ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၅၀ မိနသ်အချိန်မှာ ဆရီဟာရီကိုတာ လွှတ်တင်ရေးစခန်းကနေ လွှတ်တင်ခဲ့ခြင်းဖြစ်ကြောင်း အိန္ဒိယအာကာသအေဂျင်စီက ထုတ်ပြန်ထားပါတယ်။ နေစူးစမ်းလေ့လာရေးယာဉ်ဟာ ကမ္ဘာမြေကနေ ကီလိုမီတာ ၁ ဒသမ ၅ သန်းအကွာကနေ နေကိုစူးစမ်းလေ့လာမှုတွေ ပြုလုပ်သွားမည်ဖြစ်ပြီး အဲဒီနေရာကို ရောက်ရှိနိုင်ဖို့ အချိန်လေးလကြာမြင့်မယ်လို့ အိန္ဒိယအာကာသအေဂျင်စီက ပြောပါတယ်။ အဒစ်ယာ-အယ်လ်၁ ဟာ အဲဒီနေရာကို ရောက်ရှိပြီးနောက်မှာ နေကို ကမ္ဘာနဲ့တူတဲ့နှုန်းနဲ့ လှည့်ပတ်နိုင်မှာဖြစ်ပြီး အဲဒီလိုလှည့်ပတ်နိုင်ဖို့ လောင်စာအနည်းငယ်သာလိုအပ်မှာဖြစ်ပါတယ်။ အဲဒီမစ်ရှင်နဲ့ပတ်သက်ပြီး ကုန်ကျစရိတ်ကို အိန္ဒိယအာကာသအေဂျင်စီက ထုတ်ဖော်ကြေညာခြင်းမရှိပေမယ့်လည်း ဒေါ်လာ ၄၆ သန်းကုန်ကျခဲ့ကြောင်း…

Read More

အာဆီယံ-ဂျပန် အထူးထိပ်သီးဆွေးနွေးပွဲ တိုကျိုမှာ ကျင်းပဖို့ ဂျပန်အစိုးရဆုံးဖြတ်

တိုကျို၊ စက်တင်ဘာ-၂-၂၀၂၃ မျိုးဆက်(VOM) ဂျပန်နိုင်ငံဟာ အာဆီယံအဖွဲ့နဲ့ အထူးထိပ်သီးဆွေးနွေးပွဲကို လာမယ့်ဒီဇင်ဘာလမှာ လက်ခံကျင်းပသွားမှာဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့အစည်းအဝေးမှာ အတည်ပြု ဆုံးဖြတ်လိုက်ပါတယ်။ အာဆီယံ-ဂျပန် ပူးပေါင်းဆောင်ရွက်မှု နှစ် ၅၀ ပြည့်အထိမ်းအမှတ်အဖြစ် ကျင်းပမ့် အထူးအစည်းအဝေးကို ဒီဇင်ဘာ ၁၆ ရက်ကနေ ၁၈ ရက်ထိ တိုကျိုမှာကျင်းပသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီအထူးအစည်းအဝေးမှာ ဂျပန်ဝန်ကြီးချုပ် ကီရှီဒါဟာ ဒေသတွင်းရေးရာ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းတွေအပါအဝင် အခြားအကြောင်းအရာများကို အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေနဲ့ ဆွေးနွေးသွားမှာဖြစ်ကြောင်း ဂျပန်အစိုးရအဖွဲ့ အတွင်းရေးမှူး မက်ဆူနိုဟီရိုကာဇူက ပြောပါတယ်။ ဒါ့အပြင် ဝန်ကြီးချုပ်ကီရှီဒါဟာ လာမယ့်သီတင်းပတ်မှာကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲတက်ရောက်ဖို့ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်မှာဖြစ်ပြီး ဒီဇင်ဘာထိပ်သီးဆွေးနွေးပွဲအတွက် ဖြစ်နိုင်ခြေရှိတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေကို အာဆီယံခေါင်းဆောင်တွေနဲ့ ဆွေးနွေးဖွယ်ရှိနေပါတယ်။ အင်ဒိုနီးရှားမှာကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲကို တရုတ်ဝန်ကြီးချုပ်လီချန်းလည်း တက်ရောက်မှာဖြစ်ပြီး အစည်းအဝေးကို စက်တင်ဘာ ၅ ရက်ကနေ ၈ ရက်ထိ…

