လှိုင်သာယာမှာ ကလေးငယ် ၁ ဦး အပါအဝင် ၃ လောင်းပြိုင် လူသတ်မှုဖြစ်ပွား

စက်တင်ဘာ ၊ ၄ ၊ ၂၀၂၃ SP + SN (VOM) ရန်ကုန်တိုင်း ၊ လှိုင်သာယာအနောက်ပိုင်းမြို့နယ်၊ အမှတ် ၁၈ ရပ်ကွက်၊ အနန္တသူရိယလမ်းရှိ နေအိမ်တခုမှာ ဒီကနေ့ နေ့လယ် ၁ နာရီဝန်းကျင်က မိသားစုလိုက် ၃ လောင်းပြိုင် လူသတ်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအဖွဲ့တွေဆီက သိရပါတယ်။ ” သေဆုံးသူတွေက သူ့တို့နေအိမ်ထဲမှာပဲ အသတ်ခံရတာဖြစ်တယ် ၊ အိမ်ရှင် ဦးဌေးလွင် ၅၉ နှစ် ၊ သူ့မိန်းမ ဒေါ်စုလှိုင်ဝင်း ၅၂ နှစ်နဲ့ သူ့ရဲ့သား မောင်ဖြိုးမြတ်ကိုကို ၉ နှစ် တို့ အသတ်ခံရတာဖြစ်တယ် ၊ ထိုးသွင်း ပြတ်ရှဒဏ်ရာတွေနဲ့ သေဆုံးနေတာ”လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။ အဲ့ဒီဖြစ်စဥ်နဲ့ ပတ်သက်ပြီး လှိုင်သာယာမြို့နယ် လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတယောက်က…

Read More

မူဆယ်မှာ တရုတ် – မြန်မာ (၇)ရက်တာ နယ်စပ်ဖြတ်ကျော်ခွင့်ကဒ် စထုတ်ပေး

စက်တင်ဘာ ၄၊ ၂၀၂၃ Shy V(VOM) ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ ဆင်ဖြူပေါက်မှာ တရုတ် – မြန်မာ နယ်စပ်ဖြတ်ကျော်ခွင့် ၇ ရက်ကဒ်ကို ဒီကနေ့ စက်တင်ဘာ ၄ ရက်နေ့ နေ့လယ်ပိုင်းက စတင်ထုတ်ပေးနေပြီ ဖြစ်တယ်လို့ မူဆယ်ခရိုင် ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနကနေ သိရပါတယ်။ “လုပ်ပေးပြီ ၁၂ နာရီ ကတည်းက။ တစ်ခါ သုံးကဒ်ပေါ့နော်။ ၆ ညအိပ် ၇ ရက်ရပြီ၊ ကုန်သွယ်ရေးကားသမားတွေကလည်း ဒီ ၇ ရက် ၁ ပတ် ကဒ်နဲ့ သုံးရမှာ၊ ၁၃/ တခုတည်း မဟုတ်ဘဲ မြန်မာနိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်သူတွေ အကုန်လုံးရပြီး ဒီနေ့ အစမ်းဝင်တဲ့သူ‌တွေက တစ်ထောင်ကျပ်ပဲ”လို့ မူဆယ်ခရိုင် ပြန်/ဆက်ဦးစီးဌာန ဌာနမှူး ဦးအယ်စိုးထန်တူးက VOM ကို ပြောပါတယ်။…

