နျူကလီယား သယ်ဆောင်ပစ်ခတ်နိုင်တဲ့ တိုက်ချင်းပစ်ဒုံးကျည်အမျိုးအစားသစ် ရုရှားဖြန့်ကြက်

မော်စကို၊ စက်တင်ဘာ-၂-၂၀၂၃
မျိုးဆက်(VOM)

ရုရှားနိုင်ငံဟာ တိုက်ချင်းပစ်ဒုံးကျည် အမျိုးအစားသစ်ကို နိုင်ငံတွင်းမှာ ဖြန့်ကြက်ချထားလိုက်ပြီဖြစ်ကြောင်း ရုရှားအာဏာပိုင်တွေက ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

ဆာမက်လို့ လူသိများတဲ့ အဲဒီတိုက်ချင်းပစ်ဒုံးကျည်တွေကို တိုက်ခိုက်ရေးတာဝန်ထမ်းဆောင်ဖို့ ထည့်သွင်းလိုက်ပြီဖြစ်ကြောင်း အာဏာပိုင်တွေက ထုတ်ပြန်ထားပါတယ်။

အဲဒီတိုက်ချင်းပစ်ဒုံးကျည်အမျိုးအစားသစ်နဲ့ပတ်သက်ပြီး သမ္မတပူတင်က ပြီးခဲ့တဲ့တနှစ်တာကာလကတည်းက ပြောဆိုခဲ့ပြီး များမကြာမီကာလအတွင်းမှာ အသုံးပြုဖို့ အဆင့်သင့်ဖြစ်ပြီလို့ ထုတ်ဖော်ပြောဆိုခဲ့ဖူးပါတယ်။

ဆာမက်တိုက်ချင်းပစ်ဒုံးကျည်ဟာ နျူကလီးယားထိပ်ဖူးတွေကို သယ်ဆောင်နိုင်ပြီး ခေတ်မီဒုံးကျည်ကာကွယ်ရေးစနစ်အားလုံးကို ကျော်လွှားနိုင်ပြီး ပြည်ပခြိမ်းခြောက်မှုတွေကို ကာကွယ်ရေးမှာ အကူအညီၤဖြစ်စေကြောင်း ပူတင်ကပြောပါတယ်။

ယူကရိန်းစစ်မြေပြင်မှာ ရုရှားရဲ့ဆုံးရှုံးမှုတွေ တိုးပွားလာချိန်မှာ နျူကလီးယားလက်နက်တွေနဲ့ပတ်သက်ပြီး ရုရှားဘက်က မကြာခဏပြောဆိုမှုတွေရှိနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ယူကရိန်းအရှေ့တောင်ဘက်က နယ်မြေအချို့ကို ရုရှားလက်ကနေ ယူကရိန်းစစ်တပ်က ပြန်လည်သိမ်းယူနိုင်ခဲ့ပါတယ်။

Ref: NHK
#voiceofmyanmar #VOM #RussiaNewICBM #deployed #ForCombatDuty

Related posts

Leave a Comment

VOM News

FREE
VIEW