Read More

နျူကလီယား သယ်ဆောင်ပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်အမျိုးအစားသစ် ရုရှားဖြန့်ကြက်

မော်စကို၊ စက်တင်ဘာ-၂-၂၀၂၃ မျိုးဆက်(VOM) ရုရှားနိုင်ငံဟာ တိုက်ချင်းပစ်ဒုံးကျည် အမျိုးအစားသစ်ကို နိုင်ငံတွင်းမှာ ဖြန့်ကြက်ချထားလိုက်ပြီဖြစ်ကြောင်း ရုရှားအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ ဆာမက်လို့ လူသိများတဲ့ အဲဒီတိုက်ချင်းပစ်ဒုံးကျည်တွေကို တိုက်ခိုက်ရေးတာဝန်ထမ်းဆောင်ဖို့ ထည့်သွင်းလိုက်ပြီဖြစ်ကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ချင်းပစ်ဒုံးကျည်အမျိုးအစားသစ်နဲ့ပတ်သက်ပြီး သမ္မတပူတင်က ပြီးခဲ့တဲ့တနှစ်တာကာလကတည်းက ပြောဆိုခဲ့ပြီး များမကြာမီကာလအတွင်းမှာ အသုံးပြုဖို့ အဆင့်သင့်ဖြစ်ပြီလို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။ ဆာမက်တိုက်ချင်းပစ်ဒုံးကျည်ဟာ နျူကလီးယားထိပ်ဖူးတွေကို သယ်ဆောင်နိုင်ပြီး ခေတ်မီဒုံးကျည်ကာကွယ်ရေးစနစ်အားလုံးကို ကျော်လွှားနိုင်ပြီး ပြည်ပခြိမ်းခြောက်မှုတွေကို ကာကွယ်ရေးမှာ အကူအညီၤဖြစ်စေကြောင်း ပူတင်ကပြောပါတယ်။ ယူကရိန်းစစ်မြေပြင်မှာ ရုရှားရဲ့ဆုံးရှုံးမှုတွေ တိုးပွားလာချိန်မှာ နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ရုရှားဘက်က မကြာခဏပြောဆိုမှုတွေရှိနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ယူကရိန်းအရှေ့တောင်ဘက်က နယ်မြေအချို့ကို ရုရှားလက်ကနေ ယူကရိန်းစစ်တပ်က ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။ Ref: NHK #voiceofmyanmar #VOM #RussiaNewICBM #deployed #ForCombatDuty

Read More

ယနေ့ ရွှေဈေး (စက်တင်ဘာ-၂ ရက်)

ယနေ့ ရွှေဈေး (စက်တင်ဘာ-၂ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၄၀ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၇၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၂၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၆၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၁၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #September2nd

Read More

ရန်ကုန်မှာ ကျပ် သိန်း ၃၀၀ အောက် တိုက်ခန်း ရှားပါးလာ

စက်တင်ဘာ ၂ – ၂၀၂၃ SN (VOM) ရန်ကုန်မြို့တွင်း အိမ်ခြံမြေစျေးတွေ မြင့်တက်လာတာတဲ့အတွက် မြို့စွန်ပိုင်းက တိုက်ခန်းတွေ အရောင်းအဝယ် ကောင်းလာပြီး တိုက်ခန်းဈေးနှုန်း ကျပ် သိန်း ၃၀၀ အောက် ရှားပါးလာတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။ ရန်ကုန်မြို့စွန်မှာရှိတဲ့ တိုက်ခန်းစျေးနှုန်းတွေဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်က ကျပ် သိန်း ၂၀၀ စွန်းစွန်းသာ ရှိခဲ့ရာမှ အခု ၂၀၂၃ ခုနှစ်အတွင်းမှာ အဲ့ဒီ့တိုက်ခန်းတွေရဲ့ဈေးနှုန်းဟာ ကျပ် သိန်း ၃၀၀ ကနေ ကျပ် သိန်း ၅၀၀ ဝန်းကျင်အထိ ခုန်တက်လာပြီး ကားဈေးနဲ့ တွက်ရင် တိုက်ခန်းတွေက အကျိုးအမြတ် ပိုခိုင်မာမှုရှိတဲ့အတွက် အရောင်းအဝယ် ပိုဖြစ်နေတယ်လို့ သိရပါတယ်။ “အခုက မြို့စွန်ပိုင်းက တိုက်ခန်းတွေက ပိုပြီးအဝယ်လိုက်နေတယ်။ များသောအားဖြင့် ကိုယ်တိုင်နေဖို့ထက် အငှားပြန်ချဖို့ဝယ်ကြတာ။ ရင်းနှီးမြှုပ်နှံမှုသဘောမျိုးအနေနဲ့ပဲ…