Read More

ဆူဒန်စစ်တပ်က လေကြောင်းတိုက်ခိုက်လို့ မြို့တော်ခါတွမ်မှာ လူ (၂၀) ထက်မနည်းသေဆုံး

ခါတွမ်၊ စက်တင်ဘာ-၅-၂၀၂၃ မျိုးဆက်(VOM) ဆူဒန်နိုင်ငံ မြို့တော်ခါတွမ်ကို ဆူဒန်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် လူ ၂၀ ထက်မနည်းသေဆုံးခဲ့ကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။ ခါတွမ်အနောက်တောင်ပိုင်းရှိ ကာလက်ခ်လာအယ်လ်ကူးဘား ဒေသမှာ ဖြစ်ပွားခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးသူအများအပြားဟာ အပျက်အစီးတွေအောက်မှာ ထိခိုက်သေဆုံးခဲ့ကြောင်း တက်ကြွလှုပ်ရှားသူတွေက ဆိုပါတယ်။ စက်တင်ဘာ ၃ ရက်က မြို့ရဲ့နေရာအတော်များများမှာ လက်နက်ကြီး၊ ဒုံးကျည်တွေနဲ့ တိုက်ခိုက်မှုတွေရှိခဲ့ကြောင်း သူတို့ကဆိုပါတယ်။ ဆူဒန်စစ်တပ်နဲ့ အာအက်စ်အက်ဖ် ပြည်သူ့စစ်တို့အကြား ဧပြီလမှစတင်တဲ့တိုက်ပွဲတွေကြောင့် လူရာပေါင်းများစွာ သေဆုံးခဲ့ကြပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပြည်သူ ၁၁၀၀ ကျော်သေဆုံးခဲ့ပြီး အမှန်တကယ်သေဆုံးမှု ပမာဏဟာ ထုတ်ပြန်ထားတာထက် ပိုမိုများပြားနိုင်ကြောင်း ဆူဒန်ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ ပဋိပက္ခတွေကြောင့် ဆူဒန်ပြည်သူ ၂ ဒသမ ၂ သန်းကျော် အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ကြရပြီး ပြည်သူတသန်းခွဲကျော်ဟာ အိနီးချင်းနိုင်ငံတွေမှာ ခိုလှုံနေကြရကြောင်း ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။ Ref:BBC…

Read More

မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်တွေ ပြန်လည်သုံးသပ်ပြီး ထိပ်သီးဆွေးနွေးပွဲမှာ အကြံပြုချက် တင်ပြဖို့ အာဆီယံ စီစဉ်

ဂျကာတာ၊ စက်တင်ဘာ-၄-၂၀၂၃ မျိုးဆက်(VOM) မြန်မာနိုင်ငံရေးအကျပ်အတည်းနဲ့ပတ်သက်ပြီး အာဆီယံရဲ့ ငြိမ်းချမ်းရေးအစီအစဉ် ဘုံသဘောတူညီချက်ငါးရပ်ကို မြန်မာဘက်က အကောင်အထည်ဖော်မှုနည်းပါးတဲ့အပေါ် အာဆီယံသံတမန်တွေက ပြန်လည်သုံးသပ်သွားမှာဖြစ်ကြောင်း သိရပါတယ်။ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေဟာ မြန်မာ့အရေး၊ တောင်တရုတ်ပင်လယ်အရေးနဲ့ဒေသတွင်း စီးပွားရေး၊ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေအပါအဝင် အခြားရေးရာတွေကို ဆွေးနွေးဖို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ တွေ့ဆုံနေကြပါတယ်။ ခေါင်းဆောင်တွေရဲ့ ညွှန်ကြားမှုအတိုင်း မြန်မာ့အရေး အာဆီယံဘုံသဘောတူညီချက်တွေကို ကျယ်ကျယ်ပြန့်ပြန့် ပြန်လည်သုံးသပ်ပြီး အာဆီယံခေါင်းဆောင်တွေရဲ့ ဆွေးနွေးညှိနှိုင်းမှုတွေအတွက် အကြံပြုချက်တခု တင်ပြသွားမှာဖြစ်ကြောင်း အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆူဒီက ပြောပါတယ်။ မြန်မာနိုင်ငံမှာ နိုင်ငံရေးဖြစ်စဉ်ပြောင်းလဲသွားပြီးနောက် ဒီအကျပ်အတည်းကို ဖြေရှင်းရေးအတွက် အားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးရေး၊ အကြမ်းဖက်မှုတွေ ရပ်တန့်ရေးအပါအဝင် ဘုံသဘောတူညီချက်ငါးရပ်ကို အာဆီယံအဖွဲ့က ချမှတ်ခဲ့ပေမယ့် မြန်မာဘက်က အကောင်အထည်ဖော်မှုအားနည်းတဲ့အပေါ် ဝေဖန်မှုတွေလည်းရှိနေပါတယ်။ အာဆီယံအဖွဲ့ခေါင်းဆောင်တွေဟာ ယခုသီတင်းပတ်နှောင်းပိုင်းမှာ အမေရိကန်၊ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျနဲ့ အခြားနိုင်ငံတွေက မိတ်ဖက်တွေနဲ့ ဂျကာတာမှာ ထိပ်သီးဆွေးနွေးကြမှာဖြစ်ပါတယ်။…

Read More

အိန္ဒိယနဲ့ တင်းမာနေစဉ် ဒေလီမှာကျင်းပမယ့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲ တရုတ်သမ္မတရှီကျင်းပင် တက်ရောက်ဖွယ်မရှိ

ဝါရှင်တန်၊ စက်တင်ဘာ-၄-၂၀၂၃ မျိူးဆက်(VOM) တရုတ်သမ္မတရှီကျင်းပင်ဟာ အိန္ဒိယနိုင်ငံ၌ပြုလုပ်မည့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်နိုင်ဖွယ်မရှိဘဲ ဒီကိစ္စအပေါ် စိတ်ပျက်မိကြောင်း အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ သမ္မတရှီကျင်းပင်အစား တရုတ်ဝန်ကြီးချုပ် လီချန်းဟာ ယခုသီတင်းပတ်အတွင်းကျင်းပမယ့် ဂျီ-၂၀ ထိပ်သီးဆွေးနွေးပွဲမှာ တရုတ်နိုင်ငံကိုယ်စားပြုတက်ရောက်မှာဖြစ်ကြောင်း ရိုက်တာသတင်းဌာနက ဖော်ပြထားပါတယ်။ အခုလို တရုတ်သမ္မတမရောက်ခြင်းအတွက် စိတ်ပျက်မိကြောင်း ဒါပေမယ့်လည်း သူနဲ့တွေ့ဆုံသွားဖို့ရှိကြောင်း ဂျိုးဘိုင်ဒင်က သတင်းထောက်တွေကို ပြောကြားခဲ့ပြီး တွေ့ဆုံမယ့်အချိန်ကို ပြောကြားခြင်းမရှိပါဘူး။ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်နဲ့ တရုတ်သမ္မတရှီကျင်းပင်တို့ဟာ အင်ဒိုနီးရှားနိုင်ငံမှာ လွန်ခဲ့တဲ့နှစ်ကကျင်းပခဲ့တဲ့ ထိပ်သီးဆွေးနွေးပွဲမှာ နောက်ဆုံးတွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။ ဂျီ-၂၀ အစည်းအဝေးအတွက် သမ္မတရှီကျင်းပင်ဟာ ဒေလီသို့သွားရောက်မယ်လို့ အစောပိုင်းသတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက မကြာသေးမီကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာတော့ သမ္မတရှီအစည်းအဝေးတက်ရောက်မယ့်ကိစ္စကို အတည်ပြုပြောဆိုခြင်းမရှိခဲ့ပါဘူး။ တရုတ်နဲ့ အိန္ဒိယအကြား ဆက်ဆံရေးဟာ မကြာသေးမီနှစ်တွေအတွင်း ဆိုးရွားနေခဲ့ပြီး အိန္ဒိယနိုင်ငံရဲ့နယ်မြေအချို့ပါဝင်နေတဲ့ တရုတ်နိုင်ငံရဲ့မြေပုံသစ်ကြောင့် အိန္ဒိယနိုင်ငံက လွန်ခဲ့တဲ့ သီတင်းပတ်က ကန့်ကွက်မှုတွေ ပြုလုပ်ခဲ့သည်။…

Read More

ယနေ့ ရွှေဈေး (စက်တင်ဘာ-၄ ရက်)