Read More

This Day in History

This Day in History Voice of Myanmar ဒုတိယကမ္ဘာစစ်အဆုံးသတ်ရေး အဓိကခြေလှမ်းဖြစ်သည့် ဂျပန်က တရားဝင်လက်နက်ချရေးအတွက် သဘောတူညီချက်ကို ဂျပန်နိုင်ငံခြားရေးဝန်ကြီး ရှီဂီမစ်ဆုမာမိုရူနှင့် စစ်ဗိုလ်ချုပ် အူမီဇူယိုရှီဂျီရိုတို့က အမေရိကန်စစ်သင်္ဘော ယူအက်စ်အက်စ်မစ်ဆူရီပေါ်တွင် ၁၉၄၅ ခုနှစ် စက်တင်ဘာ ၂ ရက်က လက်မှတ်ရေးထိုးးခဲ့ကြသည်။ #voiceofmyanmar #VOM #ThisDayInHistory #September2nd

Read More

နန်းရှေ့တင်က မန္တလေးသဘင်ကွ ပြောပြောပြသူ တစ်ပြည်မူ

ဆူးငှက်   “ခရာ… သံစုံ၊ ကျူးကျော်ညံဟုန်… စကြာပန်းညို၊ ပန်းနီ၊ ပန်းပြာ…၊ ပန်းဝါ…၊ ဪ… ပါတဲ့နေရာ တောကွဲ့ဟေမဝါ၊ ရွှေပြည်စိုး…၊ ရွှေပြည်စိုး…၊ ရွှေပြည်စိုး… လွမ်းပိုဖွယ်ရာ…”   တစ်ခေတ်တစ်ခါက ပြည်သူချစ်သော အနုပညာသည်ကြီးတစ်ဦးဖြစ်တဲ့ အငြိမ့်မင်းသမီး လေဘာတီမမြရင်က ၁၂၆၆ ခုနှစ်၊တော်သလင်းလမှာ မွေးဖွားတော့ ခရစ်နှစ်အလိုအရ ၁၉၀၄ ခုနှစ် စက်တင်ဘာ၊ အောက်တိုဘာလတွေမှာပေါ့ဗျာ။ ဒီတော့၂၀၀၄ခုနှစ်မှာ လေဘာတီ မမြရင် အနှစ် ၁၀၀ ပြည့်ခဲ့တာပေါ့။ ဒီတော့ အငြိမ့်နဲ့မွေး၊ အငြိမ့်နဲ့ကြီး၊ အငြိမ့်နဲ့ ရင်ခုန်၊ အငြိမ့်နဲ့မွေ့လျော်ခဲ့ကြတဲ့ မန္တလေးသားတွေအဖို့ ရင်ထဲ နှလုံးသားထဲမှာ အငြိမ့်လွမ်းဝေဒနာတွေ ဆူဝေနေဆဲမို့ လေဘာတီမမြရင် ရာပြည့်အခါသမယကို ဘယ့်နှယ် မသိလိုက် မသိဘာသာ ကျော်ဖြတ်သွားကြပါမလဲ။   ဒီတော့”လေဘာတီမမြရင် နှစ်တရာပြည့်”ကို ဘယ်လို အထိမ်းအမှတ်ပြုကြမလဲ ဆိုတာ ခေါင်းချင်းဆိုင်မိကြတာပေါ့။…

Read More
VOM News

FREE
VIEW