ယနေ့ ရွှေဈေး (စက်တင်ဘာ-၄ ရက်) Voice of Myanmar -ကမ္ဘာ့ရွှေဈေး တအောင်စ ၁၉၄၅ ဒေါ်လာ -အခေါက်ရွှေ တကျပ်သား (ပြင်ပဈေးကွက်) ရောင်းဈေး ၃၇၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၇၀၀၀၀၀ ကျပ် -၁၅ ပဲရည် တကျပ်သား ရောင်းဈေး ၃၅၅၀၀၀၀ ကျပ် ဝယ်ဈေး ၃၅၀၀၀၀၀ ကျပ် ရွှေဈေးနှုန်းများ အချိန်နှင့်အမျှ ပြောင်းလဲနိုင်သည်။ #voiceofmyanmar #VOM #TodayGoldprice #September4th

Read More

ယူကရိန်းကာကွယ်ရေးဝန်ကြီးကို ထုတ်ပယ်ကြောင်း သမ္မတဇီလန်စကီး ကြေညာ

ကိယက်ဗ်၊ စက်တင်ဘာသ-၄-၂၀၂၃ မျိုးဆက်(VOM) ယူကရိန်းကာကွယ်ရေးဝန်ကြီး အိုလက်ဆီရန်ဇ်နီကော့ဗ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ကြောင်း ယူကရိန်းသမ္မတ ဇီလန်စကီးက ကြေညာလိုက်ပါတယ်။ ကာကွယ်ရေးဝန်ကြီး အိုလက်ဆီရန်ဇ်နီကော့ဗ်ဟာ ၂၀၂၂ ခုနှစ်ဖေဖော်ဝါရီလမှာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်မှုမပြုခင်ကတည်းက ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနကကို ဦးဆောင်ခဲ့တာဖြစ်ပါတယ်။ ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနမှာ ချဉ်းကပ်လုပ်ဆောင်မှုအသစ်တွေပြုလုပ်ဖို့ အချိန်တန်ပြီဖြစ်ကြောင်း ယူကရိန်း သမ္မတဇီလန်စကီးက ညစဉ်မိန့်ခွန်းမှာပြောပါတယ်။ ဝန်ကြီးဌာနတွေအနေနဲ့ ချဉ်းကပ်မှုအသစ်တွေနဲ့အတူ စစ်တပ်နဲ့လူမှုအဖွဲ့အစည်းတွေအကြား အပြန်အလှန်ဆက်ဆံရေးပုံစံသစ်တွေ လိုအပ်နေတယ်လို့ ယုံကြည်ကြောင်း ယူကရိန်းသမ္မတကပြောပါတယ်။ ထုတ်ပယ်ခံလိုက်ရတဲ့ ကာကွယ်ရေးဝန်ကြီးနေရာမှာ အစိုးရအဖွဲ့ထိပ်တန်းတာဝန်ရှိသူတဦးဖြစ်သူ ရပ်စ်တမ်ယူမီရော့ဗ်ကို ခန့်အပ်သွားဖို့ စီစဉ်ထားပါတယ်။ သူဟာ အနောက်အုပ်စုနိုင်ငံတွေနဲ့ သံတမန်ရေးရာ ကောင်းမွန်တဲ့ဆက်ဆံရေး ထူထောင်နိုင်ခဲ့သူဖြစ်ပါတယ်။ အသက် ၅၇ နှစ်အရွယ် ရပ်စ်တမ်ယူမီရောဗ်ဟာ ယူကရိန်းစစ်ပွဲစတင်ပြီးနောက်ပိုင်း လူသိများထင်ရှားလာသူဖြစ်ပြီး ယူကရိန်းနဲ့အနောက်မဟာမိတ်တွေရဲ့အစည်းအဝေးတွေကို ပုံမှန်တက်ရောက်လေ့ရှိသူ့ဖြစ်ပြီး နောက်ထပ်စစ်လက်နက်ပစ္စည်းတွေ အကူအညီရရှိရေးမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့သူဖြစ်ပါတယ်။ Ref: BBC #voiceofmyanmar #VOM #UkraineDefenceMinister…

Read More

စစ်ကိုင်းနဲ့ ဝက်လက်မြို့နယ်ကြား ဒီရက်ပိုင်းအတွင်း လူငယ်အလောင်း ၃၀ နီးပါးတွေ့

စက်တင်ဘာ ၊ ၄ ၊ ၂၀၂၃ SP (VOM) စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်ကြားက ကျေးရွာတွေမှာ ဒီရက်ပိုင်းမှာ ( စက်တင်ဘာ ၁ ရက်ကစလို့) လူငယ်အလောင်း ၃၀ နီးပါး တွေ့ရတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။ ” အသတ်ခံရပြီး ပြန်တွေ့ရတဲ့ သူတွေကတော့ ကျွန်းတောဦးရွာက ကိုညွန့်ဝင်း ၊ ကိုလှိုင်ထွေးအောင် ၊ ကိုကျော်သူမင်း၊ ကိုသူထူးစံနဲ့ ကိုဇင်သူ တို့ ၅ ယောက်ကို သေနတ်ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ရတယ် ၊ အဲ့ဒီအပြင် ခက်ခရွာမှာ ၁ ယောက်၊ ကျွန်းတောဦးရွာမှာ ၇ ယောက်၊ ပေါက္ကားရွာ ၆ ယောက် ၊ မူးမန္တလေး ရွာ မှာ ၁ ယောက် ၊…

Read More

This Day in History

This Day in History Voice of Myanamr အရှေ့တီမော မဲဆန္ဒရှင်များသည် အင်ဒိုနီးရှားနှင့် ဆက်နွယ်မှုများကို အဆုံးသတ်ကာ လွတ်လပ်သောနိုင်ငံဖြစ်လာစေရန် ၁၉၉၉ ခုနှစ် စက်တင်ဘာ ၄ ရက်တွင်ပြုလုပ်သော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ၌ တခဲနက်မဲပေးခဲ့ကြပြီး ၂၀၀၂ ခုနှစ် မေ ၂၀ ရက်တွင် လွတ်လပ်ရေးရရှိခဲ့သည်။ #voiceofmyanmar #VOM #ThisDayInHistory #September4th

Read More

မြဝတီမှာ ပေါက်ကွဲမှုတွေဖြစ်ပြီး ခရိုင်အုပ်ချုပ်ရေးမှုး အပါအဝင် ဝန်ထမ်း ၅ ဦး သေဆုံး ၁၁ ဦး ဒဏ်ရာရ

စက်တင်ဘာ ၊ ၄ ၊ ၂၀၂၃ SP(VOM) ကရင်ပြည်နယ် ၊ မြဝတီခရိုင် ၊ မြဝတီမြို့ ၊ မြဝတီခရိုင် ရဲစခန်းအတွင်းမှာ မနေ့ စက်တင်ဘာ ၃ ရက် ညပိုင်းက ပေါက်ကွဲမှုဖြစ်လို့ လူ ၅ ဦးသေဆုံးပြီး ၊ ၁၁ ဦး ဒဏ်ရာရခဲ့ကြောင်း ပြည်နယ် အစိုးရအဖွဲ့ အသိုင်းအဝိုင်းဆီက သိရပါတယ်။ ” ဖြစ်စဥ်က မနေ့ကညပိုင်း ၇ နာရီ ၂၀ ဝန်းကျင်မှာ ခရိုင်ရဲတပ်ဖွဲ့မှူး နေအိမ်နားနဲ့ အစည်းဝေးခန်းမနားမှာ Drone Bomb ၂ လုံးကျပြီး ပေါက်ကွဲတယ် ၊ အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဥ် နေရာကို ခရိုင် အုပ်ချုပ်ရေးမှူး ဥက္ကဌအဖွဲ့က သွားရောက် စစ်ဆေးတယ် ၊ စစ်ဆေးနေတဲ့အချိနိ Drone Bomb ၂…

Read More
VOM News

FREE
VIEW